ဟတ်ယိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်
ဟိုက်ရိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ် (အင်္ဂလိပ်: Hat Yai International Airport; ထိုင်း: ท่าอากาศยานหาดใหญ่) သည် ထိုင်းနိုင်ငံ တောင်ဘက်အတွက် အဓိကလေဆိပ် တစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံ၊ ဟိုက်ရိုင်မြို့တွင် တည်ရှိသည်။ မက္ကာသို့ သွားရောက်ဘုရားဖူးမည့် မူစလင်ဘာသာဝင်များအတွက် အရေးပါသည့် လေဆိပ်တစ်ခုလည်း ဖြစ်သည်။ နှစ်စဉ် ခရီးသည် ၁ သန်းခွဲ ကို ဝန်ဆောင်မှုပေးလျက်ရှိပြီး လေယာဉ်အစီးရေ ၉၅၀၀ နှင့် ကုန်တန်ချိန် ၁၂၀၀၀ ကို ကိုင်တွယ်လျက်ရှိသည်။ ယေဘုယျအချက်အလက်လောင်ဂျီကျူ့ 100° 23' 55" E နှင့် လတ္တီကျူ့ 06° 55' 46" N တွင် တည်ရှိသည်။ ပင်လယ်ပြင်မျက်နှာပြင်အထက် ၂၈ မီတာ နှင့် ဟိုက်ရိုင်မြို့မှ ၉ကီလိုမီတာ အကွာတွင် တည်ဆောက်ထားသည်။ ၄၁၃၅ အဝေးပြေးလမ်းမကြီးသည် လဆဆိပ်ကို လာရောက်ချိတ်ဆက်ထားသည်။ မနက် ၆ နာရီမှ ည၁၂ နာရီအထိ ဖွင့်လှစ်သည်။ လေယာဉ်ပြေးလမ်းသည် ၁ နာရီလျှင် လေယာဉ် အစီး ၃၀ အတက်အဆင်းပြုလုပ်နိုင်သည်။ လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ
မတော်တဆဖြစ်ပွားမှု
ကိုးကား
|
Portal di Ensiklopedia Dunia