ဝါးလရပ်ဖျံ

Walrus
Temporal range: Pleistocene ကာလ မှ လက်ရှိခေတ်
Male Pacific walrus
Female Pacific walrus with young
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Clade: Pinnipedia
မျိုးရင်း: Odobenidae
မျိုးစု: Odobenus
Brisson, 1762
မျိုးစိတ်:
O. rosmarus
ဒွိနာမ
Odobenus rosmarus
မျိုးစိတ်ခွဲ

O. rosmarus rosmarus
O. rosmarus divergens
O. rosmarus laptevi (အငြင်းပွားဆဲ)

ဝါးလရပ်ဖျံကြီးများ နေထိုင်ကျက်စားရာဒေသများ
Synonyms

မြောက်ဘက် ပင်လယ်ဒေသများတွင်နေထိုင်သော ဝါးလရပ်ဖျံကြီးမျိုး (အင်္ဂလိပ်: Walruses) သည် နို့တိုက်သတ္တဝါအမျိုးအစားတွင် ပါဝင်သည်။ သူတို့အရေပြားအောက်တွင် ထူထဲသော အဆီပြင်က သူတို့ကို အေးခဲမှုဒဏ်မှ ကာကွယ်ပေးထားသည်။ ဝါးလရပ်ဖျံများတွင် ရှည်လျားသောသွားများကို ပိုင်ဆိုင်ထားကြသည်။ ဝါးလရပ်ဖျံများသည် ရေထဲတွင် အစာရှာစားကြသည်။ ပင်လယ်အောက်ကြမ်းပြင်တွေမှာ တွေ့ရှိရသော ယောက်သွားကောင်တွေကို စားသောက်လေ့ရှိသည်။

ဝါးလရပ်ဖျံ ကြီးများသည်ရေသတ္တဝါများတွင် ပုံပန်းအတော်ထူးဆန်းလှပေ သည်။ ထိုးထိုးထောင်ထောင် ငေါထွက်နေသော နှုတ်ခမ်းမွေး ကျင်စွယ် အနည်းငယ်ခန့်သည် ကြီးမားဖူးကြွလျက်နေသော နှုတ်သီးကြီးများကြောင့် အဝေးမှကြည့်လျှင်ပင် သိသာသည်။ ယင်းတို့၏ အပေါ်မေးရိုးမှ အောက် ဘက်သို့ထွက်ပြူလျက်ရှိသော အစွယ်ကြီးနှစ်ချောင်းမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင် ကြီးမားလှသည်။ ဤအစွယ်ကြီးမှာ ဝါးလရပ်ဖျံ မျိုးတို့အတွက် အဖိုးမဖြတ်နိုင်သော အင်္ဂါတစ်ခုဖြစ်ပြီးလျှင် တစ်ခါတစ်ရံ နှစ်ပေခန့်အထိ ရှည်လျားတတ်၍ လုံးပတ်လေးလက်မအထိရှိသည်။ အစွယ် တစ်ချောင်း၏ အလေးချိန်သည် ၁ဝ ပေါင်ကျော်အထိ ရှိသည်။ ဝါးလရပ်ဖျံ၏ အတွန့်တွန့်ဖြစ်လျက်ရှိသော အရေထူကြီးသည် အမွေးမရှိသလောက်ပင် ပြောင်ချော၍နေသည်။ ကိုယ်လုံးကိုယ်ထည်သည် ကြီးမားလေးလံပြီးလျှင် ပခုံးဆီလောက်တွင် ကိုယ်ခန္ဓာသည် ပြက် အကျယ်ဆုံးဖြစ်သည်။

ဦးခေါင်းသည် ရှေ့တည့်တည့်ကကြည့်လျှင် လေးထောင့်မြင်ရ၍ အနောက်ကကြည့်လျှင်မူ လုံးဝန်းလျက်နေပေသည်။ ယင်း၏နှာသီးမှာ တို တောင်း၍ ပြက်ကျယ်ပြီးလျှင် တစ်ဖက်တစ်ချက်တွင် ဆိုခဲ့သည့်အတိုင်း သန်စွမ်းသော နှုတ်ခမ်းမွေးများ အပြိုင်းပြိုင်းထောင်လျက်ရှိပေသည်။ ဝါးလရပ်ဖျံ၏ ကိုယ်အရှည်သည် ၁ဝ ပေမှ ၁၂ ပေအထိ ရှည်ပြီးလျှင် ကိုယ်အလေးချိန် ပေါင် ၂,ဝဝဝ မှ ၃,ဝဝဝ အထိ ရှိတတ် သည်။

ဝါးလရပ်ဖျံသည် အစွယ်ကြီးများဖြင့် ရေအောက်ရွှံ့နွံများအကြားမှ ယောက်သွားနှင့် ကမာမျိုးများကို တူးဖော်စားသောက်သည်။ ကျောက်တုံး ကြီးများတွင် ကပ်နေသော ပင်လယ်ရေညှိပင်များကိုလည်း ထိုအစွယ်ကြီး များဖြင့်ပင် ကုတ်ခြစ်စားသောက်၏။ ယင်း၏ အစွယ်ကြီးသည် အစာရှာဖွေ စားသောက်နိုင်ရန် အထောက်အပံ့ပြုရုံသာမက အသက်စည်းစိမ် ကာကွယ် ရေးအတွက်လည်း များစွာအသုံးကျပေသည်။ ယင်းကို တိုက်ခိုက်မည့် ရန်သူဖြစ်သော ဝင်ရိုးစွန်းဝက်ဝံ စသောတိရစ္ဆာန်ကြီးများကို ထိုလက်နက် ဖြင့်ပင် ခုခံတွန်းလှန်လေသည်။

ဝါးလရပ်ဖျံကြီးသည် ယင်းသို့ လက်နက်ကောင်းတစ်ရပ် ရှိငြား သော်လည်း တိုက်ခိုက်လိုစိတ်မရှိချေ။ အေးဆေးငြိမ်းချမ်းစွာနှင့် ရန်မလို တတ်သော သဘောရှိသည်။ ရေထဲတွင် လျင်မြန်ဖျတ်လတ်စွာ ကျက်စား သွားလာနေသော ငါးတို့၏နောက်သို့လည်း လိုက်လံဖမ်းယူစားသောက်ခြင်း မပြုပေ။ လွယ်လင့်တကူ ဖမ်းယူရရှိနိုင်သော ယောက်သွားနှင့် ကမာမျိုးကို သာ ရှာဖွေယူပြီးသော် ခိုင်မာလှသော သွားကြီးများဖြင့် ကိုက်ခွဲကာ စား သောက်လေ့ရှိသည်။ သို့မဟုတ်လျှင်လည်း ပင်လယ်ရေညှိပင်များကို တမြုံ့မြုံ့ဝါးနေတတ်သည်။

ဝါးလရပ်ဖျံကြီးများသည် အစုအအုပ်ဖွဲ့ကာ တစ်စုတစ်ဝေးကြီး သွားလာကျက်စားတတ်သော တိရစ္ဆာန်မျိုးဖြစ်၏။ ယင်းတို့ တစ်စုဆုံမိကြ လျှင် တစ်ကောင်၏ကျောကို တစ်ကောင်ကမှီလျက် ဝက်ကြီးများကဲ့သို့ စည်းစိမ်ယူကာ လဲလျောင်း၍ နေလေ့ရှိကြသည်။ ထိုသို့ အပေါင်းအဖော် များနှင့် ကောင်းစွာစည်းစိမ်ယူနေစဉ်အတွင်း ဝါးလရပ်ဖျံကြီးတစ်ကောင် နှစ် ကောင်က မလှမ်းမကမ်းမှနေ၍ ကင်းစောင့်နေတတ်ပြီးလျှင် မကြာခဏ အနားယူနေသော မိမိအဖော်များ၏ နံဘေးတွင် အစွယ်နှင့်ထောက်၍ သတိ ပေးတတ်လေသည်။ ဝါးလရပ်ဖျံမကြီးသည် ဖျံထီးကြီးလောက်ပင် ကိုယ်လုံးကိုယ်ထည် ကြီးမားသော်လည်း အစွယ်မှာမူ အထီးလောက် မရှည်ချေ။ ဖျံမကြီးသည် တစ်ခါမွေးလျှင် တစ်ကောင်မွေးလေ့ရှိသည်။ ယင်း၏ ကလေးငယ်ကို မွေးစ တွင် များစွာယုယ ချစ်ခင်သည်။ မိခင်သည် သူ၏အသက်ကို မငဲ့ဘဲ သူ့သားငယ်၏ အသက်ကိုလည်း ကာကွယ်ပေးသည်။ ရေထဲတွင် သွားလာ ကျက်စားသည့်အခါများ၌ သားငယ်ကို ကျောကုန်းပေါ်တွင်ပိုး၍ သွားလေ့ ရှိသည်။ သားငယ်သည် မိခင်၏ ကိုယ်ထည် နီးနီးမျှ ကြီးမားလာပြီးလျှင် အသက် နှစ်နှစ်အရွယ်ခန့် ရောက်သည်အထိ မိခင်၏စောင့်ရှောက်ခြင်းကို ခံရလေသည်။

ဝါးလရပ်ဖျံမျိုးသည် အထူးသဖြင့် အက်စကီးမိုးလူမျိုးတို့အတွက် အဖိုးထိုက်တန်လှပေသည်။ အက်စကီးမိုးတို့သည် ဝါးလရပ်ဖျံ၏ အသားနှင့် အဆီကို သုံးပြီးလျှင် အစွယ်များကို ငါးမျှားချိတ်အဖြစ်ဖြင့် ပြုလုပ်အသုံးချ ကြသည်။ ဝါးလရပ်ဖျံကြီးမျိုးတို့၏ ခြေထောက်မှာ မသန်လှချေ။ သို့သော် ချောသည့်ကျောက်များတွင် တွယ်ကပ်၍နေနိုင်အောင် ထယ်ကြောင်းကဲ့သို့ သော အကြောင်းကြီးများပါရှိသည်။ ဝါးလရပ်ဖျံကြီးများသည် မြေကြီး ပေါ်တွင် ထင်သလို သွားလာကျက်စားခြင်း မပြုနိုင်ချေ။ သူတို့၏ ကိုယ် လုံးများမှာ အလျား ၁ဝ ပေမှ ၁၂ ပေခန့်အထိ ရှိတတ်ပြီးလျှင် ကိုယ် အလေးချိန် ပေါင် ၂ဝဝဝ မှ ၃ဝဝဝ အထိ ရှိတတ်ပေသည်။

ကမ္ဘာပေါ်တွင် ဝါးလရပ်ဖျံမျိုးစိတ် နှစ်မျိုးရှိ၏။ မျိုးစိတ်တစ်ခု သည် အတ္တလန္တိတ်သမုဒ္ဒရာ၌ ကျက်စားပြီးလျှင် ကျန်တစ်မျိုးက ပစိဖိတ်သမုဒ္ဒရာ၌ ကျက်စားသည်။ ထိုမျိုးစိတ်နှစ်ခုသည် အိုဒိုဗီနီဒီးမျိုးရင်းတွင် ပါဝင်လေသည်။ အတ္တလန္တိတ်သမုဒ္ဒရာ၌ ကျက်စားသော ဝါးလရပ်ဖျံမျိုး သည် ပါဏဗေဒအလိုအရ အိုဒီဗီးနပ် ရော့စမေးရပ်ဖြစ်၍ ပစိဖိတ် သမုဒ္ဒရာတွင် ကျက်စားသော ဝါးလရပ်ဖျံမျိုးသည် အိုဒိုဗီးနပ် အိုးဗီးဆပ်ဖြစ် သည်။[]

ကိုးကား

  1. Lowry L (2016). "Odobenus rosmarus". IUCN Red List of Threatened Species 2016. IUCN. doi:10.2305/IUCN.UK.2016-1.RLTS.T15106A45228501.en.  Database entry includes a brief justification of why this species is considered Vulnerable
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya