ယာရိုစလဗာလ်မြို့
ယာရိုစလဗာလ်မြို့ (ရုရှား: Яросла́вль, IPA: [jɪrɐˈslavlʲ]) သည် ရုရှားနိုင်ငံ၊ ယာရိုစလဗ် ဒေသကြီး၏ အုပ်ချုပ်ရေးမြို့တော် ဖြစ်ပြီး မော်စကိုမြို့မှ ၂၅၀ ကီလိုမီတာ (၁၆၀ မိုင်)ကွာဝေးသည်။ ယာရိုစလဗ်မြို့သည် သမိုင်းဝင်မြို့တစ်တစ်မြို့ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်နေရာစာရင်းတွင် ထည့်သွင်းခံရသော မြို့ဖြစ်ကာ ဗော်လ်ဂါမြစ်နှင့် ကိုတာရာစ်မြစ် ဆုံရာတွင် တည်ရှိသည်။ ယာရိုစလဗာလ်မြို့သည် မော်စကိုမြို့၏ အရှေ့မြောက်ဘက်အရပ်ရှိ သမိုင်းဝင် ဒေသများကို စုစည်း၍အုပ်စုဖွဲ့ထားသော ရွှေရောင်အဝန်းအတွင်း ပါဝင်သော မြို့တစ်မြို့လည်းဖြစ်သည်။ လူဦးရေ: ၅၉၁,၄၈၆ (၂၀၁၀ သန်းခေါင်စာရင်းအရ)[၁၂] ပထဝီဝင်တည်နေရာယာရိုစလဗာလ်မြို့သည် ယာရိုစလဗာလ် အော့ဗလပ်၏ အရှေ့ဘက်ပိုင်းတွင် တည်ရှိသည်။ အနီးဆုံးမြို့ကြီးများမှာ တုတာယဲ့ဗ်မြို့(၃၄ ကီလိုမီတာ or ၂၁ မိုင် အနောက်မြောက်)၊ ဂါဗရီးလော့ဗ်-ယမ်မြို့(၃၇ ကီလိုမီတာ or ၂၃ မိုင်တောင်)၊ ညဲရဲဟတာမြို့(၄၇ ကီလိုမီတာ or ၂၉ မိုင် အရှေ့တောင်) တို့ဖြစ်သည် ယာရိုစလဗာလ်မြို့၏ သမိုင်းဝင်နေရာသည် ကိုတာရာစ်မြစ်ဝ၏ မြောက်ဘက် ဗော်လ်ဂါမြစ်၏ ညာဘက်ကမ်းတွင် တည်ရှိသည်။ လူဦးရေ ၆၀၀,၀၀၀ ကျော်နေထိုင်ရာ ယာရိုစလဗာလ်မြို့သည် ဗော်လ်ဂါမြစ်ကမ်းပါးတလျှောက်တွင် ညီးစကီး နော့ဂေါရဒ်မြို့မရောက်ခင်ထိ အကြီးဆုံးမြို့ကြီး ဖြစ်သည်။ ရာသီဥတု အတ္တလန်တိတ် သမုဒ္ဒရာ၏ ကြီးစွာလွှမ်းမိုးမှုကြောင့် ယာရိုစလဗာလ်မြို့နှင့် အဆိုပါဒေသ၏ ရာသီဇုန်မှာ typical temperate continental climate ဖြစ်သည်။ ဒါရာသီဥတုဇုန်သည် နှင်းများကို ပိုမိုကျစေပြီး ပိုမိုအေးလာစေသည်။ ယာရိုစလဗာလ်မြို့တွင် ဆောင်းရာသီသည် နိုဝင်ဘာလလောက်တွင် စတင်ပြီး နွေဦးကိုရောက်ရန် ငါးလလောက်ကြာမြှင့်တက်သည်။ အအေးဆုံးလသည် စံအနေဖြင့် ဇန်နဝါရီလဖြစ်ပြီး ပျမ်းမျှအပူချိန်မှာ −၁၂.၀ ဒီဂရီ စင်တီဂရိတ် (၁၀.၄ ဒီဂရီ ဖာရင်ဟိုက်) ရှိသည်။ သို့ပေမယ်လည်း ထိုအချိန်တွင် များသောအားဖြင့် အပူချိန်သည် −၂၀ ဒီဂရီ စင်တီဂရိတ် (−၄ ဒီဂရီ ဖာရင်ဟိုက်)အောက်သို့ကျဆင်းတက်သည်။ အချို့အခြေအနေများ (ဥပမာအားဖြင့် မကြာသေးမီ ၂၀၀၆ ဇန်နဝါရီ[၁၃]) တွင် အပူချိန်သည် −၃၅ to −၄၀ ဒီဂရီ စင်တီဂရိတ် (−၃၁ to −၄၀ ဒီဂရီ ဖာရင်ဟိုက်) ထိ ကျဆင်းသွားသည်ကို တွေ့ကြုံဖူးသည်။ အနိမ့်ဆုံးအပူချိန်မှတ်တမ်းအရ s −၄၆ ဒီဂရီ စင်တီဂရိတ် (−၅၁ ဒီဂရီ ဖာရင်ဟိုက်) ရှိခဲ့သည်။[၁၄] တခြားတဖက်အနေဖြင့် ယာရိုစလဗာလ်မြို့သည် ဒီလိုဇန်နဝါရီလတွင် အပေါင်းအပူချိန်နှင့် ကြုံခဲ့ဖူးသည်။(for example, in 1932, when a thaw lasted for seventeen days of January[၁၅]). ပုံမှန်အခြေအနေတွင် ဗော်လ်ဂါမြစ်သည် ဆောင်းတွင်းတွင် အေးခဲနေသည်။ နှင်းများဖုံးလွှမ်းထားမှုသည် များသောအားဖြင့် ၃၅–၅၀-စင်တီမီတာ thick (၁၄–၂၀-လက်မ) ရှိသည်။ သို့သော် အချို့အခြေအနေတွင် ၇၀ စင်တီမီတာ (၂၈ လက်မ) အနက်အထိ မြှင့်တက်နေတက်သည်။ မတ်လကုန်မှ ဧပြီလတွင် အရည်ပျော်တက်ကြရာ ရေခဲထုများနှင့် နှင်းထုများ အရည်ပျော်ကာ ဖုံးလွှမ်းထားသော အရွက်များကို ဖွင့်လှစ်ပြနေကြသည်။ များသောအားဖြင့် ဧပြီလတွင် အပူချိန်တွင် +၂၀ ဒီဂရီ စင်တီဂရိတ် (၆၈ ဒီဂရီ ဖာရင်ဟိုက်)ထိ ရောက်နေတက်သည်။ နွေရာသီတွင် ယာရိုစလဗာလ်မြို့တွင် မိုးများ သိပ်သည်းစွာ ရွာသွန်းလေ့ရှိသောကြောင့် စိုစွတ်နေတက်သည်။ နွေရာသီတွင် ဇွန်လနှင့် ဇူလိုင်လတွင် မကြာခဏ အပူချိန် အမြင့်ဆုံးအမှတ်သို့ ရောက်ရှိနေတက်ကာ နေ့စဉ်ပျမ်းမျှအပူချိန်သည် +၂၃.၃ ဒီဂရီ စင်တီဂရိတ် (၇၃.၉ ဒီဂရီ ဖာရင်ဟိုက်)ရှိ၍ တချို့သောနေ့များတွင် +၃၀ ဒီဂရီ စင်တီဂရိတ် (၈၆ ဒီဂရီ ဖာရင်ဟိုက်) ကျော်တက်သည်။ စက်တာဘာလလောက်မှစ၍ ဆောင်းဦးစတင်ဝင်ရောက်ကာ ၂ လမျှကြာရှည်ကာ ရေခိုးရေငွေ့များ များပြားခြင်း၊ နေသာသောနေ့များ နည်းပါခြင်း၊ အပူချိန်ကို ကြိုတင်မခန့်မှန်းနိုင်ခြင်းတို့ ရှိသည်။(it is possible to first see ground frost in September) ပျမ်းမျှမိုးရေချိန်သည် တစ်နှစ်တွင် ၅၉၁ မီလီမီတာ (၂၃.၃ လက်မ) ရှိပြီး ဇူလိုင်လ(အများဆုံးရွာသွန်းသောလ)တွင် ၈၄ မီလီမီတာ or ၃.၃ လက်မ ရှိသည်။ အနိမ့်ဆုံးရွာသွန်းသောလ ဆောင်းတွင်းနှင့် နွေဦးတွင် တွေ့ရသည်။ (အထူးသဖြင့် ဖေဖော်ဝါရီလနှင့် မတ်လ) သမိုင်းကြောင်းယာရိုစလဗာလ်မြို့ကို ၁၀၁၀ ခုနှစ်တွင် မင်းသားအုပ်ချုပ်သော (နိုင်ငံ) ရက်စတော့ဗ်မြို့၏ရှေ့တန်းစခန်းမြို့အဖြစ် တည်ထောင်ခဲ့သည်။ ၁၂၁၈ ခုနှစ်မှစတင်ကာ ယာရိုစလဗာလ်မင်းသားအုပ်ချုပ်သော လွတ်လပ်သော မြို့တော်အဖြစ် တည်ရှိခဲ့ပြီး ၁၄၆၃ ခုနှစ်တွင် ကြီးမြတ်သော မော်စကိုမြို့စား နယ်မြေသို့ ပေါင်းစပ်ခဲ့သည်။ ၁၇ ရာစုတွင် ရုရှား၏ ဒုတိယအကြီးဆုံးမြို့ဖြစ်လာပြီး ၁၆၁၂ ခုနှစ်တွင် ပိုလန်လူမျိုးများ မော်စကိုကို သိမ်းပိုက်ချိန်တွင် နိုင်ငံ၏ ယာယီ(de facto)မြို့တော် ဖြစ်လာခဲ့သည်။ ယနေ့ခေတ်တွင် ယာရိုစလဗာလ်မြို့သည် အဓိက ဗဟိုစက်မှုမြို့(petrochemical plant, tire manufacturing plant, diesel engines plant and many others) ဖြစ်လာပြီး အဓိက အဝေးပြေးလမ်းများ၊ မီးရထားလမ်းများ၊ ရေကြောင်းလမ်းများ ဆုံရာတွင် တည်ရှိနေသည်။ အစောပိုင်း ယာရိုစလဗာလ်ယာရိုစလဗာလ်မြို့၏ အစောပိုင်းအခြေချနေထိုင်ရာနေရာသည် ဗော်လ်ဂါမြစ်၏ ဝဲဘက်ကမ်း စသရဲကာအငူ(a small cape at the confluence of the Volga and Kotorosl)ရှေ့တွင် တွေ့ရပြီး ၅-၃ ထောင်စုနှစ် ဘီစီခန့်က ဖြစ်ခဲ့သည်။ ၉ ရာစုတွင် ယာရိုစလဗာလ်မြို့အနီးတွင် Russian Khanate ဟုခေါ်ကြသူ စကင်ဒီနေဗီးယန်း-စလဗစ်များ အခြေချနေထိုင်ခဲ့ကြကြောင်းကို ယနေ့ခေတ်တွင် ကျဲမိရိုဗာဒေသတွင် အရိုးစုပုံများ တွေ့ရှိ၍ သိခဲ့ကြသည်။ တူးဖော်မှုများပြုလုပ်သောအခါ များလှစွာသော ရှေးဟောင်ပစ္စည်းများဖြစ်သည့် စကင်ဒီနေဗီးယန်းလက်နက်များအပါအဝင် ရုနစ်စာ(runic inscriptions)၊ ချက်ရုပ်များနှင့် အာရေဘီးယန်းဒင်္ဂါးများ(အစောဆုံးသည် Idrisid dynasty ခေတ်တွင် ထုလုပ်ခဲ့သော ဒင်္ဂါးများ)ကို တွေ့ရှိခဲ့ရာ အဆိုပါဒင်္ဂါးများတွေ့ရှိမူသည် မြောက်ဥရောပတွင် အများဆုံးဖြစ်သည်။[၁၆][၁၇] ကျဲမိရိုဗာတွင် စကင်ဒီနေဗီးယန်း ရင်ထိုးလေးစုံတွေ့ခဲ့ရာ ရုရှားတွင်တွေ့ရှိမှု အများဆုံးဖြစ်ခဲ့သည်။[၁၈] Apparently, this "proto-Yaroslavl" was a major center for the Volga trade route.[၁၉] နောက်များမကြာတွင် ယာရိုစလဗာလ်မြို့ တည်ထောင်ခဲ့ရာ အဆိုပါ အခြေချနေထိုင်ရာသည် ပျောက်ကွယ်လာခဲ့သည်။ ဖြစ်နိုင်သည်မှာ ဗော်လ်ဂါကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်သွားခြင်းနှင့်လည်း ဆက်နွယ်နေနိုင်သည်။[၂၀] မြို့တည်ထောင်ခြင်းမြို့များစတင်တည်ထောင်သည့် ရက်စွဲများအတိုင်းသာဆိုလျှင် ယာရိုစလဗာလ်မြို့သည် လက်ရှိ ဗော်လ်ဂါမြစ်ကြောင်းတစ်လျှောက် တည်ရှိနေသောမြို့များတွင် မြို့တည်သက်တမ်း အရှည်ကြာဆုံးဖြစ်သည်။[၂၁][၂၂] ယာရိုစလဗာလ်မြို့ကို ကီးယက်ဗန်ရုစ့်မင်းသား ဉာဏ်ပညာကြီးသော ယာရိုစလဗာလ် (Kievan Rus Yaroslav the Wise ရုရှား: Ярослав Владимирович Мудрий) က "စသရဲကာ"ဟု ယနေ့သိထားသော ကမ်စပ်တွင် ပထမဆုံး ခြေချမိစဉ်က တည်ထောင်ခဲ့ပြီး ထိုအချိန်တွင် ရပ်စတော့ဗ်နယ်(၉၈၈—၁၀၁၀)၏ အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ ထိုနေရာသည် ဗော်လ်ဂါ၊ ကိုတာရာစ်၊ မစ်ဒဗျဲဂျီးဆာမြစ်တို့၏ မက်စောက်သော ကမ်းပါးများကြောင့် အမြင့်မှနေ၍ ရန်သူ၏ တိုက်ခိုက်မှုမှ ကောင်းစွာ ကာကွယ်နိုင်သည်။ ထိုတည်ထောင်ခဲ့သော မြို့အား ရိုးရားအတိုင်း တည်ထောင်သူ၏ အမည်အတိုင်းမှည့်ခေါ်ခဲ့ကြရာ ယာရိုစလဗာလ်မြို့ဟု အမည်တွင်ခဲ့သည်။ ![]() ၁၂ ရာစုတွင် ပီသရိုပါဗလော့စကီးနှင့် စပါဆာ-ပရီအာဘရာရှန်းစကီး ဘုန်းတော်ကြီးကျောင်းများ တည်ရှိနေပြီးဖြစ်သည်။ ထိုအချိန်တွင် ထိုဘုန်းတော်ကြီးကျောင်းများသည် မြို့နှင့် လုံလောက်စွာ ကွာဝေးသောနေရာများတွင် တည်ရှိနေခဲ့သည်။ ပထမရာစုနှစ် ၂ ခုအတွင်းတွင် ယာရိုစလဗာလ်မြို့သည် ရပ်စတော့ဗ်-ဆူစဒါး နယ်မြေ၏ သိပ်မကြီးသော ခံတပ်မြို့အဖြစ်သာ ရှိခဲ့သည်။[၂၃] ၁၃ ရာစု အစပိုင်းမှစ၍ ယာရိုစလဗာမြို့သည် ကွန်စတန်တင်(ရုရှား: Константи́н Все́володович)၏ လက်အောက်တွင်ရှိနေပြီး သူ၏ အဓိကအိမ်တော်များထဲမှ တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။ သူမသေဆုံးမှီ ၁၂၁၈ ခုနှစ်တွင် ကွန်စတန်တင်သည် သူ၏နယ်မြေများကို ခွဲဝေပြီး သားများအားပေးခဲ့ရာ ဒုတိယမြောက်သားဖြစ်သူ ဗဆဲဗာလော့ဒ်(ရုရှား: Всеволод Константинович)အား ယာရိုစလဗာလ်နယ်မြေအား ပေးခဲ့ရာ သူသည် ယာရိုစလဗာလ်နယ်မြေအား မင်းသားအုပ်ချုပ်ရာ ယာရိုစလာဗာလ်နယ်မြေ(Principality of Yaroslavl)အဖြစ် ဆက်လက်၍ အုပ်ချုပ်ခဲ့သည်။ ထိုသို့ မင်းသားအုပ်ချုပ်ရာနယ်မြေ ဖြစ်လာသောကြောင့် ယာရိုစလဗာလ်မြို့သည် ထိုနယ်မြေ၏မြို့တော်ဖြစ်လာပြီး မြောက်ဘက်ရှိ နယ်မြေအတိုင်းအတာတစ်ခုထိ ပါဝင်လာခဲ့သည်။ ဤသို့ဖြင့် မော်စကိုမြို့(Principality of Moscow)၏ပိုင်နက်အတွင်း ဆွဲသွင်းခြင်းမခံရချိန်ထိ ထိုကဲ့သို့ နယ်မြေတစ်ခုအနေဖြင့် တည်ရှိခဲ့သည်။ ၁၃ ရာစုနှင့် ၁၄ ရာစုအတွင်းတွင် ယာရိုစလဗာလ်မြို့အား သစ်များဖြင့် အများဆုံးတည်ဆောက်ခဲ့ရာ ထိုရလဒ်အဖြစ် မကြာခဏ မီးအကြီးအကျယ်လောင်ကျွမ်းသည့် ကပ်ဘေးဆိုက်ခဲ့ရာ တခါတရံတွင် တမြို့လုံး လောင်ကျွမ်းခဲ့သည်။ (ဥပမာအားဖြင့် ၁၂၂၁ ခု ဗဆဲဗာလော့ဒ် အာဏာလွဲပြောင်းယူမှုမတိုင်မီ လောင်ကျွမ်းခဲ့သောမီး) နောက်ထပ် မြို့ကိုသာမ ရုရှားမင်းသားတို့အတွက်ပါ အန္တရာယ်ကျစေခဲ့သော အကြောင်းအရင်းမှာ အရှေ့အရပ်မှ လာသော လူမျိုးခြားကျူးကျော်သူများ ဖြစ်သည်။(များသောအားဖြင့် မွန်ဂိုတပ်များ (Mongol Horde)) ၁၂၅၇ ခုနှစ်တွင် သိသိသာသာ တိုက်ခိုက်လာခဲ့ကြပြီး Möngke Khan လက်အောက်မှ ရွှေရောင်လူစုများ(တပ်များ) (Golden Horde) သည် ယာရိုစလဗာလ်နယ်မြေအား လျင်မြန်စွာ တပ်ဖြန့်နိုင်ပြီး လူများစွာရှိသော နေရာများနှင့် မင်းသားမိသားစုဝင်များကို သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည်။[၂၄] ထိုအဖြစ်အပျက်ဆိုးများ ဖြစ်ပွားခဲ့ရာ ကိုတာရာစ်မြစ် ညာဘက်ကမ်းပါးတွင် ယခုအခါ အောက်မေ့ဘွယ်ဘုရားကျောင်းနှင့် လက်ဝါးကပ်တိုင် တည်ရှိနေသည်။ မြို့တော်အမှတ်တံဆိပ်လက်ရှိအသုံးပြုနေသော ယာရိုစလဗာလ်မြို့၏ အမှတ်တံဆိပ်နှင့် အလံသည် အမှတ်လက္ခဏာနှစ်ခုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။ ထိုအရာနှစ်ခုလုံးသည် မြို့တည်ထောင်စဉ်က ရှိခဲ့သော ဒဏ္ဍာရီများနှင့် ဆက်နွယ်နေသော ပစ္စည်းများဖြစ်ပြီး ၎င်းတို့မှာ ဝက်ဝံဝက်ဝံနှင့် ပုဆိန်သွားတပ်ဆင်ထားသော လှံရှည်တို့ ဖြစ်ကြသည်။ ![]() ပထမဆုံး ယာရိုစလဗာလ်မြို့တံဆိပ်[၂၅]ကို ဩဂုတ်လ ၃၁ ၁၇၇၈ ခုနှစ်တွင် တရားဝင်ပြဋ္ဌာန်းခဲ့သည်။ ထိုအချိန်တုန်းက အမှတ်တံဆိပ်သည် ငွေရောင်မျက်နှာပြင်ပေါ်တွင် ဝက်ဝံအရုပ်ကို ထားရှိကာ သူ၏ ဝဲဘက်ရှေ့လက်တွင် ရွှေရောင်ပုဆိန်သွားတပ် လှံရှည်ကို