၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
၂၀၁၅ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် စင်ကာပူတွင် ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ ကျင်းပသော အဌမအကြိမ် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်သည်။ စင်ကာပူနိုင်ငံအနေဖြင့် ပထမဆုံး လက်ခံကျင်းပခြင်းဖြစ်ပြီး ၂၀၁၅စင်ကာပူဆီးဂိမ်း အပြီး ၆ လအကြာတွင် ကျင်းပခဲ့သည်။ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် မြန်မာတို့အပြီး သတ္တမမြောက် အိမ်ရှင်နိုင်ငံဖြစ်သည်။ အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ အားကစားသမား ၁၈၁၁ ဦးမှ အားကစားနည်း ၁၅ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့က ပထမ၊ ဒုတိယနှင့် တတိယရရှိခဲ့သည်။ လက်ခံကျင်းပခြင်းစင်ကာပူနိုင်ငံသည် ၂၀၀၇နှင့် ၂၀၁၃ ဆီးဂိမ်းများကို လက်ခံကျင်းပရန် အခွင့်အရေးရရှိခဲ့သော်လည်း အားကစားကွင်းများ ဆောက်လုပ်ရန်ရှိသဖြင့် ၂၀၁၅ဆီးဂိမ်းကိုသာ လက်ခံကျင်းပခဲ့သည်။ ထို့အတွက် ၂၀၁၅ ပါရာဂိမ်းမှသာ လက်ခံကျင်းပနိုင်ခဲ့သည်။ စင်ကာပူ အာဆီယံပါရာဂိမ်း ကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။ ကွင်းများ![]() ၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို နေရာ ၈၁၄ နေရာတွင်ကျင်းပခဲ့သည်။
ပြိုင်ပွဲအထိမ်းအမှတ်များအထိမ်းအမှတ်တံဆိပ်၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ၂၀၁၅ ဆီးဂိမ်းကဲ့သို့ ဆွဲထားသည်။ လူ ၃ ယောက်၏လက်မောင်းများမှာ အချင်းချင်းဆက်သွယ်ထားပြီး အသည်းပုံစံဖြစ်နေသည်။ နိုင်ငံတကာ မသန်စွမ်းလှုပ်ရှားမှုများ၏ အနှစ်သာရ ဖြစ်သည်။ လာဘ်ကောင်၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ နီလာ ဆိုသော ခြင်္သေ့ဖြစ်သည်။ ပွဲများနှင့်အားကစားဖွင့်ပွဲ၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲကို ဒီဇင်ဘာ ၃ ရက်နေ့ ည ၈ နာရီက စင်ကာပူမိုးလုံလေလုံအားကစားရုံတွင် ကျင်းပခဲ့သည်။ သမ္မတ တိုနီတန်းက ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ ပိတ်ပွဲ၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ပိတ်ပွဲကို ဒီဇင်ဘာ ၉ ရက်နေ့ ည ၈ နာရီတွင် မာရီနာဘေးဆန့်တွင် ကျင်းပခဲ့သည်။ ဝန်ကြီးချုပ် လီရှန်လွန်းက အားကစားပွဲတော်ကို ပိတ်သိမ်းပေးခဲ့သည်။ ထို့နောက် ၂၀၁၇ကွာလာလမ်ပူပွဲတော် ကျင်းပမည့် မလေးရှားနိုင်ငံကို အားကစားရေးရာများ လွှဲပြောင်းပေးခဲ့သည်။ ပါဝင်သောနိုင်ငံများ
ပါဝင်ခြင်းမရှိ
ပါဝင်သောအားကစားနည်းများ၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် အားကစားနည်းပေါင်း ၁၅ မျိုးကျင်းပနိုင်ခဲ့သည်။
ဆုတံဆိပ်ဇယား၂၀၁၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၃၆ခု၊ ငွေတံဆိပ် ၃၂၄ ခု၊ ကြေးတံဆိပ် ၃၂၁ ခု၊ စုစုပေါင်းဆုတံဆိပ် ၉၈၁ ခု ချီးမြှင့်နိုင်ခဲ့သည်။
* အိမ်ရှင်နိုင်ငံ
ဆက်စပ်ကြည့်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia