အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် အာဆီယံနိုင်ငံများအကြား ၂ နှစ်တစ်ကြိမ် ကျင်းပသည့် အားကစားပွဲတော် ဖြစ်သည်။ ပြိုင်ပွဲဝင် မသန်စွမ်းသူများတွင် သွက်ချာပါဒ၊ လေဖြန်း၊ခြေ၊ လက်မသန်စွမ်း၊ အမြင်၊ အကြားချို့တဲ့ခြင်း စသည့် မသန်စွမ်းမှုအမျိုးမျိုး ခံစားနေရသူများ ပါဝင်သည်။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်း အားကစားအဖွဲ့ချုပ်၊ အာရှ မသန်စွမ်းအားကစားအဖွဲ့ချုပ်များ၏ ကြီးကြပ်မှုအောက်တွင် အာဆီယံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည်။ သမိုင်းကြောင်း၂၀၀၀ ပြည့်နှစ် မေလတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ကျင်းပသော မလေးရှားနိုင်ငံလုံးဆိုင်ရာ မသန်စွမ်း အားကစားပြိုင်ပွဲသို့ ကြွရောက်လာသော အာဆီယံနိုင်ငံများမှ ဧည့်သည့်တော်များသည် အာဆီယံမသန်စွမ်းအားကစားပွဲနှင့် ပတ်သက်၍ အစည်းအဝေးလုပ်ကြသည်။ မလေးရှား မသန်စွမ်းအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌမှ အားကစားပွဲတော်ကျင်းပရန် ရည်ရွယ်ချက်များကို တင်ပြခဲ့သည်။ မသန်စွမ်းအားကစားပွဲတော်ကို အရှေ့တောင်အာရှ အားကစားပွဲတော်ပြီးတိုင်း ကျင်းပမည်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအကြား ချစ်ကြည်မှု ပိုမိုတိုးမြှင့်ရန်နှင့် မသန်သော်လည်းစွမ်းသောသူတို့၏ အရည်အသွေးကို မြှင့်တင်ပေးရန်ဖြစ်သည်။ အာဆီယံ ၁၀ နိုင်ငံမှာ မူလအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည်။၂၀၀၁ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင် အားလုံးသဘောတူညီခဲ့ပြီး အောက်တိုဘာ ၂၃ တွင် အရှေ့တောင်အာရှ မသန်စွမ်း အားကစားအဖွဲ့ချုပ် စတင်ပေါ်ပေါက်လာသည်။ ထိုအဖွဲ့အမည်ရွေးချယ်သည့် ထိုင်း မသန်စွမ်းအားကစား ကော်မတီ ဥက္ကဋ္ဌမှာ အဖွဲ့၏ပထမဆုံး ဥက္ကဋ္ဌဖြစ်လာသည်။ ပထမဆုံးအားကစားပွဲတော်ကို ၂၀၀၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည်။ အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ အားကစားသမား ၇၀၀ မှ အားကစားနည်း ၂ မျိုးတွင် ယှဉ်ပြိုင်ခဲ့ကြသည်။ ၂၀၀၃ ဗီယက်နမ်ပွဲတော်တွင် အရှေ့တီမောကို အရံနိုင်ငံအဖြစ် ထည့်သွင်းခဲ့သည်။ အထိမ်းအမှတ်တံဆိပ်အထိမ်းအမှတ်တံဆိပ်မှာ အာဆီယံအလံ၏ အမှတ်အသားကိုယူထားသည်။ ထိပ်တွင် ၁၉၉၄ မှ ၂၀၀၄ အထိ မသန်စွမ်းအမှတ်တံဆိပ်ဖြစ်သော အမှတ်အသား ၃ ခုပါသည်။ အာဆီယံအမှတ်တံဆိပ်ကို အောင်မြင်မှုပန်း ၂ ခက် (ပုန်းညှက်ပန်း) မှ ဝန်းရံထားသည်။ ထိုတံဆိပ်ကို ၂၀၀၈ မှစ၍သုံးခဲ့သည်။ ယခင်တံဆိပ်မှာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံကို အနီရောင်ဖြင့် ရေးဆွဲထားပြီး ပါဝင်သော ၁၁ နိုင်ငံကို ကိုယ်စားပြုသော ကွင်း ၁၁ ကွင်း ဖြစ်သည်။ ![]() ပါဝင်သောနိုင်ငံများ
ပွဲတော်များ၂၀၀၁ ခုနှစ်မှ၂၀၂၃ ခုနှစ်အထိ နိုင်ငံ ၈ နိုင်ငံမှ ၁၂ ကြိမ် လက်ခံကျင်းပပြီး ဖြစ်သည်။ ၂၀၀၉ ပွဲတော်ကို လာအိုတွင် ကျင်းပရန်ရှိသော်လည်း ဘဏ္ဍာရေးအခြေအနေအရ မလေးရှားမှ လက်ခံကျင်းပခဲ့သည်။ မလေးရှားမှ ၃ ကြိမ် (၂၀၀၁၊ ၂၀၀၉၊ ၂၀၁၇)၊ အင်ဒိုနီးရှားမှ ၂ ကြိမ် (၂၀၁၁၊ ၂၀၂၂)၊ ဖိလစ်ပိုင်မှ ၁ ကြိမ် (၂၀၀၅)၊ ဗီယက်နမ်မှ ၁ ကြိမ် (၂၀၀၃)၊ ထိုင်းမှ ၁ ကြိမ် (၂၀၀၈)၊ မြန်မာမှ ၁ ကြိမ် (၂၀၁၄)၊ စင်ကာပူမှ ၁ ကြိမ် (၂၀၁၅)၊ ကမ္ဘောဒီးယားမှ ၁ကြိမ် (၂၀၂၃) တို့ ဖြစ်သည်။ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပသည့်မြို့များ
အားကစားနည်းများ၂၀၀၁ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ မသန်စွမ်းသူများအတွက် ဖန်တီးထားသော အားကစားနည်းများအနက် (၂၀)နည်းကို ယှဉ်ပြိုင်ခဲ့ကြသည်။
ဆုတံဆိပ်ဇယား၂၀၂၂ ခုနှစ် အင်ဒိုနီးရှားရှားပွဲတော်အထိ စုစုပေါင်း ဆုတံဆိပ် ၉၄၉၅ ခု ချီးမြှင့်နိုင်ခဲ့သည်။
ကိုးကား |
Portal di Ensiklopedia Dunia