သက္ကမလူမျိုး

သက္ကမ သို့မဟုတ် ဒိုင်းနက်လူမျိုး များသည် မြန်မာနိုင်ငံအနောက်ဘက်စွန်းဒေသများ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏တောင်ပေါ်ဒေသများတွင်နေထိုင်ကြသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းရှိ စစ်တကောင်းတောင်တန်းဒေသများတွင် အကြီးဆုံးတိုင်းရင်းသားလူနည်းစုများဖြစ်သည်။မီဇိုရမ်ပြည်နယ် သက္ကမကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်းနေထိုင်ကြသည်။သက္ကမလူမျိုးအများစုသည် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်တချို့နှင့် မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်တွင်နေထိုင်ကြသည်။

သက္ကမ
𑄌𑄋𑄴𑄟𑄳𑄦
လူဦးရေ စုစုပေါင်း
c. ၇၅၀၀၀၀ မှ ၁၀၀၀၀၀၀ (၂၀၁၁ - ၂၀၂၂)
အများစု နေထိုင်သည့် နေရာ
 မြန်မာ (ရခိုင်ပြည်နယ်), ဘင်္ဂလားဒေ့ရှ်, အိန္ဒိယ
ဘာသာစကား
သက္ကမမြန်မာရခိုင်
ကိုးကွယ်မှု
ထေရဝါဒဗုဒ္ဓဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ဒိုင်းနက်ရခိုင်မီဇိုသက်လူမျိုးမရမာကြီးလူမျိုး

သက္ကမလူမျိုးများသည် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ တိဗက်-ဗမာအုပ်စုဝင်လူမျိုးများနှင့် ခိုင်မာသောဆက်စပ်မှုများရှိသည်။သက္ကမလူမျိုးများနေထိုင်ရာဒေသများအတွင်း စစ်တကောင်းဘာသာစကားနှင့် ပါဠိဘာသာစကားများကဲ့သို့ အင်ဒို-အာရိယန် ဘာသာစကားများ လွှမ်းမိုးလာခြင်းနှင့် မျိုးနွယ်စုများအကြားအာဏာစုစည်းရန် အင်ဒို-အာရိယန်ဘာသာစကားအုပ်စုအားပြောင်းလဲပြောဆိုခဲ့ကြသည်။ ၁၉ရာစုအတွင်း ဘုရင်မ ရနာ ခါလင်ဒီသည် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ပြီး ယနေ့ခေတ်တွင်သက္ကမလူမျိုးများသည် ထေရဝါဒဗုဒ္ဓဘာသာဝင်များဖြစ်သည်။မြန်မာနိုင်ငံတွင် ဒိုင်းနက်ခေါ် သက္ကမလူမျိုးများသည် တရားဝင်အသိအမှတ်ပြုတိုင်းရင်းသား၁၃၅မျိုးထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်။သက္ကမလူမျိုးစု ၃၁ခုရှိသည်။သက္ကမရာဇာ လူမျိုးစုများသည် သက္ကမလူမျိုးများ၏ ဦးဆောင်အဖြစ် သမိုင်းတွင်ဗြိတိသျှ အိန္ဒိယနှင့် ဘင်္ဂဒေ့အစိုးရက အသိအမှတ်ပြုထားကြည်သည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya