ဆောက်လုပ်ရေး ဝန်ကြီးဌာန
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ဆောက်လုပ်ရေးနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန (Ministry of Construction) ထားရှိသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် လမ်းများကို အသစ်ဖောက်လုပ်ခြင်း၊ လက်ရှိလမ်းများကို အဆင့်ဆင့် တိုးတက်ပြုပြင် ထိန်းသိမ်းခြင်း၊ တံတားများကို အသစ် တည်ဆောက်ခြင်းနှင့် တည်ဆောက်ပြီး တံတားများကို ပြုပြင်ထိန်းသိမ်းခြင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနမှ အပ်ငွေ စနစ်ဖြင့် လုပ်ငန်းအပ်နှံသော လေယာဉ်ကွင်းများကို တည်ဆောက်၊ ပြုပြင်၊ ထိန်းသိမ်းခြင်း၊ အခြားဝန်ကြီးဌာန အသီးသီးမှ အပ်နှံသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း စသည်တို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာနှင့် ဆက်သွယ်မည့် လမ်းများ ဖြစ်သော အာဆီယံ လမ်းမကြီးများ၊ အာရှလမ်းမကြီးများ၊ မဟာမဲခေါင်ဒေသလမ်းမကြီးများ၊ အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ ဆက်သွယ်ရေးလမ်းကြောင်းများစသည့် လမ်းမကြီးများအား နိုင်ငံတကာအဆင့်မှီ လမ်းမကြီများဖြစ်ရန် ဆောင်ရွက်လျက်ရှိသည်။ သမိုင်းကြောင်း၁၈၈၈ခုနှစ် တွင် ပြည်သူ့လုပ်ငန်းဌာန Public Works Department (P.W.D) ကို စတင်ဖွဲ့စည်းခဲ့သည်။ ယင်းလုပ်ငန်းဌာနတွင် အဆောက်အဦနှင့် လမ်းဌာနခွဲ၊ ဆည်မြောင်းဌာနခွဲ တို့ ပါရှိသည်။ ၁၉၂၂ခုနှစ် အဆောက်အဦးနှင့် လမ်းဌာနခွဲအား ဒိုင်အာခီအစိုးရမှ လွှဲယူပါသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် ခရိုင်နှင့် မြို့နယ်အဆင့်အထိ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ၁၉၅၁ခုနှစ်တွင် ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ကို ဖွဲ့စည်း၍ ပြည်သူ့လုပ်ငန်းဌာနမှ အဆောက်အဦလုပ်ငန်းများကို လွှဲယူခဲ့ရာ ပြည်သူ့လုပ်ငန်းဌာနတွင် လမ်းလုပ်ငန်းများသာ ကျန်ရှိခဲ့သည့်အတွက် ပြည်သူ့လုပ်ငန်းဌာနအား ၁၉၅၂ခုနှစ်တွင် လမ်းလုပ်ငန်းဌာန Highways Department ဟုအမည်ခေါ် ဆောင်ရွက်ခဲ့ပြီး၊ ယင်းနှစ်တွင်ပင် လုပ်ငန်းများ ပီပြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် လမ်းလုပ်ငန်းဌာနတွင် ကျန်ရှိသည့် လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာဌာန၊ သန့်ရှင်းရေးအင်ဂျင်နီယာဌာနများအား ပြည်သူ့အိုးအိမ် ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့နှင့် ပေါင်း၍ ဝန်ကြီးဌာနအမည်အား ပြည်သူ့လုပ်ငန်းနှင့်အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာန ဟု ပြောင်းလဲခေါ်တွင်ခဲ့သည်။ ၁၉၇၂ ခုနှစ် တော်လှန်ရေးကောင်စီ ကြေညာချက်အမှတ်(၉၇)အရ ပြည်သူ့လုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာန အား ဆောက်လုပ်ရေးဝန်ကြီးဌာန ဟု ပြုပြင်ဖွဲ့စည်းခဲ့သည်။[၁] ဖွဲ့စည်းပုံဆောက်လုပ်ရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနများ ထပ်မံခွဲထားသည်။
လုပ်ငန်းတာဝန်များဆောက်လုပ်ရေးဝန်ကြီးဌာန သည် အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များအား စီမံချက် ချမှတ်၍ ရည်မှန်းချက် ပြီးမြောက်အောင်မြင်စွာ ဆောက်ရွက်ရန် လက်အောက်ရှိ အဖွဲ့အစည်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ရည်ရွယ်ချက်
ရည်ညွှန်းကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia