ချင်းပြည်နယ် တရားလွှတ်တော်

ချင်းပြည်နယ်တရားလွှတ်တော်
High Court of the Chin State
နိုင်ငံမြန်မာနိုင်ငံ
တည်နေရာဟားခါးမြို့
လုပ်ပိုင်ခွင့်ပြုခြင်းဖွဲ့စည်းပုံအခြေခံဥပဒေ
ရာထူးနေရာ
ဝက်ဘ်ဆိုဒ်chin.hc.gov.mm
တရားသူကြီးချုပ်
လက်ရှိဦးနေစိုး
စတင်တာဝန်ထမ်းဆောင်၁ နိုဝင်ဘာ ၂၀၂၁

ချင်းပြည်နယ်တရားလွှတ်တော် သည် ချင်းပြည်နယ်တွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၉)ရုံးရှိသည်။

သမိုင်းကြောင်း

၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် ချင်းပြည်နယ်တရားရုံးကို ချင်းပြည်နယ်တရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၂)ဦး စုစုပေါင်း (၃)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

တည်နေရာ

ချင်းပြည်နယ်တရားလွှတ်တော်သည် ဟားခါးမြို့တွင် တည်ရှိသည်။

တရားလွှတ်တော်တရားသူကြီးချုပ်များ(၂၀၁၁မှ လက်ရှိ)

  • ဦးဝင်းမြင့်ကျော်(၃၀-၃-၂၀၁၁မှ ၃၁-၁၀-၂၀၂၁)
  • ဦးနေစိုး(၁-၁၁-၂၀၂၁မှ လက်ရှိ)

ဖွဲ့စည်းပုံ

ချင်းပြည်နယ်တရားလွှတ်တော်ကို ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၉)ရုံးဖြင့် ဖွဲ့စည်းထားသည်။[]

ခရိုင်တရားရုံးများ

  • ဟားခါးခရိုင်တရားရုံး
  • ဖလမ်းခရိုင်တရားရုံး
  • မင်းတပ်ခရိုင်တရားရုံး
  • မတူပီခရိုင်တရားရုံး

မြို့နယ်တရားရုံးများ

  • ဟားခါးမြို့နယ်တရားရုံး
  • ထန်တလန်မြို့နယ်တရားရုံး
  • ဖလမ်းမြို့နယ်တရားရုံး
  • တီးတိန်မြို့နယ်တရားရုံး
  • တွန်းဇံမြို့နယ်တရားရုံး
  • မင်းတပ်မြို့နယ်တရားရုံး
  • ကန်ပက်လက်မြို့နယ်တရားရုံး
  • မတူပီမြို့နယ်တရားရုံး
  • ပလက်ဝမြို့နယ်တရားရုံး

တရားသူကြီးများ

၂၀၂၀ပြည့်နှစ်တွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ရှိသည်။

ကိုးကား

  1. ချင်းပြည်နယ်တရားလွှတ်တော်။ ၂၀၂၀ပြည့်နှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya