ဝီကီဒေတာ
ဝီကီဒေတာဆိုသည်မှာ အများမှ ပူးပေါင်းတည်းဖြတ်သည့် အသိပညာအခြေပြု ပရောဂျက်တစ်ခုဖြစ်ပြီး ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ စီမံခန့်ခွဲသည်။ ဝီကီပီးဒီးယားကဲ့သို့ ဝီကီမီဒီယာ ပရောဂျက်များအတွက် ဒေတာရင်းမြစ်များအဖြစ် ပေးနိုင်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။[၂] Wikimedia Commons ကဲ့သို့ပင် မီဒီယာဖိုင်များအား သိုလှောင်နိုင်ပြီး ထိုဖိုင်များကို ဝီကီမီဒီယာ ပရောဂျက်အားလုံးတွင် ခွင့်ပြုထားပြီး လွတ်လပ်စွာ တဖန်ပြန်၍ အသုံးပြုနိုင်သည်။ ဝီကီဒေတာကို Wikibase ဆော့ဝဲလ်ဖြင့် လည်ပတ်သည်။[၃] သဘောတရားဝီကီဒေတာသည် document-oriented database ဖြစ်ပြီး အချက်အလက်များတွင် အဓိကထားသည်။ အချက်အလက်တိုင်းသည် အကြောင်းအရာတစ်ခု (သို့မဟုတ် ဝီကီပီးဒီးယား ထိန်းသိမ်းရေးအတွက် အသုံးပြုသော အုပ်ချုပ်မှု စာမျက်နှာများ)ကို ကိုယ်စားပြုပြီး ထိုသည်တို့ကို သီးသန့်ကိန်းဂဏန်းများဖြင့် သတ်မှတ်ထားကာ ထိုဂဏန်းများအစတွင် အင်္ဂလိပ်အက္ခရာ Q ဖြင့် စတင်ထားသည်။ ဥပမာအားဖြင့် နိုင်ငံရေးဟုသော အကြောင်းအရာအတွက် အချက်အလက်မှာ Q7163 ဖြစ်သည်။ ![]() တိုးတက်ပြောင်းလဲလာမှု သမိုင်းဤပရောဂျက်အား ဖန်တီးရာတွင် Allen Institute for Artificial Intelligence၊ Gordon and Betty Moore Foundation နှင့် ဂူဂယ် အင်စတီကျူတို့၏ ထောက်ပံ့လှူဒါန်းမှုများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း €၁.၃ မီလီယံဖြင့် ဖြစ်သည်။[၄][၅] အစောပိုင်း ဤပရောဂျက်ကို ဝီကီမီဒီယာ ဂျာမနီမှ ကြီးကြပ်ကွပ်ကဲခဲ့ပြီး အပိုင်းသုံးပိုင်း ခွဲ၍ ဆောင်ရွက်ခဲ့သည်။[၆]
လိုဂို"WlKlလိုဂိုပေါ်ရှိ ဘားများတွင် "WIKI" ဟုသော စကားလုံးကို မော့ အချက်ပြသင်္ကေတဖြင့် ဝှက်၍ ရေးထားသည်။[၇] ကိုးကား
ထပ်မံဖတ်ရှုရန်
ပြင်ပလင့်များ |
Portal di Ensiklopedia Dunia