ကိုင်ထားသည့်ပုံဖြစ်သည်။ ၁၈၅၆ ခုနှစ်တွင် တံဆိပ်ကို အနည်းငယ်ပြောင်းလဲခဲ့သည်။ မူလရိုးရာအတိုင်း ပုဆိန်သွားတပ် လှံရှည်ကိုင် ဝက်ဝံပုံကို မပြောင်းလဲပဲ နဂိုမူလအတိုင်းထားရှိကာ ဒိုင်းပုံသဏ္ဌာန်တံဆိပ်၏ ထိပ်တွင် ဧကရာဇ်၏ သရဖူကို ထားရှိခဲ့သည်။ ဖြည်စွက်ပြုလုပ်ခြင်းတွင် ဒိုင်းပုံသဏ္ဌာန်တံဆိပ်၏ ပတ်လည်တွင် ရွှေရောင်ဝက်သစ်ချပင်အရွက်များ ထားရှိကာ ထိုအရွက်များအား စိန့်အန်ဒရဲရာဘွဲ့တံဆိပ်ဖြစ်သော အပြာရောင်ဖဲကြိုးဖြင့် ရစ်ပတ်ထားသော ပုံများပါဝင်သည်။ အဆိုပါပုံစံအမှတ်တံဆိပ်သည် ပြောင်းလဲခြင်းမရှိခဲ့သည်မှာ ၁၉၁၈ ခုနှစ်ထိတိုင်ဖြစ်သည်။ ထိုနောက်ပိုင်းတွင် အောက်တိုဘာတော်လှန်ရေး အောင်မြင်သောကြောင့် ဘောရှီဗစ်ပါတီ အာဏာရလာခဲ့သည်။ ထိုအခါ ဇာဘုရင်များ၏ ဒေသနှင့်နယ်မြေဆိုင်ရာ သင်္ကေတ၊ အမှတ်တံဆိပ်များ ဖျက်သိမ်းပြီး ယာရိုစလဗာလ်မြို့တွင် ဆိုဗီယက် အုပ်ချုပ်မှုများ အသက်ဝင်လာခဲ့ရာ မြို့သည် မည်သည့် တရားဝင်အမှတ်တံဆိပ်အသစ်မျှ မရရှိခဲ့ပေ။ ၂၀ ရာစုအဆုံးထိ မြို့သည် ထိုအခြေအနေနှင့်ပင် ရှိနေခဲ့သည်။ တတိယမြောက်နှင့် လက်ရှိအသုံးပြုနေသော မြို့တံဆိပ်ကို မြူနီစီပယ်ကောင်စီမှ ၁၉၉၅ ဩဂုတ် ၂၃ ရက်တွင် ခွင့်ပြုပေးခဲ့သည်။ တံဆိပ်၏ အရောင်နှင့် ပုံစံမှာ ၁၈၅၆ ခုနှစ်မှကဲ့သို့ ယူခဲ့သည်။ သို့သော် တံဆိပ်ပတ်လည်ရှိ ဝက်သစ်ချသစ်ခတ်နှင့် စိန့်အန်ဒရဲရာတံဆိပ်ကို ဖြုတ်ခဲ့သည်။ ထို့တိုင် ပြောင်းလဲသည် မပြည့်စုံသေး။ ယခင်တံဆိပ်၏ ထိပ်ပိုင်းတွင် တပ်ဆင်ထားသော ဧကရာဇ်၏ သရဖူနေရာတွင် မာနာမခါဦးထုပ်ကို လက်ရှိတံဆိပ်တွင် အစားထိုးခဲ့သည်။ ထိုဦးထုပ်သည် ရုရှားနိုင်ငံ၏ သက်ဦးဆံပိုင်အုပ်ချုပ်ရေးနှင့် တခြားအဓိပ္ပာယ်အရ ရုရှားပြည်နယ်များ၏ အင်အားကြီးမားမှုကို ကိုယ်စားပြုသော အမှတ်အသားဖြစ်သည်။ ယာရိုစလဗာလ်မြို့အလံ[၂၆]ကို မေလ ၂၂ ၁၉၉၆ ခုနှစ် ခွင့်ပြုခဲ့သည်။ အလံသည် ရိုးရှင်းသော ဒီဇိုင်းဖြစ်ပြီး မြို့၏ တံဆိပ်ကို ပြန်လည်အသုံးပြုထားကာ အပြာနုရောင်နောက်ခံတွင် သုံးပုံတစ်ပုံမျှနေရာယူထားသည်။ အလံတခုလုံးသည် စတုရန်းပုံရှိသည်။ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုယာရိုစလဗာလ်မြို့သည် ရုရှားနိုင်ငံ ရွှေရောင်အဝိုင်းအတွင်း ပါဝင်သော မြို့ရှစ်မြို့မှ တစ်မြို့ဖြစ်ပြီး ထိုမြို့များသည် မော်စကိုမြို့ ပတ်လည်တွင်ရှိသော သမိုင်းဝင်မြို့များ ဖြစ်ကြသည်။ ယာရိုစလဗာလ်မြို့သည် ထိုအဝိုင်း၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ထိုအဝိုင်းအတွင်း အကြီးဆုံးမြို့လည်း ဖြစ်သည်။ မြို့သည် ဗိသုကာလက်ရာမွန်များကြောင့် လူသိများ ထင်ရှားဆုံးဖြစ်နေချိန်တွင် ဂီတအနုပညာယဉ်ကျေးမှု ဆွဲဆောင်မှုများကလည်း အတော်လေးကြီးမားလာနေသည်။ ![]() ![]() ဗိသုကာလက်ရာရုရှားပြည်တွင်းစစ် အကျိုးဆက်များနှင့် ဒုတိယကမ္ဘာစစ်အတွင်း လေကြောင်းစီးနင်းမှုများ အတိုင်းအတာတစ်ခုထိ ခံစားခဲ့ရသော်လည်း ယာရိုစလဗာလ်မြို့သည် ၁၇ ရာစု၊ ၁၈ ရာစု၊ ၁၉ ရာစုမှ မြို့ပြ အဆောက်အဦးများကို ကောင်းစွာထိန်းသိမ်းနိုင်ခဲ့သည်။ ဒါတွေဟာ မြို့ကို ဗိသုကာ လက်ရာများ အဆင့်ဆင့်တိုးတက်ပြောင်းလဲမှုနှင့် ရုရှားဇာဘုရင်ခေတ်လက်ရာများရှိသော သမိုင်းဝင်နေရာအဖြစ် မြို့ကို အမှတ်ရစေခဲ့သည်။ မြို့လယ်ရှိ ၆၀၀ ဟက်တာလောက်ဖုံးလွှမ်းထားသော ဧရိယာတွင် ဖက်ဒရယ်မှုအရ ကာကွယ်ပေးထားသော ဗိသုကာသမိုင်းဝင်နေရာ ၁၄၀ လောက်ရှိသည်။[၂၇] ၂၀၀၅ ခုနှစ်တွင် စပါဆာ-ပရီရာဘရာရှန်းစကီး ဘုန်းတော်ကြီးကျောင်းတလျှောက် အဆောက်အဦများကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာစာရင်းသို့ ထည့်သွင်းခြင်းခံခဲ့ရသည်။ ထိုအဆောက်အဦများအပြင် မြို့လယ်ပြင်ပတွင် ဗိသုကာလက်ရာမွန်အဆောက်အဦ အတိုင်းအတာတစ်ခုထိရှိသေးသည်။ ပညာရေးယာရိုစလဗာလ်မြို့တွင် ဖော်ပြပါ အဆင့်မြှင့် ပညာရေးအဆောက်အအုံများတည်ရှိသည် __ ယာရိုစလဗာလ်တက္ကသိုလ် (သို့) ယာရိုစလဗာလ် ဒမီဒေါ့ဖ် တက္ကသိုလ် (ရုရှား: Ярославский государственный университет имени П. Г. Демидова)၊ ယာရိုစလဗာလ်နည်းပညာတက္ကသိုလ် (ရုရှား: Ярославский государственный технический университет)၊ ယာရိုစလဗာလ် ပညာရေးတက္ကသိုလ်(ရုရှား: Ярославский государственный педагогический университет имени К. Д. Ушинского)၊ ယာရိုစလဗာလ် ဆေးတက္ကသိုလ်(ရုရှား: Ярославский государственный медицинский университет)၊ ယာရိုစလဗာလ် စိုက်ပျိုးရေးတက္ကသိုလ်၊ တပ်မတော် စာရင်းအင်းနှင့် စီးပွားရေးကျောင်း၊ ယာရိုစလဗာလ် လေကြောင်းရန်ကာကွယ်ရေးကျောင်း တို့ဖြစ်သည်။ အစိုးရမဟုတ်သော ကျောင်းများအနေဖြင့် International Academy for Business and New Technologies (MUBiNT) နှင့် မော်စကို အခြေပြု တက္ကသိုလ် ကျောင်းခွဲများ တည်ရှိသည်။ ထို့ပြင် အော်သိုဒေါ့ ဘုန်းတော်ကြီးများ မွေးထုတ်ပေးရာ Yaroslavl Seminary ကျောင်းလည်း တည်ရှိနေသည်။ ပို့ဆောင်ရေးယာရိုစလဗာလ်မြို့သည် ကားလမ်း၊ရထားလမ်း၊ မြစ်ကြောင်းလမ်းများ၏ အဓိကလမ်းဆုံတွင် တည်ရှိနေသည်။ M8 ဟိုက်ဝေးလမ်း(မော်စကို–ယာရိုစလဗာလ်–ဗော်လဂဒါ–အာဟန်ဂယ်)ဖြင့် မော်စကိုမြို့နှင့် မြောက်ဘက်ဆီသို့ ဦးတည်ထားသော အာဟန်ဂယ်မြို့တို့အား ချိတ်ဆက်ထားသော လမ်းဖြင့် ယာရိုစလဗာလ်မြို့ကို ဆက်သွယ်ထားသည်။ အဓိကမီရထားလမ်းတံတားတစ်ခုနှင့် ကားလမ်းတံတား နှစ်ခု(Oktyabrsky and Yubileyny Bridge)တို့ဖြင့် ဗော်လဂါမြစ်ကို ဖြတ်ကူးထားသည်။ ကိုတာရာစ်မြစ်အား ကားလမ်းတံတား လေးခု၊ ရထားလမ်းတံတား(၁၈၉၆ ခုနှစ်တွင် တည်ဆောက်ခဲ့)တို့ဖြင့် ဖြတ်ကူးထားသည်။ အားကစား![]() FC Shinnik Yaroslavl သည် ယာရိုစလဗာလ်မြို့ခံ ဘောလုံးအသင်းတစ်သင်းဖြစ်ပြီး ရုရှားအမျိုးသားလိဂ် (Russian National Football League(ရုရှား: Первенство Футбольной Национальной Лиги, Pervenstvo Futbol'noy Natsional'noy Ligi) တွင် ကစားလျက်ရှိသည်။ လိုကိုမိုတစ် ယာရိုစလဗာလ်(ရုရှား: ХК Локомотив၊အင်္ဂလိပ်: Locomotive HC)သည် မြို့ခံ ဟော်ကီအသင်းဖြစ်ပြီး ၁၉၉၆–၁၉၉၇၊ ၂၀၀၁–၂၀၀၂၊ ၂၀၀၂–၂၀၀၃ ရာသီများတွင် ရုရှားချန်ပီယံအသင်းဖြစ်ခဲ့သည်။ ၇ စက်တင်ဘာ ၂၀၁၁ တွင် ထိုနှစ်ရာသီအတွက် ပထမဆုံးပွဲကစားရန် ယာရိုစလဗာလ်လေဆိပ်မှ ထွက်ခွာလာခဲ့သော လေယာဉ်ပျက်ကျခဲ့ပြီး ကစားသမားများ သေဆုံးခဲ့သည်။[၂၈] အမွှာမြို့နှင့် ညီအစ်မမြို့များယာရိုစလဗာလ်မြို့သည် အမွှာမြို့များအဖြစ် ဆက်သွယ်ထားသောမြို့များမှာ:
ကိုးကားမှတ်စုများ
ပြင်ပလင့်များဝီကီခရီးသွားတွင် Yaroslavl အတွက် ခရီးသွားလမ်းညွှန် ရှိ။
|
Portal di Ensiklopedia Dunia