ဝီကီပီးဒီးယား:စီမံခန့်ခွဲသူများ
![]() စီမံခန့်ခွဲသူများ (အက်ဒမင်များ ဟုလည်း ခေါ်ဆိုကြသည်) ဆိုသည်မှာ အသုံးပြုသူများဖြစ်ပြီး ဝီကီပီးဒီးယားကို ကောင်းမွန်စွာ လည်ပတ်နိုင်စေရန်အတွက် အထူးကိရိယာများကို အသုံးပြုနိုင်သူများ ဖြစ်ကြသည်။ လူမှုအဖွဲ့အစည်းမှ ယုံကြည်သည့်အတွက် ထိုကိရိယာများကို အသုံးပြုနိုင်ခြင်းဖြစ်ပြီး ထိုအချက်သည် အခြားသူများထက် ပိုမိုသာလွန်စေခြင်း သို့မဟုတ် ပိုမိုအရေးပါစေခြင်း မဟုတ်ပါ။ စီမံခန့်ခွဲသူအခွင့်အရေး ရရှိထားခြင်းကြောင့် စီမံခန့်ခွဲသူတစ်ဦး၏ အမြင်သည် အခြားသော ဝီကီပီးဒီးယား အသုံးပြုသူ (ဥပမာ အိုင်ပီလိပ်စာဖြင့် အသုံးပြုသူ) တစ်ဦး၏ ဝီကီပီးဒီးယားကို ပြောင်းလဲရန် ရွေးချယ်သည့် အမြင်ထက် ပိုမိုအရေးပါသည်ဟု မမှတ်ယူသင့်ပါ။ လတ်တလောတွင် စီမံခန့်ခွဲသူ ၄ ဦး ရှိပါသည်။ စီမံခန့်ခွဲမှု ကိရိယာများဖျက်ခြင်းစီမံခန့်ခွဲသူများသည် စာမျက်နှာများကို ဖျက်ပစ်ခြင်း နှင့် ပြန်လည်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်နိုင်သည်။ စာမျက်နှာများသည် ဖျက်ပစ်ရန် တောင်းဆိုခြင်း သို့မဟုတ် မူဝါဒအရ မဆိုင်းမတွ ဖျက်ပစ်ခြင်း ဖြစ်သည်။ ဖျက်ပစ်ခြင်းခံရသော စာမျက်နှာများကို ပြန်လည်ထိန်းသိမ်းရန် တောင်းဆိုချက်များကို ဖျက်ပစ်ခြင်းကို ပြန်လည်သုံးသပ်ခြင်းတွင် ဆောင်ရွက်နိုင်သည်။ တည်းဖြတ်မူ ဖျက်ခြင်းစီမံခန့်ခွဲသူများသည် စာမျက်နှာတစ်ခု၏ တည်းဖြတ်မူများကို ဖျက်ပစ်ခြင်းဖြင့် အများသူငှာ မြင်ကွင်းမှ ကွယ်ဝှက်ထားနိုင်သည်။ အခြားသော စီမံခန့်ခွဲသူများသာ ဖျက်ပစ်ထားသော တည်းဖြတ်မူများကို မြင်တွေ့နိုင်သည်။ တည်းဖြတ်မူများကို ဤနေရာတွင် ဖော်ပြထားသော အထူးအခြေအနေတွင်သာ ဝှက်သင့်သည်။ ကာကွယ်ခြင်းစီမံခန့်ခွဲသူများသည် မီဒီယာဝီကီ အမည်ညွှန်း၊ အခြားအသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးရာ Javascript သို့မဟုတ် CSS (.js or .css) ဖိုင်များ အပါအဝင် စာမျက်နှာများကို ကာကွယ်ခြင်း၊ ကာကွယ်မှုကို ဖယ်ရှားခြင်းနှင့် ကာကွယ်မှုကို ပြောင်းလဲခြင်းများအား လုပ်ဆောင်နိုင်သည်။
ပိတ်ပင်ခြင်းစီမံခန့်ခွဲသူများသည် ပြဿနာဖြစ်စေသော အသုံးပြုသူများကို ပိတ်ပင်ခြင်းနှင့် ပိတ်ပင်မှုကို ဖယ်ရှားခြင်းများ ပြုလုပ်နိုင်သည်။ နောက်ပြန် ပြန်ပြင်ခြင်းစီမံခန့်ခွဲသူများသည် ပြောင်းလဲမှုများကို နောက်ပြန် ပြန်ပြင်ခြင်းအား ဆောင်ရွက်နိုင်သည်။ အသုံးပြုသူတစ်ဦး၏ စာမျက်နှာတစ်ခုတွင် ပြင်ဆင်ချက်များ အားလုံးကို (နောက်ဆုံး ပြင်ဆင်မှုများ ဖြစ်ပါက) လျင်မြန်စွာ နောက်ပြန် ပြန်ပြင်နိုင်ရန် ခွင့်ပြုပေးသည်။ ယင်းပြောင်းလဲမှုကို အရေးမကြီးသော ပြောင်းလဲမှုအဖြစ် အလိုအလျောက် မှတ်သားပေးပြီး အောက်ပါတည်းဖြတ်မှု အကျဉ်းချုပ်ကို ဖော်ပြပေးသည်။
စာမျက်နှာများ ထည့်သွင်းခြင်းအခြားသော ဝီကီပီးဒီးယားများမှ စာမျက်နှာများကို ထည့်သွင်းနိုင်သည်။ မစောင့်ကြည့်ထားသော စာမျက်နှာများ ကြည့်ခြင်းစီမံခန့်ခွဲသူများသည် မည်သူတစ်ဦးတစ်ယောက်မှ၏ စောင့်ကြည့်စာရင်းတွင် မပါဝင်သော စာမျက်နှာများကို မြင်တွေ့နိုင်သည်။ အသုံးပြုသူ အခွင့်အရေးများ စီမံခြင်းစီမံခန့်ခွဲသူများသည် အခြားသူများအား အသုံးပြုသူအခွင့်အရေးအချို့ကို ပေးအပ်နိုင်သည်။ စီမံခန့်ခွဲသူများ စာရင်း
လုပ်ကိုင်နေဆဲ
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia