မွန်ဘာသာစကား
ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် ဘာသာမန် ကို ရှာဖွေကြည့်ရှုပါ။ မွန်ဘာသာစကားသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် နေထိုင်ကြသော မွန်လူမျိုးတို့အသုံးပြုသည့်အရှေ့တောင်အာရှသုံး ဘာသာစကားတစ်ခုဖြစ်သည်။ မွန်လူမျိုးတို့သည်အရှေ့တောင်အာရှ၏ အစောဆုံးလူမျိုးစုထဲမှတစ်ခုအပါအဝင်ဖြစ်သည်။ မွန်ဘာသာစကားသည် ကမ္ဘောဒီးယား ဘာသာစကားနှင့် ဆင်တူပြီးအရှေ့တောင်အာရှ ဒေသရှိ ဘာသာစကား အများစုကဲ့သို့ အသံအနိမ့်အမြင့် အတက်အကျရှိသော ဘာသာစကားမဟုတ်ပေ။ ယနေ့ မွန်ဘာသာစကားကို လူဦးရေ တစ်သန်းနီးပါးက ပြောဆိုလျက်ရှိကြသည်။ မကြာသေးမီနှစ်များကမွန်ဘာသာစကားအသုံးပြုမှုမှာ အထူးသဖြင့် ငယ်ရွယ်သောမျိုးဆက်အတွင်း လျင်မြန်စွာကျဆင်းလျက်ရှိသည်။ယခုအခါတွင်မွန်ဆရာတော်ကြီးများ၊ စာပေပညာရှင်များ ဦးစီး၍ မွန်အမျိုးသားကျောင်းများ နွေရာသီမွန်စာသင်တန်းများကိုဖွင့်လှစ်လျှက်ရှိပြီး ဤမှတစ်ဆင့်ခေတ်သစ်မွန်စာတတ်မြောက်နှုန်ကိုမြှင့်တင်လျှက်ရှိသည်။ မြန်မာနိုင်ငံတွင် မွန်ဘာသာစကား ပြောဆိုသူအများစုသည် မွန်ပြည်နယ်တွင် နေထိုင်ကြပြီး၊ တနင်္သာရီတိုင်း ၊ပဲခူးတိုင်း နှင့် ကရင်ပြည်နယ် တို့တွင်လည်း မွန်စကားကို ပြောဆိုကြသည်။ ထိုင်းနိုင်ငံတွင်နေထိုင်ကြသောမွန်လူမျိုးတို့သည်ထိုင်းအစိုးရမှမွန်တို့၏ စာပေ ယဉ်ကျေးမှု အနုသုခုမ များကိုမပျောက်ပျက်အောင်ကူညီထိန်းသိမ်းပေးလျှက်သည်။မွန်စာပေ အရေးအသားသည် အိန္ဒိယနိုင်ငံရှိ ဗြဟ္မီအရေးအသား မှဆင်းသက်လာသည်။ သမိုင်းမွန်ဘာသာစကားသည် ရှေးပဝေသဏီကပင် ရှိနှင့်ပြီးဖြစ်သော်လည်း မြန်မာ့သမိုင်းတွင် အနော်ရထာခေတ်နောက်ပိုင်း တွင်မှအသုံးပြုမှုများပြာလာသော ဘာသာစကားဖြစ်သည်။ အေဒီ ၁၂ ရာစု တိုင်နှောင်းပိုင်း ဧရာဝတီမြစ်ဝှမ်း၏ ဘာသာစကားမတူသူချင်း ဆက်သွယ်ရာတွင် ပြောဆိုကြသည့် အရောအနှောစကား ဖြစ်ခဲ့ပြီး ဧရာဝတီမြစ်ဝှမ်း အောက်ပိုင်း တောင်ကြား မွန်မင်းနေပြည်တော်များ အတွင်းအသုံးပြုခဲ့ကြသည်။ ပုဂံဘုရင်ကျန်စစ်သားမင်း(၁၀၈၄၁၁၁၂)သည် မွန်ယဉ်ကျေးမှုကိုမြတ်နိုးခဲ့ပြီး မွန်ဘာသာစကားကိုအားပေးချီးမြှောက်ခဲ့သည်။ မြန်မာနှင့်မွန်ဆက်သွယ်ရေးလွယ်ကူစေရန်နှင့်လူနည်းစုမွန်လူမျိုးတို့အားအားပေးချီးမြှောက်ရန် ကျန်စစ်သားမင်းသည် မွန်ဘာသာဖြင့် ရေးသားထားသော များစွာသော ကမ္ဗည်းကျောက်စာများကိုထားရစ်ခဲ့သည်။ ထိုအချိန်ကာလအတွင်း ပါဠိ၊ ပျူ၊ မွန် နှင့် မြန်မာစာတို့ဖြင့် မျက်နှာလေးဖက်တွင် အတ္ထုပ္ပတ္တိဇာတ်ကြောင်း တစ်ခုတည်းကို ဖော်ပြရေးသားထားသော ရာဇကုမာရ် ရေးထိုးခဲ့သော မြစေတီကျောက်စာကို ထွင်းခဲ့သည်။ သို့ရာတွင် ကျန်စစ်သားမင်း နတ်ရွာစံပြီးနောက် မွန်ဘာသာစကား အသုံးပြုမှုမှာ မြန်မာလူမျိုးများအတွင်းကျဆင်းခဲ့သည်။ မွန်နှင့်ပျူတို့အစားရှေးဗမာဘာသာစကားကို ဘာသာစကားမတူသူချင်း ဆက်သွယ်ရာတွင်ပြောဆိုကြသည့် အရောအနှောစကား အဖြစ် စတင် အစားထိုးခဲ့ကြသည်။ ပျက်သုဉ်းသွားသော ဒွါရဝတီမင်းနေပြည်တော်မှ မွန်ကမ္ဗည်းစာများမှာ ထိုင်းနိုင်ငံတွင် ပြန့်ကျဲနေသည်။ သို့ရာတွင် ဝင်ရောက်နေထိုင်ကြသူများမှာ မွန်၊ မွန်နှင့်မလေး ကပြားများ၊ သို့မဟုတ် ခမာများ ဖြစ်ကြသည်ဟူ၍ကား ရှင်းလင်းကွဲပြားမှု မရှိပါချေ။ နောက်မှပေါ်ပေါက်လာသော ကမ္ဗည်းစာများနှင့် လာဗိုကဲ့သို့သော မင်းနေပြည်တော်များတို့မှာ ခမာတို့ လက်အောက်ခံဖြစ်ကြသည်။ ပုဂံကျရှုံးပြီးနောက် မွန်ဘာသာစကားကို ယခုခေတ် အောက်မြန်မာပြည် ဖြစ်သော လွတ်လပ်သည့် မွန်မင်းနေပြည်တော် ဟံသာဝတီ ပဲခူး (၁၂၈၇-၁၅၃၉) တွင် ဘာသာစကားမတူသူချင်း ဆက်သွယ်ရာတွင် ပြောဆိုကြသည့် အရောအနှောစကားအဖြစ် ပြန်လည်အသုံးပြုလာခဲ့ကြသည်။ ၁၈၅၂ ခုနှစ် အောက်မြန်မာပြည်ကို ဗြိတိသျှ တို့သိမ်းပိုက်ခဲ့ပြီးနောက် ပြောင်းလဲခဲ့ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ တွင်လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် လာရောက် ရွှေ့ပြောင်းနေထိုင်ခြင်းကို အားပေးခဲ့သည်။ ဒေသတွင်းသို့ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့မှ လူများအပါအဝင် မြန်မာနိုင်ငံ၏ အခြားသော နေရာဒေသ များမှလူများ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့လာရောက် နေထိုင်ခြင်းသည် မွန်ဘာသာစကားကို အဆင့် လျှော့ကျစေခဲ့သည်။ ကိုလိုနီဗြိတိသျှတို့ အုပ်စိုးခဲ့စဉ်ကာလအတွင်း ဘာသာစကားမှာ နည်းပါးဆုတ်ယုတ်ခဲ့ပြီး ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးအချိန်မှစ၍ ပြောဆိုသူအရေအတွက် လျင်မြန်စွာ ကျဆင်းမှုကို တွေ့ကြုံခဲ့ရသည်။ နောက်ဆက်ခံသော မြန်မာအစိုးရတို့မှ ထောက်ပံ့မှု အနည်းငယ် သို့မဟုတ် လုံးဝမရရှိဘဲ မွန်ဘာသာစကား (အထူးသဖြင့် မွန်အရေးအသား) ကို အများစုအားဖြင့် မွန်ဘုန်းတော်ကြီးများက ဆက်လက် ပြန့်ပွားစေခဲ့သည်။ မွန်ဘာသာစကား သုံးစွဲမှုလမ်းညွှန်မှာ ထိုင်း-မြန်မာနယ်စပ် မွန်တော်လှန်ရေးသမားများ ထိန်းချုပ်သော နယ်မြေဒေသထဲ၌ ရှင်သန်နေပါသည်။ (နောက်ပိုင်ကာလတွင် မွန်ကျေးရွာများတွင် ကိုယ်ထူကိုယ်ထ မူလတန်းနှင့်အလယ်တန်းထိကျောင်းများဖွင့်နိုင်ခဲ့ပါတယ် ဆရာ/မ များကိုဆရာဖြစ်သင်တန်း ဖွင့်ပေးခဲ့သလို အစိုးရပြဋ္ဌာန်းစာတွေလည်း သင်ကြားရပါတယ် မြန်မာစာကို မြန်မာလို သင်ပြီးသင်္ချာ၊ပထဝီ၊သမိုင်း၊သိပ္ပံ၊သဒ္ဒါ၊သင်္ဂြိုဟ် ကိုမွန်ဘာသာဖြစ် သင်ကြားရပါတယ်) ပုဂံခေတ် စောလူးမင်း ကျောက်စာအား မြစ်သားမြို့၌ တွေ့ရှိခဲ့ပြီး မြန်မာ့သမိုင်းတွင် သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသည့် ကျောက်စာများအနက် အစောဆုံး ကျောက်စာတစ်ချပ်ဖြစ်သည်။ ကျောက်စာ၏ အရှေးမျက်နှာတွင် မွန်အက္ခရာနဲ့ ပါဠိဘာသာက (၈) ကြောင်းခန့်ရှိပြီး ကျန်တွေက မွန်ဘာသာဖြစ်သည်၊၊ ကျောဘက်မျက်နှာ ပထမဦးဆုံးအပိုင်း၌ နာဂရီအက္ခရာဖြင့် သက္ကတဘာသာက (၈) ကြောင်း၊ နောက်ပြီး အိန္ဒိယတောင်ပိုင်းအက္ခရာဖြင့် ပါဠိဘာသာက (၂၁) ကြောင်း၊ အောက်ဆုံးက ပျူအက္ခရာနှင့် ပျူဘာသာဖြင့် စာ (၇) ကြောင်းအသီးသီး ရေးထိုးထားသည်၊၊ ကျောက်စာတခုလုံးကို ကြည့်လျှင် အက္ခရာလေးမျိုး ဘာသာစကားလေးခုဖြင့် ရေးထိုးထားသော ကျောက်စာဖြစ်သည်၊၊ ဒေသသုံးစကားများမြန်မာနိုင်ငံတွင် မွန်လူမျိုးတို့နေထိုင်သည့် ဒေသအမျိုးမျိုးမှ လာသော ဒေသသုံး မွန်ဘာသာစကား အဓိက သုံးမျိုးရှိသည်။ ၎င်းတို့မှာအလယ်ပိုင်းဒေသသုံးစကား (မုတ္တမ နှင့်မော်လမြိုင်ပတ်ဝန်းကျင်ဧရိယာ)၊ ပဲခူး နှင့် ရေး တို့ဖြစ်သည်။ အားလုံးမှာ အပြန်အလှန် နားလည်နိုင်သည်။ ထိုင်းမွန်တို့တွင်မွန်တို့၏ မြန်မာဒေသသုံးစကားနှင့်ခြားနားချက်အချို့ရှိသော်လည်း ၎င်းတို့ကိုနှစ်ဖက်စလုံးမှနားလည်နိုင်သည်။[၄] ကမ္ဘာ့ဘာသာစကားရင်းမြစ်ဆိုင်ရာ ထုတ်ဝေမှုများက မွန်ဒေသိယသုံးဘာသာစကားများကို အောက်ပါအတိုင်း စာရင်းပြုစုထားသည်။
ထိုင်းနိုင်ငံ၌နေသော မွန်များ၏ ဘာသာစကားသည် မြန်မာနိုင်ငံရှိ မွန်ဘာသာစကားနှင့် ကွဲပြားမှု အချို့ရှိသော်လည်း အပြန်အလှန် နားလည်နိုင်စွမ်းရှိသည်။ မွန်တို့၏ ထိုင်းဒေသိယဘာသာစကားများကို 'ပျောက်ကွယ်နိုင်သည့် စိုးရိမ်အနေအထား' ရှိသည်ဟုလည်း သတ်မှတ်ယူဆကြသည်။[၅] အရေးအသားကွဲပြားသော စာလုံးအတော်များများနှင့် မြန်မာစကားတွင်မရှိသောအသံထွက်စနစ်ကိုပြသည့်အသံထွက်ကွဲအောင် စာလုံးပေါ်တွင်ပြသော အမှတ်အသားများကို အသုံးပြုသည်။ အလယ်စာလုံး “လ” ၏ အသံထွက်ကွဲအောင် စာလုံးပေါ်တွင်ပြသော အမှတ်အသားကို စာလုံး၏ အောက်တည့်တည့်တွင် ရေးသည်။ သဒ္ဒဗေဒ (အသံထွက်များကိုလေ့လာသည့်ပညာ)ဗျည်းများ
သရများ
အသံ ပိုင်းဆိုင်ရာမှတ်တမ်းများပတ်ဝန်းကျင်ရှိ မြန်မာ နှင့် ထိုင်း ဘာသာစကားများနှင့် ကွဲပြားစွာ၊ မွန်ဘာသာစကားမှာ အသံအနိမ့်အမြင့် အတက်အကျရှိသော ဘာသာစကားမဟုတ်ပေ။ မွန်-ခမာ ဘာသာစကား အတော်များများတွင် သရအသံထွက် သို့မဟုတ် အသံအနိမ့်အမြင့်ရှိသော သရသံစနစ်ကို အသုံးပြုသည်။ ထိုစနစ်တွင် အသံထွက်ရာတွင် ပြုလုပ်လိုက်သော အသံ၏ အရည်အသွေးမှာ ဘာသာစကား၏ အသံရင်းများနှင့် ဆိုင်သည်။ မွန်ဘာသာစကားတွင် သရသံ အနိမ့်အမြင့် နှစ်ခုရှိသည်။
အောက်ဖော်ပြပါဥပမာမှာ အသံလေးလေးထွက်ရန် သရအက္ခရာပေါ်၌ ဖော်ပြထားသော အမှတ်အသား ဖြစ်သည်။ နာမ်များ နှင့် နာမ်ပုဒ်များအနည်းကိန်း နှင့် အများကိန်း မွန်ဘာသာစကား နာမ်များမှာ ကိန်းဂဏန်းများအတွက် သရသံပြောင်းလဲခြင်း မရှိပါ။ ဆိုလိုသည်မှာ၎င်းတို့၌ အနည်းကိန်းနှင့် အများကိန်းအတွက် သီးခြားပုံစံများမရှိပါ။
ငါ့နာမည်သည်ရှိုင်းထက်အာင်
'ပန်းသီးနှစ်လုံး' [၆]မွန်ဘာသာအရေးသား
အမျိုးအစားသတ်မှတ်ခွဲခြားခြင်းအခြားသော အရှေ့တောင်အာရှ ဘာသာစကားများကဲ့သို့ မွန်ဘာသာစကားတွင် အမျိုးအစား ခွဲခြားသတ်မှတ်ခြင်းများရှိပြီး ကိန်းဂဏန်းများနှင့် တွဲဖက် ပေါ်ထွက်လာသော နာမ်တို့အတွက် အသုံးပြုသည်။ အမျိုးအစားသတ်မှတ် ရွေးချယ်နိုင်ရန်မှာ နာမ်ပါဝင်သော စကားလုံးများနှင့် ဝါကျများ၏ အဓိပ္ပာယ် ပြောင်းလဲမှုအပေါ် မူတည်သည်။
'ဘောပင်တစ်ချောင်း'
'သစ်ပင်တစ်ပင်' ဝါကျများမှန်ကန်သောဝါကျများ အောက်ဖော်ပြပါ ဥပမာများအတိုင်း မွန်ဘာသာစကား ဝါကျများအတွက် သမားရိုးကျစာလုံး အစီအစဉ်မှာ ကတ္တား-ကြိယာ-ကံ တို့ဖြစ်သည်။
'ကျွန်တော်ဆန်ဝယ်ခဲ့သည်။'
'သူတို့ ကျွန်တော့်ကို အင်္ဂလိပ်စာ သင်ပေးခဲ့သည်။' မေးခွန်းများဟုတ်သည်-မဟုတ်ပါ မေးခွန်းများကိုဝါကျအဆုံးစကားလုံး ဟ ဖြင့်ဖော်ပြထားသည်။
'သင်ထမင်းစားပြီးပြီလား။' Wh မေးခွန်းများဟုခေါ်သော ဘာကြောင့်ဟူသော အကြောင်းပြ မေးခွန်းမျိုးကို မတူညီသော ဝါကျအဆုံးစကားလုံး ရောင် ဖြင့်ဖော်ပြထားသည်။ အမေးဝါကျ စကားလုံးတို့သည် Wh မေးခွန်းစာလုံးများနှင့် အတူတွဲနေရန်မလိုပေ။ အဓိပ္ပယ်မှာ ၎င်းမေးခွန်းစာလုံးကို ဝါကျရှေ့၌ထားရန်မလိုအပ်ပေ။
'တာလာအောင်း ဘာလျှော်ခဲ့သလဲ။' ရည်ညွှန်းကိုးကား
|
Portal di Ensiklopedia Dunia