မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်
မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သည် မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာ ကူးသန်းသွားလာနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်မှထုတ်ပေးသော နိုင်ငံကူးလက်မှတ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေးသည်။[၁]၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံသား ၁ သန်းခန့်ကို နိုင်ငံကူးလက်မှတ်ထုတ်ပေးခဲ့ပြီဖြစ်သည်။[၂] နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများယခင်က ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင်သာ ထုတ်ပေးခဲ့ရာမှ ၂၀၁၄ခုနှစ်မှစ၍ ပြည်နယ်နှင့်တိုင်းမြို့တော်များအပါအဝင် နေပြည်တော်၌ပါ ရုံးများဖွင့်လှစ်ခဲ့သဖြင့် ယခုအခါတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (၁၅)ရုံးရှိသည်။[၃] ၂၀၂၂ ခုနှစ်တွင် လျှောက်ထားသူများအတွက် ရက်ချိန်းကြိုတင်ရယူနိုင်သော QR code စနစ်ကို စတင်အသုံးပြုခဲ့သည်။[၄] အမျိုးအစားများလက်ရေးဖြင့်ရေးသားထားသော နိုင်ငံကူးလက်မှတ်ကို စက်ဖြင့်ဖတ်ရှုနိုင်သော နိုင်ငံကူးလက်မှတ်အဖြစ် ၂၀၁၀ ပြည့်နှစ် ဧပြီလတွင် အဆင့်မြှင့်တင်ခဲ့သည်။[၅] ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပေးသော နိုင်ငံကူးလက်မှတ်များတွင် အဓိက သုံးမျိုးရှိပြီး အစိုးရဝန်ထမ်းများအတွက် အစိမ်းရောင်၊ သံတမန်များအတွက် အပြာရောင်နှင့် ကျန်နိုင်ငံသားများအားလုံးအတွက် အနီရောင်ဟူ၍ ဖြစ်သည်။[၆] အနီရောင်နိုင်ငံကူးလက်မှတ်များ၏ သက်တမ်းမှာ ၅ နှစ်ဖြစ်ပြီး အစိမ်းရောင်၏ သက်တမ်းမှာ သုံးနှစ် ဖြစ်သည်။[၇] ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသားများအတွက် အရောင်များဖြင့် ခွဲခြားထားသော နိုင်ငံကူးလက်မှတ် အမျိုးအစား ကိုးမျိုးကို ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ ယင်းအမျိုးအစား (၉)မျိုးမှာ
နိုင်ငံကူးလက်မှတ်တွင် ပါရှိသော အချက်အလက်များသက်သေခံအချက်အလက်များမြန်မာ နိုင်ငံကူးလက်မှတ်တွင် အောက်ပါအချက်အလက်များ ပါရှိသည်။
ဘာသာစကားသက်သေခံအချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထားပြီး နိုင်ငံကူးလက်မှတ်စာအုပ်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားသည်။ ပြည်ဝင်ခွင့် လိုအပ်ချက်များVisa requirements![]() မြန်မာနိုင်ငံ ဗီဇာကင်းလွတ်ခွင့် ဆိုက်ရောက်ဗီဇာ အီလက်ထရွန်းနစ်ဗီဇာ ဆိုက်ရောက်ဗီဇာ သို့မဟုတ် အွန်လိုင်းဗီဇာလျှောက်ထားနိုင်သည် ဗီဇာလျှောက်ထားရန် လိုအပ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ပုံမှန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများသည် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို့ ပြည်ဝင်ခွင့် မလိုအပ်ဘဲ သွားရောက်နိုင်သည်။ ရက် ၃၀ နေထိုင်ခွင့်ပေးသော ဖိလစ်ပိုင်နှင့် စင်္ကာပူမှလွဲ၍ ကျန်နိုင်ငံများတွင် ၁၄ ရက် ဝင်ရောက်နေထိုင်ခွင့်သည်။[၉] မော်လ်ဒိုက်နှင့် မကာအိုတို့တွင် မြန်မာနိုင်ငံသားများအတွက် ဆိုက်ရောက်ဗီဇာရရှိနိုင်ပြီး အိန္ဒိယနိုင်ငံသို့ အီလက်ထရွန်းနစ်ဗီဇာဖြင့် ဝင်ရောက်နိုင်မည်ဖြစ်သည်။[၁၀][၁၁][၁၂][၁၃][၁၄][၁၅][၁၆][၁၇][၁၈]
ယခင်နိုင်ငံကူးလက်မှတ်များ
ကိုးကား
|
Portal di Ensiklopedia Dunia