လမိုင်းမြို့
လမိုင်းမြို့ (မွန်: ဍုၚ်လၟိုၚ်) သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တွင် ပါဝင်သော မြို့တစ်မြို့ ဖြစ်သည်။ လမိုင်းမြို့ရှိ ထင်ရှားသောနေရာဒေသများမှာ ကျာ်ကေလာသဆံတော်ရှင်ဘုရား၊ နောင်တော်ကြီးစေတီ၊ ကျိုက်ဓာတ်ဇူ သာသနာ၁၅၀၀စေတီ၊ ကိုးနဝင်းစေတီ၊ ဗုဒ္ဓဂါယာမင်္ဂလာစေတီ၊ ကျက်သရေမင်္ဂလာရေလယ်ကန်စေတီ၊ ရာမညနိကာယမူလကမ်းနားကျောင်း၊ ရာမညနိကာယရွေကျောင်း၊ ရာမညနိကာယဘုရာကျောင်း၊ ရာမညနိကာယရာမညကျောင်း၊ ရာမညနိကာယအောင်မင်္ဂလာကျောင်း၊ ရာမညနိကာယသာသနာမေဓါဝီကျောင်း၊ ရာမညနိကာယစောင်းတန်းကျောင်း၊ ရာမညနိကာယအစာထောကျောင်း တို့ဖြစ်ပြီး မူလကမ်းနားကျောင်းသည်လမိုင်းမြို့ရှိ ပထမအဦးဆုံးဘုန်းကြီးကျောင်းဖြစ်သည်။ ထို့ပြင် နတ်ရေကန်ဓမ္မရိပ်သာ၊ မုနိပါလဓမ္မရိပ်သာတို့လည်း ရှိသည်။ လမ်းပမ်းဆက်သွယ်ရေးမှာ ကားလမ်း မီးရထားလမ်းဖြင့် တိုက်ရိုက်သွားရောက်နိုင်သည်။ ထင်ရှားသော ကုလားကုတ်ကျွန်းသည်လည်း လမိုင်းမြို့နယ် အတွင်းတည်ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia