ရတနာသုံးပါး
![]()
အနက်အဓိပ္ပာယ်များရတနာသုံးပါးကို သင်္သကရိုက်ဘာသာစကားဖြင့် တြိရတ်န (Triratna) ဟူ၍ သုံးနှုန်းပြီး ပါဠိဘာသာဖြင့် တိရတန (Ti-ratana) ဟူ၍ ခေါ်ဝေါ်သည်။[၁] ရတနာသည် နှစ်သက်ဖွယ်ကောင်းသော၊ မြတ်နိုးဖွယ်ကောင်းသော အရာဖြစ်သည်ဟု မြန်မာစာအဖွဲ့၏ အဘိဓာန်တွင် ဖွင့်ဆိုသည်။ [၂] ပါဠိဘာသာစကားဖြင့် ရတန ဟူ၍ သုံးနှုန်းသည်။ "စိတ္တိကတံမဟဂ္ဃဉ္စ၊ အတုလံ ဒုလ္လဘဒဿနံ" ဟူသော ပါဠိဂါထာတစ်ပုဒ်တွင် ရတနာ ခေါ်ဆိုပုံနှင့်ပတ်သက်၍ အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်နိုင်သည်။ စိတ္တကတံ သည် လူတိုင်းနှစ်သက်၊ ကျေနပ်သောအရာဖြစ်သည်။ မဟဂ္ဃတ သည် တန်ဖိုးကြီး၏ ဟူ၍ အဓိပ္ပာယ်ရှိကာ အတုလ ၏ သဘောသည် နှိုင်းယှဉ်၍ မရနိုင်သော အဓိပ္ပာယ်ရပြီး ဒုလ္လဘဒဿန သည် တွေ့မြင်ရန်ခဲယဉ်းသော အနက်ရရှိ၏။[၃] ရတနာကို လောကီရတနာနှင့် လောကုတ္တရာ ရတနာဟူ၍ အုပ်စုနှစ်ခုခွဲခြားနိုင်သည်။ လောကုတ္တရာရတနာနှင့် ပတ်သက်၍ ထေရဝါဒ၊ မဟာယာနနှင့် အခြားသော ဗုဒ္ဓဘာသာများတွင် ရတနာသုံးပါးရှိကြသည်။ ထိုရတနာသုံးပါးမှာ :
ဖော်ပြပါ ရတနာသုံးပါးကို သရဏဂုံသုံးပါးဟူ၍လည်း အမည်တစ်မျိုးဖြင့် ခေါ်ဝေါ်ကြ၏။[၄] လောကီလောကုတ္တရာ ရတနာနှစ်မျိုးတို့ကို ရတနာခေါ်ဆိုခြင်း အကြောင်းမှာ−
ရတနသုတ်တွင် ရတနာဟူသော အရာများသည် လူ့ပြည်တွင်သာမက ဗြဟ္မာပြည်၊ နတ်ပြည်၊ နဂါး၊ ဂဠုန်ပြည်တို့တွင်လည်း ရတနာများစွာရှိပေသည်။ သို့သော်လည်း ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ဟုဆိုအပ်သော ရတနာသုံးပါးနှင့် တူသော၊ နှိုင်းယှဉ်နိုင်သော ရတနာမရှိဟု ဖော်ပြသည်။[၃] ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ရတနာသုံးပါးကို အခြားရတနာများကဲ့သို့မဟုတ်ဘဲ အမြင့်ဆုံးအနေအထား၌ ထားရှိ၍ ကိုးကွယ်ဆည်းကပ်ကြသည်။ ရတနတ္ထယ (ရတနာ ၃-ပါး)[၅] ဘုရား၊ တရား၊ သံဃာ ရတနာ ၃-ပါးအပေါင်း၊ ရတနာ ၃-ပါး။ [၆] (မ၊ဋ္ဌ၊၁၊၁၃၅-၌သာ ရတနတ္တယပသန္နစိတ္တော-ဟု သမာသ်ရှိသည်။ တစ်ပါးသောဌာနတို့၌မူ ဝါကျရှိသည်။ မ၊ဋ္ဌ၊၁၊၁၃၅-သျှမူ-၌လည်း ဝါကျပင်ရှိသည်။ ဝါကျရှိသောပါဌ်သည် သာ၍ကောင်းသည်။) [၇] [၈] ဤ၌ ဘုရားရတနာ၊ တရားရတနာ သံဃာရတနာဟူ၍ ရတနာ ၃-ပါးရှိသည်။ ရတနာသုံးပါးကို ပဏာမအရာဌာန၊ သရဏဂုံ အရာဌာနအားလျော်စွာ ပြပေအံ့။ ပဏာမအရာဌာန ရတနာ ၃-ပါး(၁) ဘုရားရတနာ—သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီးဖြစ်သည့် ခန္ဓာအစဉ်ဟု ဆိုအပ်သော သဗ္ဗညုတဉာဏ်တော်၏ ပိုင်ရှင်ဖြစ်တော်မူသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်သည် ဘုရားရတနာမည်၏။ [၉] တစ်နည်း-(က) ပါရမီအပေါင်းဖြင့် ထုံအပ်သော ဂုဏ်တော်။ (ခ) အရဟတ္တ မဂ်ဉာဏ်ဖြင့် ဝါသနာနှင့်တကွ ကိလေသာတို့ကို အကြွင်းအကျန်မရှိ ပယ်သတ်-ဖျက်ဆီး-တော်မူပြီးသည့် ဂုဏ်တော်။ (ဂ) မဟာ ကရုဏာတော်၊ သဗ္ဗညုတဉာဏ်တော်စသော မနှိုင်းယှဉ်နိုင်သော ဂုဏ်အပေါင်း၏ တည်ရာ ဖြစ်သော ဂုဏ်တော်။ ဤဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော ခန္ဓာအစဉ်သည် ဘုရား ရတနာမည်၏။ [၁၀] (၂) တရားရတနာ–မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်အားဖြင့် ၉-ပါးသော လောကုတ္တရာတရားတော်သည် တရားရတနာ မည်၏။ [၁၁]။ ပရိယတ် တရားတော်ကိုလည်း လောကုတ္တရာ တရားကိုးပါး၌ ပေါင်းယူသင့်သည် [၁၂]။ တစ်နည်း— လောကုတ္တရာတရားကိုးပါး၊ ပရိယတ် (ပိဋကတ်သုံးပုံ၊ ဘုရားစကားတော်) တရားအားဖြင့် ၁၀-ပါးသော တရားတော်သည် တရားရတနာမည်၏။ [၁၃]။ ဤ၌ မဂ်လေးပါးနှင့် နိဗ္ဗာန်တရားတော်သည်သာ မုချအားဖြင့် တရားရတနာမည်၍ ဖိုလ်လေးပါးနှင့် ပရိယတ်တရားတော်က ဥပစာအားဖြင့် တရားရတနာမည်၏။ [၁၄] (၃) သံဃာရတနာ—မဂ္ဂဋ္ဌာန် လေးယောက်၊ ဖလဋ္ဌာန်လေးယောက်အားဖြင့် အရိယာပုဂ္ဂိုလ်ရှစ်ယောက်အပေါင်းဟု ဆိုအပ်သော အရိယာသံဃာတော် (=ပရမတ္ထသံဃာတော်)သည် သံဃာရတနာမည်၏။ [၁၅] (ပုဗ္ဗစေတနာကို ဒါန၌ ပေါင်းယူအပ်သကဲ့သို့ ကလျာဏပုထုဇဉ် သံဃာကိုလည်း မဂ်ဖိုလ်၏ ရှေးအဖို့ဖြစ်သည့် အကျင့်ပဋ္ဋိပတ်၌ တည်သောကြောင့် အရိယာသံဃာ၌ ပေါင်းယူရ မည်ဟု ဆိုတော်မူကြသည်။ [၁၆])။ သရဏဂုံအရာဌာန ရတနာသုံးပါး(၁) ဘုရားရတနာ— လူတို့၌ သစ္စာလေးပါး တရားကို ဟောကြားတတ်သူတို့ထက် ထူးချွန်လွန်မြတ်သော ဂုဏ်, သာကီဝင်မင်းမျိုးဖြစ်၍ ကာယဒွါရ၌ ပညာရှိသူတော်ကောင်း အဖြစ်ဟူသော ကာယမောနေယျအကျင့် စသည်နှင့် ပြည့်စုံ-အကြွင်းအကျန်မရှိသော ဉေယျတရားတို့ကို သိမြင်သော ဂုဏ်, ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံသောဂုဏ်, တစ်ဆယ့်ခြောက်ချက် မဂ်ကိစ္စကို ပြုပြီးသော ဂုဏ်, နိဗ္ဗာန်ဟူသော တစ်ဘက်ကမ်းသို့ ရောက်တော်မူသော ဂုဏ်, သူမတူသော ကိုယ်တော်အား ဆယ်ပါး, သူတစ်ပါးနှင့် မဆက်ဆံသည့် ဉာဏ်တော်အား ဆယ်ပါး, သမ္မပ္ပဓာန်လုံ့လဝီရိယလေးပါး-တို့နှင့် ပြည့်စုံတော်မူသော ဂုဏ် ဤတစ်စိတ်တစ်ဒေသ အမြွက်မျှ ဖော်ပြအပ်သော ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် (ခန္ဓာအစဉ်)သည် ဘုရားရတနာမည်၏။ [၁၇] တစ်နည်း—အလုံးစုံသော ဉေယျတရားတို့၌ အပိတ်အပင် အတားအဆီး မရှိ ကြွင်းမဲ့ကုန်စင် သိမြင်တတ်သော သဗ္ဗညုတဉာဏ်တော်၏ အကြောင်းဖြစ်သည့် မိမိထက်လွန်ကဲ ထူးမြတ်သော တရားမရှိသည့် အရဟတ္ထမဂ်ဉာဏ်ဖြင့် ထုံအပ်သောခန္ဓာအစဉ်ကို-အစွဲ-အကြောင်း-ပြု၍ ဘုရားဟု ခေါ်ဝေါ်ပညတ်သမုတ်အပ်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်သည် ဘုရားရတနာမည်၏။ တစ်နည်း-သဗ္ဗညုတ ဉာဏ်တော်၏ နီးစွာသော အကြောင်းဖြစ်သည့် သစ္စာလေးပါး တရားတို့ကို ဟုတ်မှန်စွာ သိမြင်တတ်သည့် အရဟတ္ထမဂ်ဉာဏ်တော်ကို အစွဲ(အကြောင်း)ပြု၍ခေါ်ဝေါ်ပညတ်သမုတ်အပ်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်သည် ဘုရားရတနာမည်၏ [၁၈]။ တစ်နည်း—သူတစ်ပါးတို့နှင့်မဆက်ဆံ(သူတစ်ပါးတို့မှာ လုံးဝမရှိ)သည့် အသာဓာရဏ ဂုဏ်တော်တို့သည် ဘုရားရတနာမည်၏။ [၁၉] (၂) တရားရတနာ–မဂ်လေးပါး နိဗ္ဗာန်အားဖြင့် ၂-ပါးသော တရားတော်သည် တရားရတနာမည်၏ [၂၀]။ တစ်နည်း မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ်အားဖြင့် ၁၀-ပါးသော တရားတော်သည် တရားရတနာမည်၏ [၂၁]။ တစ်နည်း-မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန်အားဖြင့် ၉-ပါးသော လောကုတ္တရာ တရားတော်သည် တရားရတနာမည်၏ [၂၂]။ တစ်နည်း-နိဗ္ဗာန် တရားတော်သည် တရား ရတနာ မည်၏ [၂၃]။ (ထိုတွင် ပဌမနည်းကို အဂ္ဂပ္ပသာဒသုတ် [၂၄]အားလျော်စွာ အဋ္ဌကထာဆရာတို့ ဆိုတော်မူကြသည်။ ဒုတိယနည်းကို ဆတ္တမာဏဝက ဝိမာနဝတ္ထုပါဠိတော်[၂၅] အားလျော်စွာ ဆိုတော်မူကြသည်။ တတိယတနည်းကာ-ခုဒ္ဒက၊ ဋ္ဌ-၌ ပြအပ်သော ဧကေဆရာတို့ အယူဝါဒ ဖြစ်သည်။ စတုတ္ထနည်းကား-ဝဇီရဗုဒ္ဓိဋီကာ ဆရာ့အယူဝါဒဖြစ်သည်။ တရားတော် ဆယ်ပါးအနက် ဖိုလ်လေးပါး, ပရိယတ်အားဖြင့် ငါးပါးသော တရားတော်ကို ဥပစာအားဖြင့် တရားရတနာ မည်၏ဟု သာရတ္ထ၊၁၊၁၀-စသည်၌ ဆိုသော်လည်း ယင်း တရားတော် ငါးပါးကို သရဏဂုံ အရာ၌ ကိုးကွယ်ဆည်းကပ်ရမည့် တရားအနေအားဖြင့် ဘုရားကိုယ်တော်တိုင် ညွှန်ကြားတော်မူပါသည်)။ (၃) သံဃာရတနာ-မဂ္ဂဋ္ဌာန် လေးယောက်, ဖလဋ္ဌာန်လေးယောက်အားဖြင့် အရိယာပုဂ္ဂိုလ် ရှစ်ယောက်အပေါင်းဟုဆိုအပ်သော အရိယာသံဃာတော် (ပရမတ္ထ သံဃာတော်)သည် သံဃာရတနာမည်၏။ [၂၆] တစ်နည်း-လောကုတ္တရာစိတ် ရှစ်ပါး, စေတသိက်သုံးဆယ့်ခြောက်ပါးဟူသော သေက္ခ-အသေက္ခ တရားတော်သည် သံဃာရတနာ မည်၏။ သေက္ခ-အသေက္ခ-တရား ဖြစ်ပေါ်လာသည်ကို အစွဲပြု၍ အရိယာပုဂ္ဂိုလ်ဟု ခေါ်သည်။ အရိယာ ပုဂ္ဂိုလ် အပေါင်းသည်ပင် အရိယာ သံဃာမည်ရကား သံဃာရတနာအရ သေက္ခ-အသေက္ခ-တရားကို ကောက်ပြသည်။ [၂၇]။ (သရဏသရူပါဒိဒဿနကျမ်း (၄၆၀)၌ “အချို့သောဆရာမြတ်တို့ကား ကင်္ခါဝိတရဏီဋီကာ [၂၈]ဝယ် ရတနတ္တယ ပဏာမအရာ၌ ကလျာဏပုထုဇဉ် သံဃာကိုလည်း အရိယာသံဃာ၌ သွင်းယူသကဲ့သို့ လည်းကောင်း၊ [၂၉]တို့၌ ကလျာဏပုထုဇဉ်သံဃာကို ဒက္ခိဏေယျသံဃာ သေက္ခပုဂ္ဂိုလ်တို့၌ သွင်းယူသကဲ့သို့ လည်းကောင်း ဤသရဏဂုံအရာ၌လည်း ကလျာဏပုထုဇဉ် သံဃာကိုလည်း အရိယာသံဃာ၌ သွင်း၍ပင် ယူရမည်”ဟုမိန့်ဆိုကုန်၏-”ဟု ပြဆိုသည်)။ ဗုဒ္ဓဘာသာရွတ်ဆိုပုံများထေရဝါဒဗုဒ္ဓဘာသာထေရဝါဒဗုဒ္ဓဘာသာတွင် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရာ၌ ဤသို့ တစ်ညီတည်း ရွတ်ဆိုကြသည်။
မဟာယာနဗုဒ္ဓဘာသာမဟာယာနဗုဒ္ဓဘာသာတွင် တရုတ်ဘာသာစကားအားဖြင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရာ၌ ဤသို့ရွတ်ဆိုကြသည်။
自皈依僧,當願眾生,統理大眾,一切無礙。 တိဘက်ဗုဒ္ဓဘာသာ![]() တိဘက်ဗုဒ္ဓဘာသာတွင် ကိုးကွယ်ဆည်းကပ်ရာ သုံးပါးကို ဖော်ထုတ် ဖော်ပြထားမှုရှိသည်။ ရတနာသုံးပါးကို ပုံစံအားဖြင့် သုံးခုထပ်မံ ခွဲခြားသောအခါ အပြင်၊ အတွင်း၊ လျှို့ဝှက် ပုံစံဟူ၍ ဖြစ်သည်။ အပြင်ပုံစံ မှာ တြိရတန ဟုခေါ်တွင်ပြီး ဘုရား၊ တရား၊ သံဃာ ဖြစ်သည်။ အတွင်းပုံစံမှာ အမြစ်သုံးသွယ် ဖြစ်၍ လျှို့ဝှက်ပုံစံမှာ တြိကာယ (trikaya or three bodies) ဖြစ်သည်။[၃၀] ဂျိန်းဘာသာဂျိန်းဘာသာ၌ ရှိသောရတနာသုံးပါးကို ရတ်နထြယ (ratnatraya) ဟူ၍ ခေါ်ဆိုသည်။ ယင်းသုံးပါးမှာ မှန်ကန်သော ယုံကြည်မှု (Samyak Darshana)၊ မှန်ကန်သော အသိပညာ (Samyak Gyana သို့ samyagjnana) နှင့် မှန်ကန်သော အကျင့် (Samyak Charitra) တို့ဖြစ်ကြ၍ ဂျိန်းဘာသာအရ လွတ်မြောက်ရာလမ်း (သို့) ဝိမုတ္တိမဂ် ဖြစ်သည်။ ဂျိန်းဘာသာ၏ ရတနာသုံးပါးကို အနုပညာသရုပ်ဖော်ရာတွင် ခက်ရင်းခွသုံးချောင်း အဖြစ် ဖော်ပြကြသည်။[၁] ဆက်စပ်ကြည့်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia