မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်
မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် (အင်္ဂလိပ်: Myanmar Paralympic Sports Federation) သည် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ လက်အောက်ရှိ မသန်စွမ်းသူများဆိုင်ရာ အားကစားအဖွဲ့ချုပ်တစ်ခုဖြစ်သည်။ အခြားနိုင်ငံများကဲ့သို့ အမျိုးသား ပါရာလမ်းပစ်ကော်မတီ မထားရှိပဲ အားကစားအဖွဲ့ချုပ်သာထားရှိပြီး အိုလံပစ်ကော်မတီ၏ လက်အောက်တွင် ထားရှိသည်။[၁]မြန်မာနိုင်ငံ ပါရာလမ်းပစ်ကော်မတီကိုမူ ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေဆဲဖြစ်သည်။[၂] မသန်သော်လည်း စွမ်းသည် ဟူသော စကားရပ်နှင့်အညီ မသန်စွမ်းသူများ အားကစားနည်းများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် စွမ်းဆောင်နေသော အားကစားအဖွဲ့ချုပ်တစ်ခုဖြစ်သည်။ အားကစားအဖွဲ့ချုပ်သည် ယခင်က ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းအားကစားကွင်းတွင် တည်ရှိသည်။ နောက်ပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် သို့ပြောင်းရွှေ့ခဲ့သည်။[၃] သမိုင်းကြောင်းမြန်မာနိုင်ငံရှိ မသန်စွမ်းသူများ အားကစားနည်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် ကိုယ်လက်ကြံ့ခိုင်စေရန်အတွက် မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ကို ၁၉၈၉ခုနှစ်တွင် အားကစားဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများအားကစားပွဲကို ၁၉၉၀ပြည့်နှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့သည်။[၄] ၂၀၀၁ခုနှစ်တွင် အာဆီယံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် တည်ထောင်ရာတွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ကာ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲများကို အကြိမ်တိုင်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[၅] ၂၀၁၄ခုနှစ်တွင် မသန်စွမ်းသူများအတွက် စခန်းသွင်းအားကစားလေ့ကျင့်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင် အားကစားစခန်းဖွင့်လှစ်ပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ခုနှစ်တွင် (၇)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။ ဥက္ကဋ္ဌများ
အောင်မြင်မှုများမြန်မာနိုင်ငံ မသန်စွမ်းအားကစားသမားများအနေဖြင့် ပြည်တွင်းပြိုင်ပွဲများအပြင် နိုင်ငံတကာပွဲတော်များတွင်ပါ ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။[၆]အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၊ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၊ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲများတွင်ပါ ဆုတံဆိပ်များ ရရှိခဲ့သည်။[၇][၈]၂၀၁၈ခုနှစ်အထိ နိုင်ငံတကာအားကစားပွဲများမှ ဆုတံဆိပ် (၇၈၆)ခု ရရှိထားသည်။[၉][၁၀] မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ (ပါရာလမ်းပစ်)
အာရှမသန်စွမ်းအားကစားပြိုင်ပွဲအောက်ပါစာရင်းမှာ အာရှ မသန်စွမ်း အားကစားပြိုင်ပွဲအပြင် ထိုပြိုင်ပွဲ၏ ယခင်အမည်ဖြစ်သော အရှေ့ဖျားနှင့် တောင်ပစိဖိတ်ဒေသ မသန်စွမ်းအားကစားပြိုင်ပွဲ (FESPIC Games) တွင် ယှဉ်ပြိုင်ခဲ့မှုများပါ ပါဝင်သည်။
အာရှ လူငယ်မသန်စွမ်း အားကစားပြိုင်ပွဲ
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ
ကိုးကား
|
Portal di Ensiklopedia Dunia