သာကေတတံတားသစ်

သာ​ကေတတံတားသစ်
သာ​ကေတတံတား (​ဒေါပုံ)
သာ​ကေတတံတားသစ်
ကိုဩဒိနိတ်16°47′07″N 96°10′45″E / 16.785192°N 96.179283°E / 16.785192; 96.179283ကိုဩဒိနိတ်: 16°47′07″N 96°10′45″E / 16.785192°N 96.179283°E / 16.785192; 96.179283
သယ်ဆောင်မှု၄လမ်းသွားကားလမ်း၊ လူသွားလမ်း
ဖြတ်သန်းမှုပုဇွန်တောင်ချောင်း
တည်နေရာရန်ကုန်မြို့မြန်မာနိုင်ငံ
အချက်အလက်များ
တံတားဒီဇိုင်းExtradose Bridge ကြိုးတံတား
စုစုပေါင်းအရှည်၂၅၃ မီတာ (၈၃၀ ပေ) []
အကျယ်၂၁.၅ မီတာ (၇၁ ပေ)
သမိုင်းကြောင်း
စတင်ဆောက်လုပ်ချိန်ဧပြီ ၂၀၁၅
လုပ်ငန်းပြီးဆုံးချိန်၂၀၁၈
ကုန်ကျငွေဂျပန်ယန်း ၄,၂၁၆ သန်း

သာကေတတံတားသစ်သည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် နှင့် ဒေါပုံမြို့နယ်သို့ ပုဇွန်တောင်ချောင်းကို ဖြတ်သန်းကာ တည်ဆောက်ထားသော တံတားတစ်စင်း ဖြစ်သည်။[]တံတားအရှည်မှ ၂၅၃ မီတာ (၈၃၀ ပေ) ဖြစ်ပြီး ၂၁.၅ မီတာ (၇၁ ပေ) အကျယ်ရှိသော ကြိုတင်အားဖြည့် သံကူကွန်ကရစ်ကြိုးဆိုင်း တံတားအမျိုးအစား ဖြစ်သည်။ ၄ လမ်းသွား ၅၇ ​ပေကျယ်သည့် ကားလမ်း​ဘေး တစ်ဖက်လျှင် ၂ မီတာ (၆.၆ ပေ) အကျယ်ရှိသော လူသွားလမ်းပလက်ဖောင်း အသွားအပြန် ပါဝင်သည်။မြောက်ဘက်တွင် ပုစွန်​တောင်ခုံး​ကျော်တံတား ရှိသည်။

သမိုင်းကြောင်း

ယခင်ဒေါပုံတံတားဟောင်းမှာ စစ်တမ်းများအရ ၂၀၁၃ခုနှစ်တွင် တစ်ရက်တွင် ယာဉ်အစီးရေ ၂၀,၀၀၀ခန့် ဖြတ်သန်းလျက်ရှိရာ ၂၀၂၁ခုနှစ်တွင် ၅၀,၀၀၀ခန့် ဖြတ်သန်းမည်ဟု ခန့်မှန်းရသည်။[] တံတားမှာ ၁၉၆၀ကျော်က ကိုလံဘိုစီမံကိန်းအရ တည်ဆောက်ခဲ့သဖြင့် နှစ်ပေါင်း (၅၀)ကျော် ကြာမြင့်လာရာ တံတားခံနိုင်ဝန်အား လျော့ကျလာပြီဖြစ်သည်။ ၂၀၁၄ခုနှစ် မေလ ၂၁ရက်နေ့က အဖွင့်အပိတ်လုပ်နိုင်သည့် တံတားကြမ်းခင်းအားထိန်းသော Log Pinများနှင့် အထိုင် Boltနှင့် Nut များ ပြတ်ထွက်နေကြောင်းတွေ့ရသဖြင့် တံတားအားပိတ်ကာ ၃ရက်ကြာ အရေးပေါ် ပြုပြင်ခဲ့ရသည်။ တံတားပေါ်သို့ (၁၀)တန်နှင့်အထက်ယာဉ်များ မဖြတ်သန်းရန် သက်ဆိုင်ရာက ထုတ်ပြန်ထားသော်လည်း ည ၁၀နာရီနောက်ပိုင်းတွင် ခိုး၍ဖြတ်သန်းကြသည်။[] ထိုအတွက်ကြောင့် တံတားအသစ်တစ်စင်းတည်ဆောက်ရန် စီစဉ်ခဲ့ရာ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ခုနှစ် ဧပြီလတွင် စတင်တည်ဆောက်ခဲ့သည်။ တံတားအား ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကာ ဂျပန်ယန်းငွေ ၄,၂၁၆ သန်း ကုန်ကျခဲ့သည်။[]

