အစင်ရွာ၊ ရေးမြို့နယ်အစင်ရွာ(မွန်: ကွာန်အစေံ)(အင်္ဂလိပ်: Ahsin)သည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၃၃၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အစင်ကျေးရွာအုပ်စုတွင် ကျား ၁၀၈၅၁ ဦး၊ မ ၁၀၆၁၁ ဦး၊ လူဦးရေ စုစုပေါင်း ၂၁၄၆၂ ဦး နေထိုင်သည်။ [၁][၂] ရေးမြို့မှ အစင်ရွာသို့ ဒူးယားလမ်း၊ ငါးမျှားစခန်းလမ်း၊ ဓမင်းဆိပ်လမ်း၊ ချောင်းဝလမ်း၊ ဇီးဖြူတောင်လမ်းတို့ဖြင့် ဆက်သွယ်ထားသည်။[၃] ရေးမြို့နှင့် အစင်ရွာမှာ ၅ မိုင်ခန့်မျှသာ ကွာဝေးသည်။ အစင်ရွာတွင် ရေးမြို့နှင့် ချောင်းတောင်ရွာ၊ ဓမင်းဆိပ်ရွာ၊ အဘော်ရွာ၊ ဇီးဖြူတောင်ရွာ၊ ဒူးယားရွာ၊ ရွှေပြည်သာရွာများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသော မြတ်သူရထွန်းကုမ္ပဏီစက်ရုံလည်း တည်ရှိသည်။[၄] အစင်ရွာဒေသခံများ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ အုတ်ဖုတ်လုပ်ငန်း၊ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတို့ဖြစ်သည်။ နယ်ခံမဟုတ်သောလူများစုများမှာ ဖျာပုံ၊ ဒေးဒရဲ၊ ရန်ကုန်နှင့် အညာဒေသတို့မှ လာရောက်အလုပ်လုပ်ကိုင်ကြသောသူများဖြစ်သည်။[၅] အဓိကစီးပွားရေးမှာ တံငါလုပ်ငန်း ဖြစ်သည်။ ထိုရွာတွင် ရှေးဟောင်းဘုရားပုထိုးများလည်း ရှိသည်။ လူများစုမှာဗမာလူမျိုးများဖြစ်ပြီး မွန်၊ မူဆလင်၊ ထားဝယ်လူမျိုးများမှာ လူနည်းစုဖြစ်သည်။
ကိုးကား
|
Portal di Ensiklopedia Dunia