မြင့်ဟန် (တရားသူကြီး)

တရားလွှတ်တော်တရားသူကြီး

မြင့်ဟန်
ချင်းပြည်နယ် တရားလွှတ်တော်
တရားလွှတ်တော်တရားသူကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ နိုဝင်ဘာ ၂၀၂၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၃
မိတ္ထီလာမြို့၊ မန္တလေးတိုင်းဒေသကြီး

တရားလွှတ်တော်တရားသူကြီး ဦးမြင့်ဟန် ကို ၁၉၆၃ ခုနှစ်တွင် မိတ္ထီလာမြို့၌ မွေးဖွားခဲ့သည်။ ၎င်းသည် ၁၉၈၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (စာပေးစာယူသင်တန်း) မှ ဥပဒေဘွဲ့ ရရှိခဲ့သည်။[]

ဝန်ထမ်းဘဝ

ဦးမြင့်ဟန်သည် တရားရေးဝန်ထမ်းဘဝကို ၁၉၉၁ ခုနှစ်တွင် တရားရေးဝန်ထမ်းအဆင့် (၄) အဖြစ် စတင်ခဲ့သည်။ ထို့နောက် အဆင့်ဆင့် ရာထူးတိုးမြှင့်ခံခဲ့ရပြီး ချင်းပြည်နယ်တရားရေးဦးစီးမှူးအဆင့်အထိ တရားရေးဝန်ထမ်းလုပ်သက် (၃၀) နှစ်တိတိ တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီး အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

မိသားစု

ဦးမြင့်ဟန်သည် အိမ်ထောင်ရှိပြီး သား (၂) ဦးနှင့် သမီး (၂) ဦး ထွန်းကားခဲ့သည်။

ကိုးကား

  1. တရားသူကြီး ဦးမြင့်ဟန်။ High Court of Chin State။ 2025-6-7 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya