သက်မွန်မြင့်
သက်မွန်မြင့်သည် မြန်မာနိုင်ငံမှ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ သူမကို ၁၉၈၂-ခုနှစ်၊ ဇူလိုင်လ ၂၃ရက်နေ့တွင် အဖ ဦးမြင့်ဦးနှင့် အမိ ဒေါ်မြိုင်တို့မှ ချင်းပြည်နယ်၊ ဖလမ်းမြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဇုန်ကျဲရ်မွေးဖြစ်ပြီး ချင်းဗမာတိုင်းရင်းသူဖြစ်သည်။ သက်မွန်မြင့်အဖေသည် ဗမာအမျိုးသားဖြစ်ပြီး အမေသည်ချင်းတိုင်းရင်းသူဖြစ်သည်။ပညာအရည်အချင်းမှာ ဘီအေဘွဲ့ ရရှိထားသည်။ ၂၀၀၀-ပြည့်နှစ်တွင် မော်ဒယ်လ်သင်တန်း တက်ရာကနေ တိုင်ပင်ဖော် စီးရီးရိုက်ကူးလိုက်ရာ နာမည်ရလာသူ ဖြစ်သည်။ ကြော်ငြာသရုပ်ဆောင်လုပ်ရင်း ရုပ်ရှင်လောကထဲသို့ ရောက်ရှိလာသူ ဖြစ်သည်။ အကြောင်းသက်မွန်မြင့်သည် အခြေခံပညာကျောင်းသူဘဝက ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့တွင်နှစ်စဉ်ကျင်းပပြုလုပ်သည့် အာရှပစိဖိတ်ဒေသ ကလေးသူငယ်များ တွေ့ဆုံပွဲသို့ ချင်းပြည်နယ်ကိုယ်စားပြု တက်ရောက်ခဲ့သည်။ အနုပညာလောကအတွင်းသို့ မော်ဒယ်အဖြစ်ဖြင့် ဝင်ရောက်ခဲ့သည်။ ထို့နောက် သူ့ကို ပရိသတ်များက သတိပြုမိလာသည်။ သူသည် ချင်းနှင့် ဗမာစပ်ဖြစ်ပြီး သူမ၏ ချင်းနာမည်မှာ ဇုံကျဲရ်မွေး (Zung Cer Mawi) ဖြစ်သည်။ ထို့ကြောင့်သူမသည် မြန်မာစကားပြောရာတွင် ချင်းသံပါနေသည်။ ထို့ကြောင့် သူမသည် အနုပညာသားအချင်းချင်း ပြောဆိုဆက်ဆံရာတွင် အခက်အခဲများရှိခဲ့သည်။ သို့သော်လည်း ယခုအခါ ထိုပြဿနာများ မရှိတော့ပေ။ သူမသည် ဇာတ်ကား ၁၀၀ကျော် ရိုက်ကူးပြီး ဖြစ်သည်။ သူမသည် VCD သီချင်းများစွာတွင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖေဖော်ဝါရီမှတ်တမ်း၊ မမေးပါနဲ့ စသည့်သီချင်းများသည် သူမကို ပရိသတ်၏ ချစ်ခင်အားပေးမှုရစေခဲ့သော သီချင်းများဖြစ်သည်။ ၂၀၁၀ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ၌ အကောင်းဆုံး အမျိုးသမီးထူးချွန်ဆုကိုရရှိခဲ့ရာတွင်ပြေတီဦး နှင့် အတူသရုပ်ဆောင်ပါဝင်ခဲ့သော အာဒမ်ရယ် ဧဝရယ် ဒဿရယ် ဇာတ်ကားဖြင့်ဖြစ်သည်။ ပြေတီဦး မှာလည်း ထိုကားဖြင့်ပင် အကောင်းဆုံး မင်းသားဆုရရှိခဲ့သည်။ ထို့နောက် ၂၀၁၇ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတွင် သက်မွန်မြင့်သည် ချစ်လှစွာသော အမုန်း ရုပ်ရှင်ဇာတ်ကားဖြင့် ဒုတိယမြောက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။ ကိုယ်ပိုင်ဘဝသက်မွန်မြင့်သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်တွင် စစ်နိုင်နှင့် လက်ထပ်ခဲ့သည်။ ရုပ်ရှင်ထူးချွန်ဆုများ
ကိုးကား |
Portal di Ensiklopedia Dunia