ဝီကီမျိုးစိတ်
ဝီကီမျိုးစိတ် (အင်္ဂလိပ်: WikiSpecies) သည် ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီထားသည့် wiki-အခြေပြု အွန်လိုင်းစီမံကိန်းတစ်ခုဖြစ်သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ဇီဝမျိုးစိတ်များအားလုံး၏ အချက်အလက်အကြောင်းအရာများ ပြည့်စုံမှုရှိသည့် အခမဲ့-စာရင်းတစ်ခုပြုစုရန်ဖြစ်သောကြောင့် ဤပရောဂျက်သည် သာမန်ပြည်သူများထက် သိပ္ပံပညာရှင်များအတွက် ပို၍ရည်ရွယ်ထားကြောင်းတွေ့နိုင်သည် ။ ဂျင်မီဝေးလ်စ်မှ ပြင်ဆင်တည်းဖြတ်ကြမည့်သူများအနေဖြင့် ဘွဲ့ဒီဂရီများအား ဖက်စ် ပို့ပေးရန် မလိုအပ်သော်လည်း ထည့်သွင်းတင်ပြချက်များအား နည်းပညာပရိသတ်များဖြင့် စုစည်းပြုစုရန် လိုအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။[၁][၂] ဝီကီမျိုးစိတ် ကို GNU Free Documentation License နှင့် CC BY-SA 3.0 အောက်တွင် ရရှိနိုင်သည်။ ၂၀၀၄ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာတဝှမ်းမှ ဇီဝဗေဒပညာရှင်တွေအား ကူညီထောက်ပံ့ပေးရန် စတင်ဖိတ်ခေါ်ခဲ့ပြီး[၃]၊ အဆိုပါပရောဂျက်မှာ လင်းနီးယပ်၏ ဇီဝမျိုးရိုးခွဲခြား အမည်ပေးစနစ် လွှမ်းခြုံမှုရှိသည့် မူဘောင် အသုံးပြုကာ ဝီကီပီးဒီးယားရှိ မျိုးစိတ်တစ်ခုချင်း ဆောင်းပါးများဖြင့် ၎င်းထံ ချိတ်ဆက်ခြင်းဖြင့် ၂၀၀၅ ခုနှစ် ဧပြီလ မှစ၍ ဖွံ့ဖြိုးလာခဲ့သည်။[၂] သမိုင်းဤပရောဂျက်အား အဆိုပြုခဲ့သူ (အင်္ဂလိပ်: Benedikt Mandl)သည် စီမံကိန်း၌ ပါဝင်လာကြစေရန်အတွက် စိတ်ဝင်စားသူအများအပြား၏ အားတက်သရောရှိမှုကို ညှိနှိုင်းခဲ့ပြီး ထောက်ပံ့ရန် အလားအလာရှိသူများနှင့် ၂၀၀၄ ခုနှစ် နွေရာသီအစောပိုင်းတွင် ဆက်သွယ်ခဲ့သည်။ ဒေတာဘေ့စ်များ(အင်္ဂလိပ်: Databases)အား စစ်ဆေးအကဲဖြတ်ခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်ခဲ့ပြီး ၎င်းတို့ထဲမှ အချို့သည် သူတို့၏ အချက်အလက်များအား ဝီကီမျိုးစိတ်အတွက် ပေးအပ်ရန် သဘောတူခဲ့ကြသည်။ Mandl သည် အဓိကတာဝန် နှစ်ခု သတ်မှတ်ပေးခဲ့သည် -
ဝီကီမီဒီယာ-၁ ပေးစာ စာရင်း မှတဆင့် အားသာချက် နှင့် အားနည်းများအား ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြသည်။ ဝီကီမီဒီယာဖောင်ဒေးရှင်း၏ ဒါရိုက်တာများဘုတ်အဖွဲ့မှ ဝီကီမျိုးစိတ် အား စတင်တည်ထောင်ရန် မဲပေးရွေးချယ်ရာတွင် လေးဦးစလုံးမှ မဲပေးခဲ့လေသည်။ ၎င်းစီမံကိန်းအား၂၀၀၄ ခုနှစ် ဩဂုတ်လတွင် species.wikimedia.org ၌ စတင်ခဲ့သည်။ ၂၀၀၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့၌ ဝီကီမျိုးစိတ်ကို ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ ညီအစ်မပရောဂျက် တစ်ခုအဖြစ် တရားဝင် ပေါင်းစည်းခဲ့သည်။
ဇီဝမျိုးခွဲခြားခြင်း နှင့် အမည်နာမမှည့်ခြင်း ဒေတာဘေ့စ်တစ်ခုဖြစ်သည် နှင့်အညီ ဝီကီမျိုးစိတ် တွင် taxon စာမျက်နှာများ နှင့် အကြောင်းအရာတူ စာမျက်နှာများ၊ taxon အာဏာပိုင်များ၊ ဇီဝမျိုးခွဲခြားခြင်းဆိုင်ရာ ပုံနှိပ်ထုတ်ဝေမှုများ၊ ပါဝင်ပစ္စည်း အမျိုးအစား နှင့် အသက်မွေးပညာအဖွဲ့အစည်းများ သို့မဟုတ် အမျိုးအစား နမူနာ များ လက်ဝယ် ထိန်းသိမ်းထားသည့်နေရာများ စသည့် အကြောင်းအရာများ ပါဝင်သည်။ [၅] မူဝါဒများဝီကီမျိုးစိတ်သည် ၎င်းထံသို့ ပုံတင်ခြင်းများကို ပိတ်ထားပြီး အသုံးပြုသူများအား ဝီကီမီဒီယာ ကွန်မွန်းစ် မှ ပုံများ အသုံးပြုရန်ကိုသာ တောင်းဆိုသည်။ ဝီကီမျိုးစိတ်တွင် လိုင်စင်ကင်းလွတ်မှုမရှိသော အကြောင်းအရာအချက်အလက်များ အသုံးပြုခြင်းကို ခွင့်မပြုပါ။ နောက်ထပ်ကြည့်ရန်
ကိုးကားပြင်ပ လင့်များ
|
Portal di Ensiklopedia Dunia