ဝင်းမြတ်အေး
ဒေါက်တာ ဦးဝင်းမြတ်အေး (၁ ဇွန် ၁၉၅၄ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် ၄ ကိုယ်စားပြု အမျိုးသားလွှတ်တော် အမတ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူသည် ကလေးအထူးကုဆရာဝန်တစ်ဦး ဖြစ်ပြီး ဆေးတက္ကသိုလ် (မကွေး)၏ ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၆ မတ်လ ၂၂ ရက်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၁][၂][၃][၄] ဒေါက်တာဝင်းမြတ်အေးသည် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။ အစောပိုင်းဘဝနှင့် ပညာရေးဦးဝင်းမြတ်အေးကို ၁၉၅၄ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ပဲခူးတိုင်း၊ ပြွန်တန်ဆာမြို့တွင် မွေးဖွားသည်။ ၁၉၈၀ မတ်လတွင် ဆေးပညာဘွဲ့၊ ၁၉၉၄ ဖေဖော်ဝါရီတွင် ဆေးပညာမဟာသိပ္ပံဘွဲ့ (ကလေးကျန်းမာပညာ) နှင့်[၅] ၂၀၀၆ အောက်တိုဘာလတွင် ဆေးလက်တွေ့ပါရဂူဘွဲ့ (ကလေးကျန်းမာပညာ) များကို ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ရရှိခဲ့သည်။[၅] နိုင်ငံဝန်ထမ်းဘဝဦးဝင်းမြတ်အေးသည် ၁၉၈၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ လက်ထောက်ဆရာဝန် ရာထူးဖြင့် ရန်ကုန်ကလေးဆေးရုံကြီး တွင် လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ဝေဘာဂီဆေးရုံကြီးတွင် အထူးကုဆရာဝန် (ကလေးကျန်းမာ) တာဝန်များကို ထမ်းဆောင်ခဲ့သည်။[၆] ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ကထိက၊ ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တွဲဖက်ပါမောက္ခတာဝန်များကို ဆေးတက္ကသိုလ် (မကွေး)တွင် လည်းကောင်း၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တွဲဖက်ပါမောက္ခ၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ပါမောက္ခအဖြစ် ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၃ တွင် ဦးဝင်းမြတ်အေးသည် ဆေးတက္ကသိုလ် (မကွေး)၏ ပါမောက္ခချုပ်အဖြစ် ၂၀၁၄ ခုနှစ် မေလ ၃၀ ရက်နေ့ အငြိမ်းစားယူသည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၆] နိုင်ငံရေးလုပ်ကိုင်ခြင်း၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် ၄ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။[၇] မိသားစုသူသည် သားဖွားမီးယပ်ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဒေါ်မြသီတာနှင့် လက်ထပ်ခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia