ဝီလျံ ဟင်နရီ ဟယ်ရီဆန်
နဝမမြောက် အမေရိကန်သမ္မတ ဝီလီယံ ဟင်နရီ ဟယ်ရီဆန်အား လူသိမများလှပေ။ သို့သော် ထင်ရှားသည့် အချက်သုံးချက်ရှိပေသည်။
ဘဝအစလူချမ်းသာမိသားစုမှ ဆင်းသက်လာသည့် ဟယ်ရီဆင်သည် ဗာဂျီးနီးယားပြည်နယ်သားဖြစ်သည်။ ၁၇၇၃ တွင် မွေးဖွားခဲ့ပြီး ငယ်ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းခဲ့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်အမတ် စသည်ဖြင့် တာဝန်များထမ်ဆောင်ကာ ၁၈၃၆တွင် သမ္မတအဖြစ် ဝင်အရွေးခံသော်လည်း ရှုံးနှိမ့်ခဲ့သည်။ သို့ဖြင့် နောက်လေးနှစ်အကြာတွင် တစ်ပြည်လုံးလှည့်လည်ကာ မဲဆွယ်မှုများပြုလုပ်ခဲ့သည်။ ထိုမဲဆွယ်ပွဲများတွင် တစ်ပီကာနူးတိုက်ပွဲတွင် သူ၏တိုက်ပွဲဝင်ခဲ့ခြင်းများကို ချဲ့ချဲ့ကားကား ပြောဆိုသည်။ သံအမတ်အဖြစ် ဘိုလီးဗီးယားသို့ ရောက်ခဲ့စဉ်က သူတင်ပြဖူးသည့် လွတ်လပ်မှုဖြင့် အပြည့်ဝဆုံး အစိုးရသည်သာ အခိုင်မာဆုံးအစိုးရ ဆိုသည့်အဆိုမျိုးကို လူထုအား ဟောပြောသည်။ ဝှစ်ပါတီက သူ့အား သမ္မတလောင်းအဖြစ် သတ်မှတ်လိုက်သည့်နောက်တွင် ဒုသမ္မတနေရာအတွက် ဗာဂျီးနီးယားနယ်သားပင်ဖြစ်သည့် ဂျွန် တေလာအား ခန့်ထားသည်။ ရွေးကောက်ပွဲဝင်ချိန်တွင် အသက် ၆၇နှစ်ရှိပြီဖြစ်၍ ထိုစဉ်က အသက်အကြီးဆုံး သမ္မတလောင်းများထဲတွင် စာရင်းဝင်ခဲ့သေးသည်။ သမ္မတ သက်တမ်း တစ်လတာရာထူးလက်ခံပွဲတွင် သုခမိန်ကြီးဟု ကျော်ဇောသည့် ဒင်နီယာ ဝက်ဘ်စတာ ရေးသားပေးသည့် မာရသွန်မိန့်ခွန်းရှည်ကြီးကို မိန့်ခွန်းချွေရာမှ အဆုတ်ရောင်ရောဂါဝင်ပြီး တစ်လအကြာ ၄၊ ဧပြီ၊ ၁၈၄၁တွင် အိမ်ဖြူတော်၌ပင် ကွယ်လွန်သည်။ သူကွယ်လွန်သောအခါမှ ပြဿနာစပါသည်။ သမ္မတကွယ်လွန်လျှင် သမ္မတအဖြစ် မည်သူ့ကိုတင်မြောက်ရမည်ဆိုသည့် အချက်မှာ ထိုစဉ်အချိန်ထိ ဖွဲ့စည်းပုံ ဥပဒေတွင် ပြဋ္ဌာန်းထားရခြင်းမရှိသေးသဖြင့် အငြင်းပွားကြရသည်။ သို့သော် ဒုသမ္မတဖြစ်သူ ဂျွန် တေလာက ပြဿနာများကို ဖြေရှင်းပြီး သမ္မတအဖြစ် ရာထူးလွဲပြောင်းခံယူလိုက်သဖြင့် တာဝန်ထမ်းဆောင်ဆဲ သမ္မတကွယ်လွန်လျှင် ဒုသမ္မတက သမ္မတအဖြစ် ရာထူးဆက်ခံရသည့် အစဉ်လာသစ်တစ်ရပ် စတင်သွားသည်။ ကိုးကားအိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း |
Portal di Ensiklopedia Dunia