အမျိုးသမီးတို့ ထကြလော့: သည် စီးရီး
အမျိုးသမီးတို့ ထကြလော့: သည် စီးရီး (ထိုင်း: Wake Up ชะนี The Series; RTGS: Wake Up Chani The Series) သည် Niti Chaichitathorn (Pompam)၊ Akhamsiri Suwanasuk (Jakjaan)၊ Apissada Kreurkongka (Ice), Maneerat Kam-Uan (Ae) နှင့် Tipnaree Weerawatnodom (Namtan) တို့ ပါဝင်သရုပ်ဆောင်ထားသော ၂၀၁၈ ထိုင်းရုပ်သံဇာတ်လမ်းတွဲ တစ်ပုဒ်ဖြစ်သည်။ GMMTV နှင့် Parbdee Taweesuk တို့ ပူးပေါင်းထုတ်လုပ်သော ဤဇာတ်လမ်းတွဲသည် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် GMMTV မှ ပြုလုပ်သော Series X ပွဲစဉ်ပါ ၂၀၁၈ခုနှစ်အတွက် ရုပ်သံဇာတ်လမ်းတွဲ ၁၀ ခုအနက် တစ်ခုဖြစ်သည်။[၁][၂] ဤဇာတ်လမ်းတွဲကို ၂၀၁၈ခုနှစ် မတ်လ ၁၇ရက်နေ့မှစတင်ကာ One31 နှင့် LINE TV တို့တွင် အပတ်စဉ် စနေနေ့ ၂၂:၁၅ နာရီ နှင့် ၂၃:၁၅ နာရီတို့တွင် ပြသသည်။ ၂၀၁၈ ခုနှစ် ဇွန်လ ၁၆ရက်နေ့တွင် ဇာတ်လမ်းတွဲ ပြီးဆုံးခဲ့ပြီး၊[၃] GMM25 မှ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့မှ မတ်လ ၁၈ရက်နေ့ထိ အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့ ၂၁:၂၅ အချိန်တွင် ပြန်လည်ပြသခဲ့သည်။[၄][၅] ဤဇာတ်လမ်းတွဲကို GMM25 ၌ပင် ဒုတိယအကြိမ်အဖြစ် ၂၀၂၀ခုနှစ် ဇူလိုင်လ ၁၃ရက်နေ့မှ စတင်ကာ အပတ်စဉ် တနင်္လာ နှင့် အင်္ဂါနေ့ ၂၃:၀၀ နာရီအချိန်တွင် ထပ်မံပြသခဲ့သည်။[၆] သရုပ်ဆောင်များနှင့် ဇာတ်ကောင်များဤ ဇာတ်လမ်းတွဲတွင် ပါဝင်သည့် သရုပ်ဆောင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[၇] အဓိက
ဇာတ်ပို့
ဧည့်သည်သရုပ်ဆောင်
ဇာတ်ဝင်တေး
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia