ဆုပေးပွဲ အခမ်းအနား
အကယ်ဒမီဆုပုံ
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက်နှစ်စဉ်ချီးမြှင့်သော ရုပ်ရှင်ထူးချွန်ဆုဖြစ်သည်။
သမိုင်းကြောင်း
မြန်မာနိုင်ငံတွင် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းသည် ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ထွန်းလာခဲ့ပြီး ပထမဆုံး အကယ်ဒမီ ထူးချွန်ဆုပေးအပ်သည့် ခုနှစ်မှာ ၁၉၅၂-ခုနှစ် ဖြစ်သည်။
ပထမဆုံးအကြိမ်ဖြစ်သည့် ၁၉၅၂ အတွက် အကယ်ဒမီဆုပေးပွဲကို ရန်ကုန်မြို့၊ မြို့တော်ခန်းမတွင် ၁၉၅၃ မတ်လ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျင်းပခဲ့သည်။ [၁]
၁၉၅၂-ခုနှစ်နှင့် ၁၉၅၃-ခုနှစ်တို့တွင် ဇာတ်ကားဆု (၃)ဆု၊ ပညာသည်ဆု (၂)ဆုဖြင့် စုစုပေါင်း ထူးချွန်ဆု(၅)ဆု ချီးမြှင့်ခဲ့သည်။
- ပထမအကောင်းဆုံးဇာတ်ကားဆု - (ရွှေကိန္နရီရုပ်)
- ဒုတိယအကောင်းဆုံးဇာတ်ကားဆု - (ငွေဒေါင်းရုပ်)
- တတိယအကောင်းဆုံးဇာတ်ကားဆု - (ကြေးခြင်္သေ့ရုပ်)
- အကောင်းဆုံးအမျိုးသားပညာသည်ဆု - (ရွှေရင်ထိုး)
- အကောင်းဆုံးအမျိုးသမီးပညာသည်ဆု - (ရွှေရင်ထိုး)
၁၉၅၂-ခုနှစ်တွင် ပထမဆုံးအကြိမ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဗြိတိသျှဘားမားရုပ်ရှင် ဒါရိုက်တာရွှေဒုံးဘီအောင်၏ ‘မာလာရီ’ ဇာတ်ကား၌ အကောင်ဆုံးသရုပ်ဆောင်ထားသော ကျော်ဝင်း မှာ ပထမဆုံးအမျိုးသား ဇာတ်ဆောင်ဆု ကိုရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ပထမဆုံး ဆုချီးမြှင့်ခြင်း ခံရသည့် ဇာတ်ကားမှာ အေဝမ်းဖလင်မှ ဒါရိုက်တာမောင်တင်မောင် ရိုက်ကူးသော ‘ချစ်သက်ဝေ’ ဇာတ်ကားဖြစ်သည်။ အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်ကြည်ကြည်ဌေးမှာ မြန်မာ့ပထမဆုံး အမျိုးသမီးထူးချွန်ဆုကို ရရှိခဲ့သည်။
၁၉၅၄-ခုနှစ်တွင် ပထမဆုံးချီးမြှင့်သော ဒါရိုက်တာထူးချွန်ဆုကို ‘ဩော်မိန်းမ’ ဇာတ်ကားရိုက်ကူးသူ ဦးသုခမှ ရရှိခဲ့သည်။ အဆိုပါဇာတ်ကားဖြင့်ပင် ဦးသုခသည် အကောင်းဆုံးဇာတ်ကားဆု (ဒုတိယ) ကိုရရှိခဲ့သည်။
၁၉၅၅-ခုနှစ်တွင် ဇာတ်ကားထူးချွန်ဆုကို ပထမ၊ ဒုတိယ၊ တတိယ မခွဲတော့ဘဲ အကောင်းဆုံး ဇာတ်ကားဆု တစ်ဆုတည်းကိုသာ ချီးမြှင့်ခဲ့သည်။ အမျိုးသားပညာသည်ဆု၊ အမျိုးသမီးပညာသည်ဆု၊ ဒါရိုက်တာဆုများကို ပေးအပ်နေခြင်းဖြစ်ရာ အထူးဆုအနေဖြင့် ဝင်းမာမှ ‘ဖိုးပြုံးချို’ ဇာတ်ကားဖြင့် ၁၉၅၅-ခုနှစ်တွင် ပထမဆုံးချီးမြှင့်ခြင်း ခံရပြန်သည်။
၁၉၅၆-ခုနှစ်တွင် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုအဖြစ် ထပ်တိုးချီးမြှင့်ခဲ့ပြီး ဦးချစ်ဖွယ်မှ ‘လွမ်းငွေ့တဝေဝေ’ ဇာတ်ကားဖြင့် ရရှိခဲ့သည်။
၁၉၆၂-ခုနှစ်တွင် ထူးထူးခြားခြားစတင်ပေးအပ်ခဲ့သည့် ဆုမှာ ဇာတ်ပို့ဆုဖြစ်သည်။ ဇာတ်တစ်ခုလုံးကို အထမြောက်အောင် ပို့ပေးရသော သရုပ်ဆောင်များအဖြစ် ဦးကျောက်လုံး နှင့် ဒေါ်မေနွဲ့ တို့မှ ‘အတွေ့’ ဇာတ်ကားကြီးဖြင့် အကောင်းဆုံး ဇာတ်ပို့ဆုများ အဦးဆုံး ရရှိခဲ့ကြသည်။
မှတ်မှတ်ရရ ရုပ်ရှင်သမိုင်းတွင် ချန်လှပ်ထားမရသော သရုပ်ဆောင်မှာ ဝင်းမာ ဖြစ်သည်။ ဝင်းမာသည် ၁၉၅၅-ခုနှစ်တွင် ‘ဖိုးပြုံးချို’ ဇာတ်ကားဖြင့် ပထမဆုံး အထူးဆု (ကလေးသရုပ်ဆောင်ဆု) ကိုရရှိခဲ့သည်။
၁၉၉၁-ခုနှစ်တွင် ရွှေကိန္နရီရွှေစင်ရုပ်ဆု အပြင် ငွေသားနှစ်သောင်းကို ချီးမြှင့်ခဲ့သည်။ ဇာတ်ကားတစ်ကားတွင် အများဆုံး အထောက်အပံ့ ပေးနိုင်သော ဆုတစ်ဆုရှိသည်။ ထိုဆုမှာ ပရိသတ် ကို ငိုအောင် ရီအောင်၊ ရင်ခုန်လှုပ်ရှားမှုကို သရုပ်ဖော်သည့် တေးဂီတဆုဖြစ်သည်။ အဆိုပါဆုကို မြန်မာ့နိုင်ငံ၏ ဂီတဖခင်ကြီး တစ်ဦးဖြစ်သည့် ဂီတလုလင်မောင်ကိုကို မှ ၁၉၉၁-ခုနှစ်တွင် ‘ မယ်သီတာလို မိန်းကလေး’ ဇာတ်ကားဖြင့် ပထမဆုံး ရရှိခဲ့သည်။
အကယ်ဒမီရွှေစင်ရုပ်တု ဓာတ်ပုံ
၁၉၉၃-ခုနှစ်တွင် ငွေသားနှစ်သောင်းကို ချီးမြှင့်ခြင်း မပြုတော့ဘဲ ရွှေကိန္နရီရုပ်တွင် တပ်ဆင်သော ငွေကြယ်အစား ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ရွှေကြယ်ကို တပ်ဆင်ချီးမြှင့်ခဲ့သည်။
ရှားရှားပါးပါး ပရိသတ်သတိမထားနိုင်သည့် ပညာသည်ဆုတစ်ဆုကို ၁၉၉၄-ခုနှစ်တွင် ရုပ်ရှင်သမိုင်း၌ ထပ်တိုးချီးမြှင့် ခဲ့သေးသည်။ ထိုဆုမှာ ရုပ်ရှင်အသံဆုဖြစ်သည်။ ပထမဆုံးရုပ်ရှင် အသံဆုကို ဦးခင်ဦးမှ ‘သရဖူ’ဇာတ်ကားဖြင့် ရရှိခဲ့သည်။
ဇာတ်ကားတစ်ကားလုံး အကောင်းဆုံးကြည့်ရှုနိုင်အောင် အပြတ်အတောက်မရှိအောင် စွမ်းဆောင်ပေးနေသော သူများမှာ ရုပ်ရှင်ဇာတ်ကားတည်းဖြတ်သူများဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားတစ်ကား၏ အဆင့်အတန်းကို ဖော်ပြနေသော တည်းဖြတ် ဆုကို ၁၉၉၇-ခုနှစ်တွင် ချီးမြှင့်ခဲ့ပြီး ဦးမြင့်ခိုင်(မော်ကွန်းရုပ်ရှင်)မှ ‘သူ့ကျွန်မခံပြီ’ ဇာတ်ကားဖြင့် ပထမဆုံးရရှိခဲ့သည်။
ရုပ်ရှင်ထူးချွန်ဆုကျင်းပခဲ့သည့်နေရာများ
၁၉၅၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားများကို မြို့တော်ခန်းမ၊ ရန်ကုန်မြို့ ဝိဇယရုပ်ရှင်ရုံ၊ ရုပ်ရှင်မြှင့်တင်ရေး၊ နတ်မောက်လမ်း၊ စက်မှု လက်မှု အထက်တန်းကျောင်း၊ ဝင်္ကဘာလမ်း ရုပ်ရှင်ပြဇာတ်အစည်းအရုံး၊ ရွှေတိဂုံဘုရားလမ်း ဂျူးဗလီဟောဝင်း၊ မြန်မာ့အသံမြက်ခင်းပြင်နှင့် ယဉ်ကျေးမှုလဟာပြင်ကဇာတ်ရုံတို့တွင် လည်းကောင်း၊ ၁၉၈၉ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ''နဝဒေး" ရုပ်ရှင်ရုံ၊ အမျိုးသားကဇာတ်ရုံ၊ သုဝဏ္ဏအားကစားပြိုင်ပွဲရုံတို့တွင်လည်းကောင်းကျင်းပခဲ့ပြီး ၂၀၀၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားမှစတင်၍ နေပြည်တော်မြို့တော်ခန်းမလဟာပြင်ကဇာတ်ရုံ၌ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားများကို ကျင်းပခဲ့ပြီး ၂၀၁၁ ခုနှစ်အတွက် ချီးမြှင့် သည့် ထူးချွန်ဆုရွေးချယ်ပွဲကို ရန်ကုန်မြို့၊ သု၀ဏ္ဏအားကစားရုံတွင် ပြန်လည်ကျင်းပခဲ့သည်။ ၂၀၁၆ခုနှစ်အတွက်ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်၌ကျင်းပခဲ့သည်။
ဆုအမျိုးအစားများ
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ပေးအပ်ချီးမြှင့်သည့် ဆုအမျိုးအစားစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
စဉ်
|
ဆုအမည်
|
စတင်ချီးမြှင့်သည့် ခုနှစ်
|
ပထမဆုံးရရှိသူ
|
ဇာတ်ကား
|
၁။
|
ရုပ်ရှင်ဇာတ်ကားဆု
|
၁၉၅၂
|
- အေဝမ်း ရုပ်ရှင်ထုတ်လုပ်ရေး (ပထမဆု)
- အောင်ဇေယျရုပ်ရှင်ထုတ်လုပ်ရေး (ဒုတိယဆု)
- ဗြိတိသျှဘားမားရုပ်ရှင်ထုတ်လုပ်ရေး (တတိယဆု)
|
- ချစ်သက်ဝေ (ပထမဆု)
- မယားနဲ့ လူပျို (ဒုတိယဆု)
- ချစ်၍ ခေါ်ရာ (တတိယဆု)
|
၂။
|
ရုပ်ရှင်ဒါရိုက်တာဆု
|
၁၉၅၄
|
သုခ
|
ဩော် မိန်းမ
|
၃။
|
အမျိုးသားဇာတ်ဆောင်ဆု
|
၁၉၅၂
|
ကျော်ဝင်း
|
မာလာရီ
|
၄။
|
အမျိုးသမီးဇာတ်ဆောင်ဆု
|
၁၉၅၂
|
ကြည်ကြည်ဌေး
|
ချစ်သက်ဝေ
|
၅။
|
အမျိုးသားဇာတ်ပို့ဆု
|
၁၉၆၂
|
ဦးကျောက်လုံး
|
အတွေ့
|
၆။
|
အမျိုးသမီးဇာတ်ပို့ဆု
|
၁၉၆၂
|
မေနွဲ့
|
ရွှေရင်သိမ်းသစ်
|
၇။
|
ရုပ်ရှင်ဓာတ်ပုံဆု
|
၁၉၅၆
|
ချစ်ဖွယ်
|
လွမ်းငွေ့တဝေဝေ
|
၈။
|
ရုပ်ရှင်တေးဂီတဆု
|
၁၉၉၁
|
ဂီတလုလင်မောင်ကိုကို
|
မယ်သီတာလို မိန်းကလေး
|
၉။
|
ရုပ်ရှင်အသံဆု
|
၁၉၉၄
|
ဦးခင်ဦး
|
သရဖူ
|
၁၀။
|
ရုပ်ရှင်ဇာတ်ညွှန်းဆု
|
၁၉၉၅
|
အောင်ကျည်ထွဏ်း
|
တိုက်ပွဲခေါ်သံ
|
၁၁။
|
ရုပ်ရှင်တည်းဖြတ်ဆု
|
၁၉၉၇
|
ဦးမြင့်ခိုင်
|
သူ့ကျွန်မခံပြီ
|
၁၂။
|
အထူးဆု
|
၁၉၅၅
|
ဝင်းမာ
|
ဖိုးပြုံးချို
|
အထူးဆု ရရှိခဲ့သူများ
ခုနှစ်
|
ဆုရရှိသူ
|
ဇာတ်ကား
|
မှတ်ချက်
|
၁၉၅၅
|
ဝင်းမာ
|
ဖိုးပြုံးချို
|
ကလေးသရုပ်ဆောင်ဆု
|
၁၉၇၈
|
အင်္ဂလန်စိန် (ငြိမ်းငြိမ်းအိ)
|
မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ
|
ကလေးသရုပ်ဆောင်ဆု
|
၁၉၇၇
|
အောင်ထွန်းလေး
|
အဖေတစ်ခု သားတစ်ခု
|
ကလေးသရုပ်ဆောင်ဆု
|
၁၉၉၉
|
အိဖြူစိုး
|
ရင်ထဲက ဆောင်းရာသီ
|
ကလေးသရုပ်ဆောင်ဆု
|
၂၀၁၂
|
ယွန်းယွန်း
|
တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ
|
ကလေးသရုပ်ဆောင်ဆု
|
၂၀၁၆
|
မွန်းမြန်မာ မီဒီယာ
|
မနောမြေမှ ကျောက်စိမ်းကမ္ဘာ
|
ဇာတ်ကားဆု
|
ဆု အများဆုံး ရရှိသူများ
ထူးချွန်ဆု (၄) ဆုနှင့် အထက် ရရှိခဲ့သော ရုပ်ရှင်ဇာတ်ကားများ
ဇာတ်ကားအမည်
|
ရုံတင်ပြသခဲ့သည့် ခုနှစ်
|
ရရှိခဲ့သည့် ဆုအရေအတွက်
|
မှတ်ချက်
|
ထာဝရအလင်းတန်းများ
|
၂၀၁၁
|
၈
|
|
ငါ သူတစ်ပါး ယောက်ျား မိန်းမ
|
၂၀၀၂
|
၇
|
|
အမေ့နို့ဖိုး
|
၂၀၀၃
|
၇
|
|
လျှို့ဝှက်သောနှင်း
|
၂၀၀၄
|
၇
|
|
ဆန်ရေ
|
၂၀၀၂
|
၅
|
|
တိုက်ပွဲခေါ်သံ
|
၁၉၉၅
|
၅
|
|
မြင့်မြတ်နှလုံးသား
|
၁၉၉၇
|
၅
|
ရုပ်ရှင်ဇာတ်ကားဆု ရရှိခဲ့ခြင်း မရှိပါ။
|
နှလုံးလှလူမိုက်
|
၂၀၀၁
|
၅
|
|
ပင်လယ်ထက်က နေဝန်းနီ
|
၂၀၁၀
|
၅
|
ရုပ်ရှင်ဇာတ်ကားဆု ရရှိခဲ့ခြင်း မရှိပါ။
|
ကိုးဆယ်ဆသာလိမ့်မယ်
|
၂၀၀၇
|
၅
|
|
ကောင်းကျိုးကိုယ်၌ တည်စေမင်း
|
၂၀၁၄
|
၅
|
|
ရွှေချည် ငွေချည် တန်းပါလို့
|
၁၉၇၅
|
၄
|
|
တစ်ခါက တစ်ဘဝ
|
၁၉၇၈
|
၄
|
|
သီတာခုနစ်တန်
|
၁၉၉၃
|
၄
|
|
တစ်ပြည်သူ မရွှေထား
|
၁၉၉၄
|
၄
|
|
ပန်းသခင်
|
၁၉၉၆
|
၄
|
|
သူ့ကျွန်မခံပြီ
|
၁၉၉၇
|
၄
|
|
ငရဲသား
|
၂၀၀၀
|
၄
|
|
ကျန်စစ်မင်း
|
၂၀၀၅
|
၄
|
|
ဆဋ္ဌဂံ
|
၂၀၀၅
|
၄
|
ရုပ်ရှင်ဇာတ်ကားဆု ရရှိခဲ့ခြင်း မရှိပါ။
|
မျှော်လင့်ခြင်းများစွာ
|
၂၀၀၆
|
၄
|
|
အများနှင့် မသက်ဆိုင်သောသူ
|
၂၀၀၈
|
၄
|
|
ရွှေကြာ
|
၂၀၁၈
|
၄
|
|
မုန်းစွဲ
|
၂၀၁၈
|
၄
|
ရုပ်ရှင်ဇာတ်ကားဆု ရရှိခဲ့ခြင်း မရှိပါ။
|
ပိတောက်ကတဲ့ဂီတ
|
၂၀၂၀
|
၄
|
ထူးချွန်ဆု (၅) ဆုနှင့် အထက် ရရှိခဲ့သည့် အနုပညာရှင်၊ အတတ်ပညာရှင်များ
အမည်
|
ကျွမ်းကျင်မှုနယ်ပယ်
|
ဆုအရေအတွက်
|
ဆုအမျိုးအစား
|
ဆုများ
|
ညွန့်ဝင်း
|
သရုပ်ဆောင်
|
၈
|
အမျိုးသားဇာတ်ဆောင်ဆု၊
အမျိုးသားဇာတ်ပို့ဆု၊
တစ်သက်တာဆု
|
ဇာတ်ဆောင်ဆု (၃) ဆု
- ဗန်တိုလူလေးနှင့် သူဇာ (၁၉၆၈)
- ချစ်သူဝိုင်းဝိုင်းလည် (၁၉၇၁)
- တတိယအရွယ်၏ ဒုတိယဝေဒနာ (၁၉၈၃)
ဇာတ်ပို့ဆု (၄) ဆု
- သီတာခုနစ်တန် (၁၉၉၃)
- သူ့ကျွန်မခံပြီ (၁၉၉၇)
- ဆန်ရေ (၂၀၀၂)
- လျှို့ဝှက်သော နှင်း (၂၀၀၇)
|
ဦးသုခ
|
ဒါရိုက်တာ
|
၆
|
ရုပ်ရှင်ဒါရိုက်တာဆု
|
- ဩော် မိန်းမ (၁၉၅၄)
- ဘဝသံသရာ (၁၉၅၆)
- စကားပြောသော အသည်းနှလုံး (၁၉၆၈)
- ကျွန်မမှာ မိန်းမသား (၁၉၇၀)
- ဘယ်သူပြိုင်လို့ လှပါတော့နိုင် (၁၉၇၃)
- ရွှေခြည် ငွေခြည် တန်းပါလို့ (၁၉၇၅)
|
ရန်အောင်
|
သရုပ်ဆောင်
|
၇
|
အမျိုးသားဇာတ်ဆောင်ဆု
|
- မယ်သီတာလို မိန်းကလေး (၁၉၉၁)
- ပုဂံမှာ သာတဲ့လ (၁၉၉၅)
- အလင်းဖျော့ ကောင်းကင် (၁၉၉၆)
- ညမင်းသား (၁၉၉၈)
- မောဟမျဉ်းပြိုင်များ (၂၀၀၀)
- ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်း သိက္ခာ (၂၀၀၆)
-စောင်နီလေးတစ်ထည် (၂၀၂၄)
|
သန်းညွန့် (ပန်းသာ)
|
ဓာတ်ပုံပညာရှင်
|
၆
|
ရုပ်ရှင်ဓာတ်ပုံဆု
|
- မြစ်တို့၏ မာယာ (၁၉၉၃)
- ပုဂံမှာ သာတဲ့လ (၁၉၉၅)
- ညမင်းသား (၁၉၉၈)
- မောင့်မူပိုင်ရှင် (၂၀၀၀)
- ပန်းပျိုးသူတို့ အလင်္ကာ (၂၀၀၆)
- ကြိုးတန်း (၂၀၀၈)
|
ဇော်မင်း (ဟံသာမြေ)
|
တည်းဖြတ်ပညာရှင်
|
၆
|
ရုပ်ရှင်တည်းဖြတ်ဆု
|
- ငါ သူတစ်ပါး ယောက်ျား မိန်းမ (၂၀၀၂)
- လျှို့ဝှက်သောနှင်း (၂၀၀၄)
- မျှော်လင့်ခြင်းများစွာ (၂၀၀၆)
- ကျောက်စက်ရေ (၂၀၀၉)
- ဉ (၂၀၁၂)
- ချစ်စံအိမ် ၂၀၂၈ (၂၀၁၅)
|
မြင့်မြင့်ခင်
|
သရုပ်ဆောင်
|
၆
|
အမျိုးသမီးဇာတ်ဆောင်ဆု၊
အမျိုးသမီးဇာတ်ပို့ဆု၊ ရုပ်ရှင်တစ်သက်တာဆု
|
ဇာတ်ဆောင်ဆု (၃) ဆု
- ချစ်ညီမ (၁၉၅၇)
- ဖြေလျှော့ခွေ (၁၉၅၈)
- မုန်းပါတယ်မောင့်ကို (၁၉၇၃)
ဇာတ်ပို့ဆု (၂) ဆု
- မှတစ်ပါး အခြားမရှိပြီ (၁၉၈၀)
- မြင်းမိုရ်တောင်ဦး မကကျူးသား (၁၉၉၆)
ရုပ်ရှင်တစ်သက်တာဆု (၂၀၁၈)
|
ကျော်ဟိန်း
|
သရုပ်ဆောင်၊ ဒါရိုက်တာ
|
၅
|
အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု
|
ဇာတ်ဆောင်ဆု (၄) ဆု
- အကာက အချစ်၊ အနှစ်က မေတ္တာ (၁၉၇၉)
- မွန်းတည့်ချိန်တွင် နေဝင်သည် (၁၉၈၂)
- ပန်းမြိုင်လယ်က ဉယျာဉ်မှူး (၁၉၈၉)
- နေက မွေးတဲ့ လ (၂၀၀၃)
ဇာတ်ပို့ဆု (၁) ဆု
- ဝေလည်းမွှေး ကြွေလည်းမွှေး (၁၉၉၄)
|
မောင်တင်ဦး
|
ဒါရိုက်တာ
|
၅
|
ရုပ်ရှင်ဒါရိုက်တာဆု
|
- နေထွက်သော ည (၁၉၇၂)
- တစ်ခါက တစ်ဘဝ (၁၉၇၈)
- သင်္ကြန်မိုး (၁၉၈၅)
- တိုက်ပွဲခေါ်သံ (၁၉၉၅)
- နှလုံးလှ လူမိုက် (၂၀၀၁)
|
မို့မို့မြင့်အောင်
|
သရုပ်ဆောင်
|
၅
|
အမျိုးသမီးဇာတ်ဆောင်ဆု၊
အမျိုးသမီးဇာတ်ပို့ဆု
|
ဇာတ်ပို့ဆု (၁) ဆု
- နှလုံးသားမြို့တော် (၁၉၈၄)
ဇာတ်ဆောင်ဆု (၄) ဆု
- ခပ်စိမ်းစိမ်းပဲ နေပါ့မယ် (၁၉၈၉)
- သမီးနှင့် အမေများ (၁၉၉၁)
- မသုဓမ္မစာရီ (၁၉၉၄)
- မြင်းမိုရ်ထက်က သရဖူ (၂၀၀၈)
|
မေသန်းနု
|
သရုပ်ဆောင်
|
၅
|
အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ပို့ဆု
|
ဇာတ်ဆောင်ဆု (၄) ဆု
- မူပိုင်ချစ်သူ (၁၉၉၂)
- ပုဂံမှာ သာတဲ့လ (၁၉၉၅)
- အလင်းဖျော့ ကောင်းကင် (၁၉၉၆)
- ချစ်ခြင်း၏ အခြားမဲ့၌ (၂၀၀၁)
ဇာတ်ပို့ဆု (၁)ဆု
- ငါသူတစ်ပါး ယောက်ျား မိန်းမ (၂၀၀၂)
|
ကိုကိုဌေး (ထိပ်တန်း)
|
ဓာတ်ပုံပညာရှင်
|
၅
|
ရုပ်ရှင်ဓာတ်ပုံဆု
|
- မသုဓမ္မစာရီ (၁၉၉၄)
- မြင့်မြတ် နှလုံးသား (၁၉၉၇)
- ကောင်းကင်ထက်က ပန်းတစ်ပွင့် (၂၀၀၁)
- လျှို့ဝှက်သော နှင်း (၂၀၀၄)
- အတိတ်ရဲ့ အရိပ် (၂၀၀၉)
|
အမျိုးသားဇာတ်ဆောင်ဆု အများဆုံးရရှိခဲ့သူများ
အမျိုးသမီးဇာတ်ဆောင်ဆု အများဆုံး ရရှိခဲ့သူများ
အမျိုးသားဇာတ်ပို့ဆု အများဆုံးရရှိခဲ့သူများ
အမျိုးသမီးဇာတ်ပို့ဆု အများဆုံး ရရှိခဲ့သူများ
ရုပ်ရှင်ဓာတ်ပုံဆု အများဆုံး ရရှိခဲ့သူများ
အမည်
|
ဆုအရေအတွက်
|
သန်းညွန့် (ပန်းသာ)
|
၆
|
ကိုကိုဌေး (ထိပ်တန်း)
|
၅
|
ချစ်မင်းလူ
|
၄
|
ကျောက်ဖြူ (ပဒေသာ)
|
၄
|
ဦးစန်းမောင်
|
၃
|
ရုပ်ရှင်တည်းဖြတ်ဆု အများဆုံး ရရှိခဲ့သူများ
အမည်
|
ဆုအရေအတွက်
|
ဇော်မင်း (ဟံသာမြေ)
|
၆
|
ဦးမြင့်ခိုင်
|
၃
|
ရုပ်ရှင်ဇာတ်ညွှန်းဆု အများဆုံး ရရှိခဲ့သူများ
အမည်
|
ဆုအရေအတွက်
|
ငြိမ်းမင်း
|
၃
|
ဇော်မြင့်ဦး
|
၂
|
ဝိုင်း
|
၂
|
ရုပ်ရှင်တေးဂီတဆု အများဆုံး ရရှိခဲ့သူများ
ရုပ်ရှင်အသံဆု အများဆုံး ရရှိခဲ့သူများ
အမည်
|
ဆုအရေအတွက်
|
ဆန်းဦး
|
၂
|
ကြည်မင်းသိန်း
|
၃
|
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ မြန်မာ့ရုပ်ရှင်အဘိဓာန်၊ နေခြည်ဇေယျ။ ပကြိမ်၊ ၂၀၁၅။ စကားပြောသူများစာပေ၊ ရန်ကုန်။