မြင့်ကြွယ် (မြို့မ)
မြို့မ-မြင့်ကြွယ် (၁၄ ဧပြီ ၁၉၆၀–၂၆ ဇူလိုင် ၂၀၂၁) သည် စာရေးဆရာ၊သမိုင်းပညာရှင် နှင့် ကရာတေးသိပ္ပံ ကျောင်းအုပ်ဆရာကြီး တစ်ဦး ဖြစ်သည်။ မဟာပညာရေးဘွဲ့၊ မဟာဝံသယုဝပဏ္ဍိတဘွဲ့၊ အင်ဂျင်နီယာ ဒီပလိုမာဘွဲ့ များကို ရရှိခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဆိုရှိကိ ကရာတေး အသင်းတည်ထောင်သူနှင့် မြန်မာနိုင်ငံ၏ပထမဦးဆုံးသော ဂျပန်နိုင်ငံ JKA အသိအမှတ်ပြု ကရာတေး နည်းပြချုပ် ဖြစ်သည်။ ငယ်စဉ်ဘဝအမည်ရင်းမှာ ဦးမြင့်ကြွယ် ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ် ဧပြီလ ၁၄ ရက် တွင် အဖ မြို့မ-ဦးသန်းကြွယ်(ပင်လုံစာချုပ်) နှင့် အမိ ဒေါ်အမာ (ခေါ်) ဒေါ်မြင့်မြင့်ဝင်းတို့မှ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်တွင် မွေးဖွားခဲ့သည်။ ဗုဒ္ဓဘာသာ ဗမာလူမျိုး ဖြစ်သည်။ အလုပ်အကိုင်မြန်မာနိုင်ငံစာရေးဆရာအသင်းအဖွဲ့ဝင် ဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် စာပေဆောင်းပါးများစတင်ရေးသားခဲ့သည်။ ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း တွင် တက်ရောက်ခဲ့သည့်အပြင် မြို့ မ ဟူ သော အမည်ကို ဂုဏ်ယူသောကြောင့် မြို့ မ-မြင့်ကြွယ် ဟူသော ကလောင်အမည် ကို ယူထားခြင်းဖြစ်သည်။ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းပညာရပ်၊ ကရာတေး၊ ဗုဒ္ဓဘာသာ၊ ပညာရေး တို့နှင့် ပတ်သက်သည့် မြန်မာစာပေဆိုင်ရာ စာတမ်း၊ စာအုပ်ပေါင်း (၁၅၀) ကျော်ကို မြန်မာဘာသာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဆိုရှိကိ ကရာတေး အသင်းတည်ထောင်သူနှင့် နည်းပြချုပ် ဖြစ်သည်။ ကရာတေးသိပ္ပံ Institute of Karate ၏ ကျောင်းအုပ်ဆရာကြီးဖြစ်ခဲ့သည်။ ဂျူဒိုပညာကို အဖွဲ့ချုပ် Judo Federation ဖွဲ့စည်းပြီး ဆောင်ရွက်သကဲ့သို့ ကရာတေးပညာကိုလည်း အဖွဲ့ချုပ် Karate Federation အဖြစ် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း နိုင်ငံတော်အစိုးရသို့ စာဖြင့်လည်းကောင်း၊ ၁၉၈၁ ခုနှစ် ဇွန်လ ၈ ရက်နေ့ တွင် ကြေးမုံသတင်းစာမှ လည်းကောင်း စတင်ရေးသားအကြံပြုခဲ့သည်။ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် Burma Karate Federation စနစ်တကျ တရားဝင်ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း နိုင်ငံတော်အစိုးရသို့ စတင်ရေးသားအကြံပြုခဲ့ပြီး ၈ နှစ်နှင့် ၄ ရက်ကြာမှ ၁၉၈၉ ခုနှစ် ဇွန်လ ၁၂ ရက်တွင် "မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ်" (Myanmar Karatedo Federation) ကို နိုင်ငံတော်အစိုးရက တရားဝင်ဖွဲ့စည်းပေးခဲ့သည်။ ![]() ၁၉၈၁ ခုနစ်တွင် ဦးမြင့်ကြွယ် ရေးသားပြုစုခဲ့သော ကရာတေး ဆိုင်ရာ သုတေသနကျမ်း Thesis: Kihon (基本, きほん), Kata (型 or 形), Kumite (組手) The 3 Ks process of Karate အား ဂျပန်ကရာတေး အသင်း (J.K.A 日本 空手 協会; Nihon Karate Kyokai ) ၏ နည်းပြချုပ် ဆရာကြီး မာဆာတိုရှိ နာကာရားမား[၁]က အသိမှတ်ပြု လက်ခံခဲ့သည်။ ဂျပန်ကရာတေး အသင်းမှ ကရာတေးနည်းပြဆရာအဖြစ် အသိမှတ်ပြုခဲ့သည်။ ကရာတေးအသင်းများကို ကျွန်းတောလမ်း စမ်းချောင်းမြို့နယ် တွင်လည်းကောင်း၊ ၃၅၃၊ မြို့မကျောင်းလမ်း အ.ထ.က(၂)ဒဂုံ မြို့ မကျောင်း ဒဂုံမြို့နယ် တွင်လည်းကောင်း၊ ခြံအမှတ်-၇၄ စီ အင်လျားလမ်း၊ ကမာရွတ်မြို့နယ်တွင်လည်းကောင်း၊ နိုင်ငံခြားဘာသာတက္ကသိုလ် ၏ နောက်ဘက်ရှိ အင်းလျားလမ်း ကမာရွတ်မြို့နယ်(ဦးဘဘကြီး) ခြံတွင်လည်းကောင်း၊ ရန်ကုန်ဆေးတက္ကသိုလ် (၁) လိပ်ခုံးခန်းမ ကမာရွတ်မြို့နယ်တွင်လည်းကောင်း၊ ခြံအမှတ်-၁၀၅ ဟယ်လပင်လမ်း (ယခု ပြည်ထောင်စုရိပ်သာလမ်း) ဒဂုံမြို့နယ် တွင်လည်းကောင်း၊ ခြံအမှတ်-၃၀ F အင်လျားလမ်း ကမာရွတ်မြို့နယ်တွင်လည်းကောင်း၊ ဘန်ကောက်မြို့တွင်လည်းကောင်း ၁၉၇၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း တည်ထောင်ဖွင့်လှစ်ပို့ချခဲ့သည်။ ကျောင်းသားကျောင်းသူများ၊ လူငယ်များအား ဆိုရှိကိ တိုက်ခိုက်ရေးပညာများသာမက ဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်တရားနှင့်သက်ဆိုင်သော လူ့ကျင့်ဝတ်ပညာ စသည်တို့ကိုလည်း ပြည်တွင်းပြည်ပတွင် စာတွေ့လက်တွေ့ ပူးတွဲပို့ချပေးခဲ့သည်။ ငွေကြေးချို့တဲ့သူများဆိုပါက အခမဲ့ ကရာတေးသင်ပေးခဲ့သည်။ One-on-one combat training, Two-on-one combat training, Three-on-one combat training, Hand-to-hand combat training, Ground fighting techniques (Street fighting techniques), Intensive combat training, Special bodyguard training, Personal security officer training များ ပြည်တွင်းပြည်ပတွင် ဖွင့်လှစ်ပို့ချခဲ့သည်။[၂][၃][၄] ရန်ကုန်တိုင်း ကရာတေး KUMITE (組手 空手 free sparring) championship ပထမဆု၊ စင်ကာပူနိုင်ငံ အာရှနိုင်ငံများဆိုင်ရာဗုဒ္ဓဘာသာ စာပေဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆု၊ စာပဒေသာ ပထမဆု၊ သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်း ၏ ဂုဏ်ထူးဆောင်စာပေဆု၊ စာပေဗိမာန်စာမူဆု များ ရခဲ့သည်။ မြို့မကျောင်း(၇၅)နှစ်ပြည့်စိန်ရတု (၁၉၂၀-၁၉၉၅) နှင့် ၁၉၉၅ ခုနှစ် ရန်ကုန်တက္ကသိုလ် (၇၅)နှစ်ပြည့် စိန်ရတုပွဲ ကျင်းပခဲ့ရာတွင် သမိုင်းပညာရှင်တစ်ဦး အနေဖြင့် ပါဝင်ခဲ့သည်။ ရေးသားခဲ့သော ထင်ရှားသည့် စာအုပ်စာတမ်းအချို့မှာ
ပြည်ပခရီးများ နှင့် ဘာသာရေး ဆောင်ရွက်ချက်မြို့မ-မြင့်ကြွယ်သည် ၁၉၈၇ မှ ၂၀၁၅ ခုနှစ်အတွင်း စင်ကာပူ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်၊ ဂျာမနီ၊ အင်္ဂလန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ နယ်သာလန် စသော နိုင်ငံများသို့ လှည့်လည် သွားရောက်ခဲ့သည်။ သင်တန်းများ တက်ရောက်ခဲ့သည်။ သင်တန်းများလည်း ပို့ချခဲ့သည်။ အထူးသဖြင့် ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို ကိုယ်တိုင် လိုက်နာကျင့်ကြံခဲ့ပြီး၊ ပြည်တွင်း၊ ပြည်ပ၌လည်း မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် လူငယ်များအတွက် ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို ရေးသားဖြန့်ဖြူး ဟောပြောပို့ချခဲ့သည်။[၁၁][၁၂] မိသားစုဖခင်ဖြစ်သူ မြို့မ-ဦးသန်းကြွယ်(ပင်လုံစာချုပ်) နှင့် အမိ ဒေါ်အမာ (ခေါ်) ဒေါ်မြင့်မြင့်ဝင်းတို့မှ မွေးဖွားခဲ့သည်။ မွေးချင်း မောင်နှမ ၄ ဦး(ဒေါ်ခင်မာကြွယ်၊ ဦးဌေးကြွယ်၊ ဒေါ်မြမြသန်း၊ ဦးမြင့်ကြွယ် (မြို့မ-မြင့်ကြွယ်)) တွင် အငယ်ဆုံးသား ဖြစ်သည်။ မြို့မ-ဦးသန်းကြွယ် သည် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး ( ဖဆပလ)တွင် ၁၉၄၂ မှ ၁၉၄၈ အထိ အဖွဲ့ဝင်နှင့် အမှုဆောင်အဖြစ် ဦးဆောင် တာဝန်ယူပါဝင်သူ ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြို့မ-ဦးသန်းကြွယ်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင်လည်း ပါဝင် ဦးဆောင်ခဲ့သည်။ သူ၏ဖခင် မြို့မ-ဦးသန်းကြွယ် သည် တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်ရာတွင် ဗိုလ်သန်းကြွယ်၊ သခင်သန်းကြွယ်၊ မြို့မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်) အမည်ဖြင့် ထင်ရှားသည်။[၁၃] အမိ ဒေါ်အမာ (ခေါ်) ဒေါ်မြင့်မြင့်ဝင်း၏ မိခင်မှာ ဒေါ်တင်လှ (ဝိုင်အမ်ဘီအေ နာယက၊၊ သမာဓိ မြို့ဝန်ပန်းကန်စက်ဦးသော် ၏ညီမအရင်း) ဖြစ်သည်။ ဒေါ်တင်လှ နှင့် ပန်းကန်စက်ဦးသော် တို့မောင်နှမ(၂) ဦးမှာ မြန်မာ့သမိုင်းတွင် ထင်ရှားသော ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းနှင့် စစ်သူကြီး မင်းကြီးမဟာသီဟသူရ[၁၄] တို့ ၏(၂)ဆက်မြောက်မြေးတော်များဖြစ်သည်။[၁၅][၁၆][၁၇][၁၈] မြို့မ-မြင့်ကြွယ်သည် ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်တွင် ဒေါ်ခိုင်ခိုင်ဝင်း နှင့် လက်ထပ်ခဲ့သည်။ မသော်တာဝင်း နှင့် မစုစုစံ ဟူ၍ သမီး ၂ ဦး ထွန်းကားခဲ့သည်။ ကွယ်လွန်ခြင်းမြို့မ-မြင့်ကြွယ်သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ် နေအိမ်၌ ကိုဗစ် ၁၉ ဖြင့် ကွယ်လွန်ခဲ့သည်။ ဓာတ်ပုံများ
ဆက်စပ်ဖတ်ရှုရန်ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia