ဝီကီပီးဒီးယား:အသုံးပြုသူ စာမျက်နှာများ
အသုံးပြုသူ စာမျက်နှာများသည် အသုံးပြုသူနှင့် အသုံးပြုသူ ဆွေးနွေးချက် အမည်ညွှန်းများတွင် စီမံခန့်ခွဲမှု စာမျက်နှာများ ဖြစ်ကြပြီး ဝီကီပီးဒီးယားပေါ်ရှိ အသုံးပြုသူများ စုစည်းမှုနှင့် အကူအညီလုပ်ဆောင်မှုများ၊ အသုံးပြုသူများအကြား ဆက်ဆံရေးနှင့် မျှဝေရာတွင် အသုံးတည့်စေသည်။ အသုံးပြုသူ စာမျက်နှာများသည် အဓိကအားဖြင့် လူလူချင်း ဆက်ဆံဆွေးနွေးခြင်း၊ သတိပေးခြင်း၊ စမ်းသပ်ခြင့်းနှင့် မူကြမ်းများ (Sandboxes)အတွက် ဖြစ်ပြီး လိုအပ်ပါက ကန့်သတ်ထားသော ကိုယ်ရေးအတ္ထုပ္ပတ္တိနှင့် ပုဂ္ဂိုလ်ရေးရာ အကြောင်းအရာများ အတွက် ဖြစ်သည်။ ဝီကီပီးဒီးယား ပရောဂျက်များနှင့် ဆီလျော်ပြီး လူထုအဖွဲ့အစည်းမှ လက်ခံနိုင်ရန် ရည်ရွယ်ပြီး အသုံးပြုသူ စာမျက်နှာများကို ဝီကီးပီးဒီးယား သုံးစွဲသူများအတွက် ရရှိနိုင်သည်။ ဝီကီပီးဒီးယားသည် ဘလော့ဂ်တစ်ခု၊ ဝက်ဘ်လွှင့်တင်ပေးသူ၊ သို့မဟုတ် လူမှုကွန်ယက်ဆိုဒ်တစ်ခု မဟုတ်ပါ။ ဝီကီပီးဒီးယား စာမျက်နှာများ၏ အကြောင်းအရာနှင့် သက်ဆိုင်သော မူဝါဒများသည် အသုံးပြုသူ စာမျက်နှာများတွင် အကျိုးသက်ရောက်မှုရှိပြီး အသုံးပြုသူများအနေဖြင့် ယင်းမူဝါဒများကို လက်ခံလိုက်နာရမည် ဖြစ်သည်။ ယင်းမူဝါဒများကို ချိုးဖောက်သည်ဟု ယုံကြည်ခံရသော အသုံးပြုသူများကို ချက်ခြင်းအရေးယူဆောင်ရွက်ရန် မလိုအပ်ပါက သူတို့၏ ဆွေးနွေးချက် စာမျက်နှာတွင်
မှတ်စုများ
တမ်းပလိတ်များ
|
Portal di Ensiklopedia Dunia