လွမ်ပရာဘမ်မြို့
လွမ်ပရာဘွမ်မြို့[၄][၅][၆][၇] (လာအို: ຫລວງພະບາງ/ຫຼວງພະບາງ; အဓိပ္ပာယ်အားဖြင့် 'တော်ဝင် ဗုဒ္ဓရုပ်ပွားတော်မြို့' ) သည် လာအိုနိုင်ငံ မြောက်ဘက်အလယ်ပိုင်းရှိ မြို့တော်တစ်ခု ဖြစ်ပြီး[၈]အနီးအနားတွင် ကျေးရွာ ၅၈ ခု ရှိကာ ကျေးရွာ ၃၃ ခုမှာ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်သော "လွမ်ဘရာဘွမ်မြို့" သတ်မှတ်ချက်တွင် ပါဝင်သည်။[၉][၁၀] ၎င်းအား ၁၉၉၅ ခုနှစ်တွင် စာရင်းသွင်းခဲ့ခြင်း ဖြစ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားသော ဗိသုကာ၊ ဘာသာရေး နှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ ရာစုနှစ်အချို့ ကြာအောင် ကျေးလက်နှင့် မြို့ပြ ရောနှော ဖွံ့ဖြိုးခဲ့သော လက္ခဏာများ နှင့် ၁၉ ရာစုနှင့် ၂၀ ရာစုအတွင်း ပြင်သစ် ကိုလိုနီ လွှမ်းမိုးမှုများကြောင့် ဖြစ်သည်။[၁၁] မြို့လယ်ခေါင်တွင် အဓိက လမ်းမကြီး ၄ ခု ရှိပြီး နမ်ခန်းမြစ် နှင့် မဲခေါင်မြစ်တို့ဆုံတွေ့ရာ မြစ်ဆုံတွင် တည်ရှိသည်။ လွမ်ပရာဘွမ်သည် များပြားလှစွာသော ဗုဒ္ဓဘာသာ ပုထိုးများ နှင့် ဘုန်းကြီးကျောင်းများကြောင့် ထင်ရှားသည်။ မနက်တိုင်းတွင် ဘုန်ကြီးကျောင်းအများအပြားမှ ဘုန်းကြီးများသည် လမ်းမများသို့ ဆွမ်းခံကြွလေ့ ရှိသည်။ မြို့၏ အဓိက အထင်ကရ နေရာတစ်ခုမှာ ဖိုးစီတောင် ဖြစ်ပြီး ၁၅၀ မီတာ (၄၉၀ ပေ) မျှ မြင့်မားသဖြင့် မြို့နှင့်ယှဉ်လျှင် အလွန်ကြီးနေသည်။ မတ်စောက်သော လှေခါးဖြင့် "ဝပ်ချောင်စီ" ဘုရားသို့ တက်သွားနိုင်ပြီး မြို့နှင့် မြစ်များကို အပေါ်စီးမှ ကြည့်ရှုနိုင်သည်။[၁၂] မြို့တော်သည် ယခင်က လွမ်ပရာဘွမ် ဘုရင့်နိုင်ငံ၏ မြို့တော် ဖြစ်ခဲ့သည်။ ရှေးဟောင်း အမည်အဖြစ် "ရှန်းသောင်း" ဟုလည်း သိကြသည်။[၁၃] ယခင်က လာအိုနိုင်ငံ၏ တော်ဝင်မြို့တော် နှင့် အစိုးရ ရုံးထိုင်ရာ မြို့ဖြစ်ခဲ့သည်မှာ ၁၉၇၅ ခုနှစ် ပသက်လာအို အာဏာရသည့် အချိန် အထိ ဖြစ်သည်။ မြို့တော်သည် လွမ်ပရာဘွမ်ပြည်နယ်ရှိ လွမ်ပရာဘွမ် ခရိုင်တွင် တည်ရှိပြီး ပြည်နယ်၏ မြို့တော်နှင့် အုပ်ချုပ်ရေးဌာနလည်း ဖြစ်သည်။ မြို့တော်ဖြစ်သော ဗီယင်ကျန်းမြို့ မှ မြောက်ဘက် ၃၀၀ km (၁၉၀ mi) အကွာတွင် တည်ရှိသည်။ လက်ရှိတွင် မြို့တော်နေ လူဦးရေ အကြမ်းမျဉ်းအားဖြင့် ၅၆,၀၀၀ ခန့်ရှိပြီး ယူနက်စကို ထိန်းသိမ်းထားသော နယ်မြေတွင် နေထိုင်သူမှာ ၂၄,၀၀၀ ခန့် ရှိသည်။[၉][၁၄][၁၅] ခံတွင်းတွေ့စရာဒေသစာများတွင် အိုလမ် (တာလပေါ)၊ လွမ်ဖဘန်ဝက်အူချောင်း၊ မော့ပ (ငါးပေါင်း)၊ ခိုင်ပန် (မဲခေါင်မြစ်မှရသော ရေညှိခြောက်ဖြင့် လုပ်သောမုန့်) နှင့် နာမည်ကြီးလှသော ဂျူဘောင်း (ငရုပ်သီးထောင်း) တို့ ပါဝင်သည်။[၁၆] ပို့ဆောင်ဆက်သွယ်ရေးလေကြောင်းလောင်ဖဘန်နိုင်ငံတကာလေဆိပ်မှ ချိတ်ဆက်ထားသောနိုင်ငံများသို့ သွားလာနိုင်သည်။ ကုန်းလမ်းလမ်းမကြီး ၁၃ နှင့် ဆက်နေပြီး တောင်ဘက်တွင် ဗန်ဗီအန်နှင့် ဗီယင်ကျင်း၊ မြောက်ဘက်တွင် ဘိုတန်းတို့သို့ သွားနိုင်သည်။ လမ်းခင်းထားသော်လည်း အချို့နေရာများတွင် ကြမ်းသည်။ ၂၀၁၄ မှစ၍ ကစီ (ဗန်ဗီအန်နားမှ မြို့) နှင့် လွမ်ဖဘန်ကို လမ်းသစ်ဖေါက်ရာ အချိန် ၂ နာရီခန့် ခရီးတိုသွားသည်။ ဗီယန်ကျင်းမှ လွမ်ဖဘန်သို့ နေ့စဉ် အဝေးပြေးကားများဆွဲပြီး ၁၁-၁၃ နာရီမျှ စီးရသည်။[၁၇] ဝှေ့ဆိုင် (ထိုင်းနိုင်ငံနှင့် မဲခေါင်မြစ်သာခြားသော နယ်စပ်မြို့) နှင့် လောင်ဖဘန်လမ်းမှာ လမ်းဆိုးပြီး လမ်းမီးမရှိသည့်အပြင် မိုးကာလ၌ အလုအယက်များရှိတတ်သည်။ ဤလမ်းမှသွားသော အဝေးပြေးကားများမှာ ၁၄-၁၆ နာရီမျှ စီးရသည်။[၁၇] ဗီယက်နမ်မှ လွမ်ဖဘန် သို့မဟုတ် ဗန်ဗီအန်သို့ပြေးသော ညအိပ်ကားများကို ဟနွိုင်၌ စီးနိုင်သည်။ ရေကြောင်းမဲခေါင်မြစ်ကို ရေကြောင်းအဖြစ် အဓိကသုံးသည်။ ဝှေ့ဆိုင်နှင့်မျက်နှာချင်းဆိုင် ထိုင်းနိုင်ငံမှ ချန်းခေါင်မြို့နှင့် ဝှေ့ဆိုင်ကို ဇက်ဖြင့် ကူးနိုင်ပြီး ဝှေ့ဆိုင်မှ လွမ်ဖဘန်ကို ၂ ရက်မျှ သွားရသည်။ ပုံမှန်အားဖြင့် ပက်ဘန်းရွာ၌ တထောက်နားလေ့ရှိသည်။ မီးရထားလမ်း၂၀၂၁ ခု၌ ပြီးမည်ဖြစ်သော ဗီယန်ကျင်း-ဘိုတန်းရထားလမ်းပိုင်းတွင် လွမ်ဖဘန်၌လည်း ရပ်မည်ဖြစ်သည်။ ဤရထားလမ်းမှာ လမ်းမကြီး ၁၃ နှင့်အပြိုင်ပြေးပြီး လာအို၏ တောင်နှင့်မြောက်ကိုဆက်သော အဓိကရထားလမ်းဖြစ်လာပေမည်။ ကားဖြင့် ၃ ရက်သွားရသော ဤခရီးမှာ ရထားဖြင့်သွားပါက ၃ နာရီမပြည့်ခင် ရောက်မည်ဟု ခန့်မှန်းကြသည်။[၁၈] [၁၉] အခြေမှတ်စုလာအိုစကားဖြင့် နမ်သည် မြစ်၊ ပူးသည် တောင်၊ ဝပ်သည် ဘုရား၊ ပက်သည် ရွာ စသဖြင့် အဓိပ္ပာယ်ပါပြီးဖြစ်သော်လည်း နမ်ခန်မြစ်၊ ပူးစီ၊ ဝပ်ချွမ်စီစေတီ၊ ပက်ဘန်းရွာ ဟူ၍ မြန်မာဝေါဟာရ လိုက်ထည့်ထားသည်။ ကွဲပြားသိသာစေရန်ဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia