သူငယ်ချင်းစည်း (ရုပ်သံဇာတ်လမ်းတွဲ)
သူငယ်ချင်းစည်း (ထိုင်း: Friend Zone – เอาให้ชัด; RTGS: Friend Zone – Ao Hai Chat) သည် Thanat Lowkhunsombat (Lee)၊ Nichaphat Chatchaipholrat (Pearwah)၊ Prachaya Ruangroj (Singto)၊ Pronpiphat Pattanasettanon (Plustor)၊ Nat Sakdatorn၊ Tipnaree Weerawatnodom (Namtan)၊ Ratthanant Janyajirawong (Ter)၊ Nathasit Kotimanuswanich (Best) နှင့် Sarunchana Apisamaimongkol (Aye) တို့ ပါဝင်သရုပ်ဆောင်ထားသည့် ၂၀၁၈-၂၀၁၉ ထိုင်းဇာတ်လမ်းတွဲတစ်ပုဒ် ဖြစ်သည်။[၁] ဒါရိုက်တာ Tidakorn Pookaothong ရိုက်ကူးပြီး GMMTV နှင့် Trasher Bangkok တို့ ပူးပေါင်းထုတ်လုပ်သည့် ဤဇာတ်လမ်းတွဲသည် ၂၀၁၈ ဖေဖော်ဝါရီ ၁ရက်၌ ပြုလုပ်သော "Series X" အစီအစဉ်တွင် ကြေညာခဲ့သည့် ၂၀၁၈အတွက် ဇာတ်ကားဆယ်ကားအနက် တစ်ကားဖြစ်သည်။[၂][၃] One31 နှင့် LINE TV တို့က ၂၀၁၈ နိုဝင်ဘာ ၁၁မှစ၍ အပတ်စဉ် တနင်္ဂနွေနေ့ ၂၂:၀၀ နာရီနှင့် ၂၃:၀၀ နာရီတို့တွင် အသီးသီး ထုတ်လွှင့်ပြသခဲ့ရာ ၂၀၁၉ ဖေဖော်ဝါရီ ၂တွင် ဇာတ်သိမ်းသည်။[၄][၅] ၂၀၂၀ ဧပြီ ၂၀တွင် GMM 25 က တနင်္လာနှင့် အင်္ဂါနေ့ ၂၂:၄၅ နာရီ၌ ပြန်လည်ထုတ်လွှင့်ခဲ့သည်။[၆] သရုပ်ဆောင်များနှင့် ဇာတ်ကောင်များဤ ဇာတ်လမ်းတွဲတွင် ပါဝင်သည့် သရုပ်ဆောင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[၇][၈] အဓိက
ဇာတ်ပို့
ဧည့်သည်သရုပ်ဆောင်
ဇာတ်ဝင်တေး
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia