ဝပြည်နယ်ပြည်သူ့အစိုးရ
ပြည်သူ့အစိုးရအောက်တွင် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရုပ်သံလွှင့်ဌာန၊ ဆောက်လုပ်ရေးဌာန၊ ဆည်မြောင်းဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဌာန၊ လျှပ်စစ်ဌာန၊ တိုင်းရင်းသားနှင့် သာသနာရေးဌာန၊ သတ္တုတွင်း၊ ဟိုတယ်လုပ်ငန်း၊ စည်ပင်၊ ရဲဌာန စသည်များ ဖွင့်လှစ်ထားရှိပြီး အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်သည်။ ဌာနများကို ဌာနကြီးမှူးများက တာဝန်ယူသည်။
ဝဒေသ အုပ်ချုပ်ဖွဲ့စည်းမှုမူလ"ဝ"ဒေသပန်ဆန်း(ပန်ခမ်း)တွင် UWSP/UWSA ဌာနချုပ် ထားရှိသည်။ မူလ ဝ ဒေသအား ဝနယ်မြောက်ပိုင်းဟုလည်း ခေါ်ကြသည်။ ဝမြောက်ပိုင်းအား ခရိုင် သုံးခုနှင့် အထူးမြို့နယ် နှစ်ခုဖြင့် ဖွဲ့စည်းထားရှိသည်။ ၎င်းတို့မှာ-
မိုင်းမောခရိုင်မိုင်းမောခရိုင်သည် ဝ နယ်မြောက်ပိုင်းဖြစ်ပြီး မြို့နယ် ၁၁ မြို့နယ် ထည့်သွင်းစည်းထားသည်။ မိုင်းမောခရိုင်အတွင်းရှိ မြို့နယ်များမှာ -
မိုင်းမောခရိုင်အတွင်း မြို့နယ် (၁၁)မြို့နယ်၊ ကျေးရွာအုပ်စု (၉)အုပ်စု၊ ကျေးရွာပေါင်း (၇၄၀)၊ လူဦးရေ ၂ သိန်း ၉သောင်း ရှိပြီး လူဦးရေ၏ ၉၅% မှာ ဝ လူမျိုးများဖြစ်ကြသည်။ မိုင်းမောခရိုင် မြောက်ဘက်နှင့် အရှေ့ဘက်တွင် တရုတ်ပြည်နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေပြီး အနောက်ဘက်တွင် သံလွင်မြစ်နှင့် တပ်မတော်ထိမ်းချုပ်ထားသည့် ဟိပုန်၊ ပန်လုံ ဒေသရှိသည်။ မိုင်းလင်းခရိုင် (ဝိန်းကောက်)မိုင်းလင်းခရိုင်သည် ဝိန်းကောက်၌ အခြေပြု၍ ဝ ဒေသ၏ အလယ်ပိုင်းဖြစ်သည်။ မြို့နယ် ၅ မြို့နယ် ပါဝင်ဖွဲစည်းထားသည်။
မိုင်းလင်းခရိုင်ရုံးအား ဝိန်းကောက်တွင် အခြေစိုက်သည်။ မပြည့်စုံသေးသောစာရင်းအရ မိုင်းလင်းခရိုင်အတွင်း ကျေးရွာအုပ်စု (၂၂)စု၊ ကျေးရွာ (၃၀၀)ခန့် ရှိပြီး လူဦးရေ (၉)သောင်းခန့်ရှိသည်။ မန်မန်းဆိုင်၏ အနောက်ဘက် သံလွင်မြစ်တလျောက်တွင် အစိုးရထိမ်းချုပ်ထားသည့် တန်ယန့်မြို့နယ်နှင့် ၎င်း၊ အနောက်မြောက်ဘက်တွင် မက်မန်းမြို့နယ်၊ မော်ဖာဒေသနှင့်၎င်း ဆက်စပ်နေသည်။ မိုင်းပေါက်ခရိုင်
စိစစ်ဆဲမိုင်းပေါက်ခရိုင်သည် အထက်တွင်ဖော်ပြထားသကဲ့သို့ မြို့နယ် (၆)မြို့နယ် ထည့်သွင်းဖွဲ့စည်းထားပြီး ကျေးရွာအုပ်စု (၃၅)စု၊ ကျေးရွာ (၃၇၃)ရွာ၊ လူဦးရေ (၉)သောင်းခန့် ရှိသည်။ အရှေ့ဘက်တွင်တရုတ်နယ်နမိတ်နှင့်ဆက်စပ်နေပြီး တောင်ဘက်တွင် တပ်မတော်ထိမ်းချုပ်ရာ မိုင်းယန်း၊ မိုင်းခတ်ဒေသနှင့် ဆက်စပ်နေသည်။ [၁] ကိုးကား
|
Portal di Ensiklopedia Dunia