အာဒမ်ရယ် ဧဝရယ် ဒသရယ်

အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်
ရုံတင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာဝိုင်း (Own Creator)
ထုတ်လုပ်သူHeart & Soul Video Production
စာရေးသူပုညခင်
သရုပ်ဆောင်ပြေတီဦး
သက်မွန်မြင့်
စိုင်းစိုင်းခမ်းလှိုင်
ကြာမြင့်ချိန်
၁၀၅ မိနစ်
နိုင်ငံမြန်မာနိုင်ငံစင်ကာပူနိုင်ငံအမေရိကန်ပြည်ထောင်စု
ဘာသာစကားမြန်မာဘာသာစကား
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
ဇူလိုင် ၁၊ ၂၀၁၁ (၂၀၁၁-၀၇-၀၁)

အာဒမ်ရယ် ဧဝရယ် ဒသရယ် ဇာတ်ကား သည် Heart & Soul ဗီဒီယို ထုတ်လုပ်ရေးမှ ဖြန့်ချိလိုက်သော ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ၎င်းသည် ပုညခင်၏ အချစ် သို့ ဝင်္ကဘာ ဝတ္ထုကို ဒါရိုက်တာ ဝိုင်းက ပြန်လည် ဇာတ်ညွှန်းရေး ရိုက်ကူးထားခြင်းဖြစ်သည်။ အဓိက သရုပ်ဆောင်များအဖြစ် ပြေတီဦးစိုင်းစိုင်းခမ်းလှိုင်နှင့် သက်မွန်မြင့်တို့ပါဝင်သည်။ ဇာတ်ကားကို ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ဖြန့်ချိသည်။ ၂၀၁၁ စက်တင်ဘာလ ၄ရက်နေ့တွင် စင်္ကာပူ၊ ၂၀၁၁ နိုဝင်ဘာ ၁၉နှင့်၂၀တို့တွင် အမေရိကန်ပြည်ထောင်စုတို့၌ နိုင်ငံခြား ပရိုမိုးရှင်းပွဲများ အဖြစ်ပြသခဲ့သည်။ ဤဇာတ်ကားကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှ ၁၆ရက်နေ့ အထိ ရန်ကုန်မြို့၊ နေပြည်တော်ရုပ်ရှင်ရုံ၌ အကယ်ဒမီရသည့် အထိမ်းအမှတ်အဖြင့်လည်းကောင်း၊ ချစ်သူများနေ့ အထိမ်းအမှတ်ဖြင့်လည်းကောင်း ပြန်လည်ပြသခဲ့ပြီး သရုပ်ဆောင်များဖြစ်သော ပြေတီဦးသက်မွန်မြင့်စိုင်းစိုင်းခမ်းလှိုင်တို့လည်း ပရိသတ်များဖြင့် တွေ့ဆုံခဲ့ကြသည်။

သရုပ်ဆောင်များ

ရရှိခဲ့သောဆုများ

၂၀၁၂ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲ၌ ဤဇာတ်ကားသည် အကယ်ဒမီ ဆု ၃ဆု ရရှိခဲ့သည်။ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ကို ဒသ အဖြစ် သရုပ်ဆောင်ခဲ့သော ပြေတီဦးမှ လည်းကောင်း၊ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ဧဝအဖြစ်သရုပ်ဆောင်ခဲ့သော သက်မွန်မြင့်မှ လည်းကောင်းတို့နှင့် အကောင်းဆုံး ဇာတ်ကားဆုတို့ ဖြစ်သည်။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya