ဝီကီပီးဒီးယား:စာမျက်နှာတစ်ခု ဘယ်လိုဖန်တီးမလဲ
ဤစာမျက်နှာသည် မည်သည့်အမည်ညွှန်းတွင် မဆို စာမျက်နှာတစ်ခုအား ဖန်တီးခြင်းအတွက် နည်းပညာဆိုင်ရာ လမ်းညွှန်များ ဖြစ်သည်။ "ဆွေးနွေးချက် မဟုတ်သော" အမည်ညွှန်းများတွင် စာမျက်နှာဖန်တီးခြင်းကို အကောင့်ဝင်ထားသော အသုံးပြုသူများကသာ ဆောင်ရွက်နိုင်သည်ကို သတိပြုပါ။ စာမျက်နှာတစ်ခု ဖန်တီးသင့်၊ မဖန်တီးသင့်သော အကြောင်းပြချက်များ၊ မဖန်တီးမီ ထည့်သွင်းစဉ်းစားသင့်သည်များ၊ မည်သည့်အကြောင်းအရာက ဆီလျော်သည်၊ မဆီလျော်သည်ဆိုသည်များအား ဤစာမျက်နှာပေါ်တွင် နှိုက်နှိုက်ချွတ်ချွတ် ဖော်ပြထားမည် မဟုတ်ပါ။ ဆောင်းပါး ဖန်တီးခြင်း အတွက် ဆောင်ရန်၊ ရှောင်ရန်များနှင့် ပတ်သက်သည်များကို ကျေးဇူးပြု၍ ဝီကီပီးဒီးယား:သင်၏ ပထမဆုံးဆောင်းပါးတွင် ကြည့်ပါ။ ပါဝင်ပံ့ပိုးခြင်းများအတွက် အထွေထွေမိတ်ဆက်ခြင်းအတွက် ဝီကီပီးဒီးယား:ဝီကီပီးဒီးယားတွင် ပါဝင်ပံ့ပိုးခြင်းနှင့် အနှစ်ချုပ်သင်ခန်းစာများအတွက် အကူအညီ:မိတ်ဆက်တို့ကို ကြည့်ပါ။ ဆောင်းပါးတစ်ခု ဖန်တီးခြင်း လုပ်ငန်းစဉ် လမ်းညွှန်ချက်အတွက် ဆောင်းပါးဖန်တီး ကူညီကိရိယာနှင့် Wikipedia:Articles for creation တို့တွင် ကြည်ပါ။ စွယ်စုံကျမ်းဆောင်းပါးတစ်ခုအား မဖန်တီးမီ စဉ်းစားခြင်းအနေဖြင့် ပင်မ ထင်ရှားအရေးပါမှု လမ်းညွှန်ချက်၊ ကျွန်ုပ်တို့၏ စိစစ်အတည်ပြုခြင်း မူဝါဒ၊ ဘက်မလိုက်သော အမြင်ဖြင့် ရေးသားခြင်း၊ ကိုယ်တိုင်ဖော်ထုတ်ထားသော သုတေသနများအတွက် ကျွန်ုပ်တို့၏ ကန့်သတ်ချက်များနှင့် ဝီကီပီးဒီးယားက ဘာမဟုတ်ဘူးလဲ တို့ကို ကျေးဇူးပြု၍ ဖတ်ရှုပါ။ ပုံစံချခြင်းကိစ္စရပ်များအတွက် စတိုင်လက်စွဲ နှင့် ဆောင်းပါးပုံစံ လမ်းညွှန်ျချက်တို့ကို ကြည့်ပါ။ ဆောင်းပါးတစ်ခုအတွက် ခေါင်းစဉ်ရွေးချယ်ခြင်းများအတွက် ဆောင်းပါးခေါင်းစဉ် မူဝါဒကို ကြည့်ပါ။ အောက်ရှိ အကွက်တွင် စာမျက်နှာအမည်ကို ရိုက်ထည့်ခြင်းဖြင့်လည်း စာမျက်နှာအသစ်တစ်ခုကို ဖန်တီးနိုင်ပါသည်။ စာမျက်နှာတစ်ခု ဘယ်လို ဖန်တီးသလဲအနီရောင် လင့်ခ် တစ်ခု (မရှိသေးသည်ကို အမှတ်အသားပြုထားသော၊ တည်ရှိနေသော စာမျက်နှာကို ညွှန်ပြသည့် အပြာရောင် လင့်ခ် နှင့် ဆန့်ကျင်ဘက်ဖြစ်သော) ကို ကလစ်နှိပ်လိုက်ခြင်းဖြင့် မရှိသေးသော စာမျက်နှာခေါင်းစဉ်အား ဝင်ရောက်ကာ ဝီကီပီးဒီးယား စာမျက်နှာများ အားလုံးကို ဖန်တီးထားပါသည်။ ဖန်တီးခြင်းသည် လွယ်ကူပါသည်။ လင့်ခ်အနီအား နှိပ်လိုက်ခြင်းဖြင့် သင့်အား စာမျက်နှာအလွတ်တစ်ခုဆီသို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။ ထိုနေရာတွင် မည်သည့်စာသားကိုမဆို ရိုက်ထည့်ကာ ပြောင်းလဲမှုများကို လွှင့်တင်ရန် ခလုတ်ကို နှိပ်ရုံသာဖြစ်သည်။ ထိုအခါ စာမျက်နှာသည် ဖန်တီးပြီး ဖြစ်သွားပါလိမ့်မည်။ စာမျက်နှာတစ်ခုပေါ်တွင် ရှိနှင့်ပြီးသော အနီရောင်လင့်ခ်တစ်ခုကို နှိပ်လိုက်ခြင်းဖြင့် စာမျက်နှာများကို ဖန်တီးနိုင်သည်။ အောက်တွင် ဖော်ပြထားသော နည်းလမ်းများမှာ လင့်ခ်အနီဖြင့် ဖော်ပြထားခြင်း မရှိသေးသည့် စာမျက်နှာများကို မည်သို့မည်ပုံ ဖန်တီးနိုင်သည်ဆိုသည့် နည်းလမ်းများဖြစ်သည်။ နည်းလမ်း ၁၊ ရှာဖွေခြင်းသင်ဖန်တီးလိုသော စာမျက်နှာခေါင်းစဉ်အား ရှာဖွေရန် အကွက်တွင် ရိုက်ထည့်ပါ။ သင်ထည့်သွင်းလိုက်သော ခေါင်းစဉ်သည် မရှိသေးသလို၊ နည်းပညာအရ ကန့်သတ်ထားခြင်း မရှိခြင်းနှင့် ဖန်တီးခြင်းအား ကာကွယ်ထားခြင်း မရှိပါက ရှာဖွေမှု ရလဒ်များ စာမျက်နှာတွင် (က) ယင်းသည် မရှိသေးကြောင်း၊ (ခ) ထိုစာမျက်နှာကို သင်ဖန်တီးနိုင်ကြောင်း၊ (ဂ) စာမျက်နှာခေါင်းစဉ်သို့ လင့်အနီဖြင့် ပြသထားပါလိမ့မည်။ ရှာဖွေမှုအတွက် ကိုက်ညီသော ရလဒ်များ မရှိပါ။ "သင်ရှာဖွေသော စာသား အနီရောင်လင့်ခ်" စာမျက်နှာကို ဖန်တီးနိုင်ပါသည်။ နည်းလမ်း ၂၊ လင့်အနီအား နမူနာကြည့်ခြင်း
နည်းလမ်း ၃၊ လင့်အနီအား သိမ်းဆည်းခြင်းသင်ဖန်တီးလိုက်သော စာမျက်နှာတစ်ခုအား သင့်အနေဖြင့် မကြာခဏ ဝင်ကြည့်နေနိုင်သည်။ လင့်ခ်တစ်ခုအား သိမ်းဆည်းထားနိုင်သည့် နည်းလမ်းတစ်ခုမှာ သင်၏ အသုံးပြုသူ စာမျက်နှာ၊ သို့မဟုတ် အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာ ပေါ်တွင် သိမ်းဆည်းခြင်း ဖြစ်သည်။ ထိုနေရာတို့တွင် လင့်ခ်အနီအား သိမ်းဆည်းထားပြီး၊ စာမျက်နှာအား ဖန်တီးခဲ့ပါက ယင်းလင့်ခ်သည် အပြာရောင်ပြောင်းသွားမည်ဖြစ်ကာ မည်သည့်အချိန်တွင်မဆို သင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
နည်းလမ်း ၄၊ URL အား ပြင်ဆင်ခြင်းမည်သည့်စာမျက်နှာ သို့မဟုတ် စာမျက်နှာအပိုင်းအား ပြင်ဆင်ရန်ကို နှိပ်ပြီး သင့်ဘရောက်ဆာ၏ လိပ်စာအကွက်တွင် ပေါ်လာသော URL ကို မရှိသေးသော စာမျက်နှာအမည်သို့ ပြင်ဆင်ကာ return/enter ကို နှိပ်ပါ။ ပေါ်ထွက်လာသော စာမျက်နှာသည် သင်နှိပ်လိုက်သော လင့်အနီအတိုင်း ပေါ်လာမည်ဖြစ်ကာ သင်ထည့်သွင်းလိုက်သော ခေါင်းစဉ်အတိုင်း စာမျက်နှာတစ်ခုကို ဖန်တီးနိုင်မည် ဖြစ်သည်။ ဥပမာ ဤစာမျက်နှာ၏ ထိပ်ဆုံးရှိ ပြင်ဆင်ရန်ကို နှိပ်ပါက သင့်ဘရောက်ဆာ၏ လိပ်စာနေရာတွင် အောက်ပါအတိုင်း မြင်တွေ့ရမည် ဖြစ်သည်။
"အဆိုပြုထားသော ခေါင်းစဉ်" စာမျက်နှာအား ခေါ်ယူရန်အတွက် အောက်ပါအတိုင်း ပြင်ဆင်ပါ။
အမည်ညွှန်း စဉ်းစားစရာများ
ဆောင်းပါးနှင့် အခြားအမည်ညွှန်းများစွယ်စုံကျမ်း ဆောင်းပါးများသာလျှင် ရှေ့ဆက် အမည်ညွှန်းမပါဘဲ ဖန်တီးနိုင်သည်။ ဆောင်းပါးအမည်ညွှန်း၏ ပြင်ပတွင်ရှိသော စာမျက်နှာများ အားလုံးသည် ခေါင်းစဉ်၏ ရှေ့တွင် ကော်လံတစ်ခု ခံထားသော အမည်ညွှန်းရှေ့ဆက်များ ပါရှိကြသည်။ ဥပမာ သင်၏ အသုံးပြုသူ စာမျက်နှာ၏ ခေါင်းစဉ်သည် အသုံးပြုသူ: ရှေ့ဆက်ဖြင့် စသည်။ အမျိုးမျိုးသော အမည်ညွှန်းများစာရင်းကို ညာဖက်ရှိ ဇယားတွင် ဖော်ပြထားသည်။ စွယ်စုံကျမ်း ဆောင်းပါးတစ်ခုမဟုတ်သော မည်သည့်စာမျက်နှာကိုမဆို လင့်ခ်အနီဖြင့် ဖန်တီးမည်ဆိုပါက အမည်ညွှန်းရှေ့ဆက်တစ်ခု မဖြစ်မနေ ထည့်သွင်းရမည် ဖြစ်သည်။ ဥပမာ စာမူကြမ်း အမည်ညွှန်းတွင် အဆိုပြုထားသော ဆောင်းပါးတစ်ခုကို ဖန်တီးရန်[[Draft:အဆိုပြုထားသော ခေါင်းစဉ်]] ဟူသော လင့်အနီမှ ဖန်တီးရမည် ဖြစ်သည်။ ကဏ္ဍအမည်ညွှန်း ခြွင်းချက်များအထက်တွင် ဖော်ပြထားသော လမ်းညွှန်ချက်များတွင် လင့်ခ်အနီကို သိမ်းဆည်းခြင်း သို့မဟုတ် နမူနာပြခြင်းတို့သည် ကဏ္ဍ အမည်ညွှန်းရှိ စာမျက်နှာများအတွက် လင့်ခ်သည် အမည်ညွှန်း၏ ရှေ့တွင် ကော်လံသင်္ကေတကို မထည့်သွင်းပါက အလုပ်ဖြစ်မည် မဟုတ်ပေ။ (ထိုသို့မဟုတ်ပါက စာမျက်နှာသည် သင် ရိုက်ထည့်လိုက်သော ကဏ္ဍအတွင်းသို့ ထည့်သွင်းလိုက်ခြင်းသာ ဖြစ်မည်)။ ဥပမာ တစ်စုံတစ်ဦးသည် "ကနေဒါ အားကစားသမားများ" ဟူသော ကဏ္ဍစာမျက်နှာကို ဖန်တီးလိုပါက [[:ကဏ္ဍ:ကနေဒါ အားကစားသမားများ]] ကုဒ်ကို သိမ်းဆည်းခြင်း သို့မဟုတ် နမူနာပြခြင်းဖြင့် လင့်ခ်အနီကို ရရှိနိုင်သည်။ ဖိုင်အမည်ညွှန်း ခြွင်းချက်များအပေါ်တွင် ဖော်ပြထားသော မည်သည့်နည်းလမ်းနှင့်မှ မီဒီယာဖိုင်စာမျက်နှာကို တိုက်ရိုက်ဖန်တီးနိုင်မည်မဟုတ်သော အခြား ခြွင်းချက်တစ်ခုမှာ ဖိုင်အမည်ညွှန်း ဖြစ်သည်။ မီဒီယာဖိုင်များကို စာမျက်နှာတစ်ခု၏ လက်ဝဲဘက်ရှိ ကိရိယာများမီနူးရှိ "ဖိုင်တင်ရန်" ကို ကလစ်နှိပ်ခြင်းဖြင့် မီဒီယာဖိုင်များကို upload တင်ထားခြင်း ဖြစ်သည်။ (အများပြည်သူပိုင်ဖြစ်သော မီဒီယာဖိုင်များ သို့မဟုတ် ဆီလျော်သော အခမဲ့လိုင်စင်ဖြင့် သတ်မှတ်ထားသော မီဒီယာဖိုင်များကို ဝီကီပီးဒီးယားတွင် မဟုတ်ဘဲ ဝီကီမီဒီယာ ကွန်မွန်းစ်တွင် တင်သင့်သည်။ သို့မှသာ မီဒီယာဝီကီပရောဂျက်များအားလုံးက အဆိုပါမီဒီယာဖိုင်များကို ရယူသုံးစွဲနိုင်မည် ဖြစ်သည်။ ကန့်သတ်ထားသော အမည်ညွှန်းများစီမံခန့်ခွဲသူများနှင့် အဆင့်မြင့် အသုံးပြုမှု အဆင့်ရှိသော သီးခြားအသုံးပြုသူများကသာ ဖန်တီးနိုင်သည့် ကန့်သတ်ထားသော အမည်ညွှန်း သုံးခု ရှိပြီး ယင်းတို့မှာ: အထူး စာမျက်နှာများ၊ မီဒီယာဝီကီ စာမျက်နှာများနှင့် မော်ဂျူး စာမျက်နှာများ ဖြစ်သည်။ သို့သော်လည်း မည်သည့် အသုံးပြုသူမဆို တိုက်ရိုက် ဆွေးနွေးချက် စာမျက်နှာ လုံးဝမရှိသော အထူး စာမျက်နှာ အမည်ညွှန်းမှလွဲ၍ အဆိုပါ အမည်ညွှန်းများ၏ ဆွေးနွေးချက် စာမျက်နှာများကို ဖန်တီးနိုင်သည်။ |
Portal di Ensiklopedia Dunia