ပန်းခြံတံတားနှင့် သာ​​ကေတတံတား

တံတားအရှည်မှာ ၂၅၃မီတာရှိပြီး ၂၁.၅မီတာကျယ်ကာ လေးလမ်းသွား သံကူကွန်ကရစ်ကြိုးဆိုင်းတံတားဖြစ်သည်။ ၂၀၁၈ခုနှစ်တွင် တံတားစီမံကိန်းပြီးစီးသဖြင့် ယာဉ်ကြောပိတ်ဆို့မှုသက်သာစေရန်အတွက် ဇွန်လ ၁၀ရက်နေ့တွင် ယာယီဖွင့်လှစ်ပေးခဲ့သည်။[]

၂၀၁၈ခုနှစ် ဩဂုတ်လ ၂၅ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့သည်။[][] မူလက တံတားသစ်ဖွင့်ပြီးနောက် တံတားဟောင်းအား အပြီးတိုင်ဖျက်သိမ်းရန် စီစဉ်ခဲ့သော်လည်း ပန်းခြံတံတားအဖြစ်တည်ဆောက်ရန် စီစဉ်ခဲ့ကြသည်။[] ထို့ကြောင့် သာကေတတံတားသစ်နှင့် ဒေါပုံတံတားဟောင်းတို့မှာ ကပ်လျက်တည်ရှိနေသည်။ တံတားသစ်နှင့်အတူ ပုဇွန်တောင်ခုံးကျော်တံတားကိုလည်း တိုးချဲ့ခဲ့ပြီး ချဉ်းကပ်လမ်းများ၊ တံတားတည်ဆောက်ပုံအနေအထားများမှာ ဂျပန်စံချိန်ဖြင့် နိုင်ငံတကာအဆင့်မီတည်ဆောက်ထားခြင်းဖြစ်သည်။ ဤတံတားသည် ရန်ကုန်မြို့၏ စီမံကိန်းအသစ်များအတွက် အဆင်ပြေစေရန် အရေးပါသော တံတားကြီးတစ်စင်းဖြစ်လာခဲ့သည်။[]

ကိုးကား

  1. မြန်မာ့အလင်းသတင်းစာ (၂၇.၅.၂၀၁၄)
  2. ၂.၀ ၂.၁ ၂.၂ သာကေတတံတားသစ် (ဒေါပုံ) ဖွင့်လှစ်ပြီးချိန်တွင် တံတားဟောင်းအား ယာဉ်များဖြတ်သန်းသွားလာခွင့်မပြုတော့ဘဲ ပိတ်ထားမည်ဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်တွင် အပြီးသတ်ဖျက်သိမ်းမည် (in en)။ Eleven Media Group Co., Ltd။ ၂၀ ဩဂုတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  3. မြန်မာ့အလင်းသတင်းစာ (၂၅.၅.၂၀၁၄)
  4. ဒေါပုံတံတားသစ် ဇွန်လ ၁၀ရက်နေ့ ယာယီဖွင့်လှစ်မည်ဒီမိုကရက်တစ် မြန်မာ့အသံ
  5. နှစ် ၆၀ ပြည့် သာကေတမြို့နယ်မြန်မာ့အလင်း သတင်းစာ။ 7 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 November 2022 တွင် ပြန်စစ်ပြီး။
  6. မြန်မာ့အလင်းသတင်းစာ (၂၆.၈.၂၀၁၈)
  7. ဒေါပုံတံတားဟောင်းကို အပန်းဖြေ ပန်းခြံတံတားအဖြစ် ပြောင်းလဲပြင်ဆင်မဇ္ဈိမ သတင်းဌာန
  8. ရန်ကုန်မိုးပျံအမြန်လမ်းနှင့် မြို့တော်အပြင်ပတ်လမ်း စီမံကိန်းနှင့်အတူ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းများ၊ Dry Ports အခြေပြုမြို့သစ်များနှင့် နိုင်ငံ၏စီးပွားရေး စင်္ကြံလမ်းမကြီးတစ်ခု ပေါ်ထွက်လာရန် ရည်ရွယ်ထားကြောင်းသိရThe Daily Eleven
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya