အစိုးရစနစ်များစာရင်းooဤဆောင်းပါးသည် အစိုးရနှင့်နိုင်ငံရေးစနစ်များကို ကဏ္ဍအလိုက်ခွဲခြား၍ စီစဉ်ပေးထားသောစာရင်းဆောင်းပါးဖြစ်သည်။ ဤစာရင်းပါစနစ်များ၏ အဓိပ္ပာယ်သတ်မှတ်ချက်များသည် ပြန်ထပ်ကောင်းထပ်နိုင်လိမ့်မည်။
အခြေခံအစိုးရပုံစံများ
အာဏာဖွဲ့စည်းပုံအရခွဲခြင်းပြည်သူတို့အားထိန်းသိမ်းမည့် အစိုးရမရှိခြင်းဖြစ်သည်။[၂][၃] အုပ်ချုပ်မှုမရှိခြင်း သို့မဟုတ် အဆင့်အတန်းခွဲခြားမှုမရှိခြင်းကိုလည်း ရည်ညွှန်းနိုင်သည်။ ပြည်တွင်းစစ်ပွဲအပြီးတွင် မင်းမဲ့စနစ်ဖြစ်ပေါ်လေ့ရှိတတ်သည်။[၄] အချို့သောမင်းမဲ့စနစ်လိုလားသူများသည် အစိုးရအစား ပြည်သူအချင်းချင်း ရိုင်းပင်းကူညီသော အဖွဲ့အစည်းများ ဖွဲ့လိုကြသည်။[၅] အကြမ်းဖက်မှု၊ ခြောက်လှန့်မှုစသည်တို့ကို အသုံးချသော်လည်း တိုးတက်သောလူမှုအသိုင်းအဝိုင်းကို ပေးစွမ်းနိုင်သည့် မင်းမဲ့စနစ်များလည်းရှိနိုင်သည်။[၆][၇] သာဓကတိုင်းပြည်များ – ကွန်ဖက်ဒရေးရှင်း (သို့ဟုတ် ကွန်ဖက်ဒရေစီ) သည်နိုင်ငံတစ်နိုင်ငံ၏ ပြည်နယ်အစုအပေါင်းတစ်ခုမှ ဖြစ်ပေါ်လာတတ်သည်။ ကွန်ဖက်ဒရိတ်ပြည်နယ်များသည် စာချုပ်ချုပ်ဆိုရာမှဖြစ်ပေါ်လေ့ရှိသည်။ ကွန်ဖက်ဒရိတ်ပြည်နယ်အဖြစ် ရပ်တည်ရသည့်အကြောင်းမှာ ထိုပြည်နယ်များ၏ပြဿနာရပ်များကို မူလအစိုးရမှထောက်ပံ့ပေးယော်လည်း ကိုယ်တိုင်ဖြေရှင်းလိုသောကြောင့်ဖြစ်သည်။ ကွန်ဖက်ဒရိတ်အစိုးရသည် ဖက်ဒရယ်အစိုးရအား ဖက်ဒရယ်နည်းဖြင့် ချိတ်ဆက်ထားသကဲ့သို့ဖြစ်နေသည်။ သာဓကတိုင်းပြည်များ – တစ်ပြည်ထောင်စနစ်တွင် အာဏာကိုဗဟိုအစိုးရမှ ချုပ်ကိုင်ထားရာ အုပ်ချုပ်မှုနယ်မြေများ၏ အစိုးရသည်လည်း ထိုဗဟိုအစိုးရ၏ လက်အောက်၌သာရှိသည်။ ကမ္ဘာတစ်ဝန်း နိုင်ငံအများစုသည် တစ်ပြည်ထောင်စနစ်ကိုကျင့်သုံးကြသည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံအနက် ၁၆၅ နိုင်ငံတို့မှာ တစ်ပြည်ထောင်စနစ်ကို ကျင့်သုံးကြသည်။ သာဓကတိုင်းပြည်များ – ဖက်ဒရယ်စနစ်သည် အာဏာကိုညီမျှစွာခွဲဝေခြင်းကိုအခြေခံသည်။ တိုင်းပြည်အာဏာကို ဗဟိုဖက်ဒရယ်အစိုးရနှင့် ဖက်ဒရယ်ပြည်နယ်အစိုးရများအား ခွဲဝေရသည်။ ဖက်ဒရယ်ပြည်နယ်အစိုးရတို့သည် မိမိတို့ပြည်နယ်များကို ကိုယ်တိုင်အုပ်ချုပ်နိုင်သည်။ သာဓကနိုင်ငံများ – အာဏာအရင်းအမြစ်အရခွဲခြင်းအော်တိုကရေစီစနစ်တွင် တိုင်းပြည်အာဏာရပ်အားလုံးကို ပုဂ္ဂိုလ်တစ်ဦးတည်းကပင် ချုပ်ကိုင်နိုင်သည်။ ပကတိဘုရင်စနစ်နှင့် မြောက်ကိုရီးယားနိုင်ငံ၏ အာဏာရှင်စနစ်တို့မှာ အော်တိုကရေစီများဖြစ်ကြသည်။ သာဓကနိုင်ငံများ – အော်တိုကရေစီနှင့် ပုံစံတူစနစ်များမှာ အောက်ပါတို့ဖြစ်ကြသည်။ အရပ်သားအာဏာရှင်စနစ် – တိုင်းပြည်အာဏာရပ်အားလုံးကို ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ပါတီတစ်ခုတည်းကပင် ချုပ်ကိုင်နိုင်သည်။ ထိုပုဂ္ဂိုလ်ကို ဘုရင် သို့မဟုတ် အာဏာရှင်ဟုခေါ်ဆိုသည်။ စစ်အာဏာရှင်စနစ် – သာမန်အာဏာရှင်စနစ်ကဲ့သို့ မဟုတ်ဘဲ တိုင်းပြည်အာဏာရပ်အားလုံးကို စစ်တပ်ကပင်ချုပ်ကိုင်သည်။ ထိုစစ်အာဏာရှင်စနစ်တွင် ရာထူးကြီးဗိုလ်ချုပ်တစ်ဦးက ဦးဆောင်သည်။ ဒီမိုကရေစီသည် "ပြည်သူများအုပ်ချုပ်ခြင်း" ဟူ၍ အဓိပ္ပာယ်ရကာ တိုင်းပြည်အုပ်ချုပ်မည့်သူများကို ပြည်သူများကရွေးချယ်တင်မြှောက်နိုင်သော အစိုးရစနစ်တစ်မျိုးဖြစ်သည်။ ဒီမိုကရေစီကို "အများစုမှအုပ်ချုပ်ခြင်း" ဟူ၍လည်း ရည်ညွှန်းလေ့ရှိသည်။ သာဓကနိုင်ငံများ – အော်လီဂါခီသည် "လူနည်းစုမှအုပ်ချုပ်ခြင်း" ဟူ၍ အဓိပ္ပာယ်ရသည်။ ထိုလူနည်းစုတို့သည် အဆင့်အတန်း၊ ငွေကြေးပိုင်ဆိုင်မှု စသည်တို့၌ မြင့်မားကြသော အခွင့်ထူးခံလူစုများဖြစ်ကြသည်။ ထိုလူနည်းစုတို့သည် အစိုးရ၏လုပ်ဆောင်ချက်များကို စိတ်တိုင်းကျခြယ်လှယ်နိုင်သည်။ သာဓကနိုင်ငံများ – အော်လီခါခီနှင့်ဆင်တူသောစနစ်များမှာ အောက်ပါအတိုင်းဖြစ်ကြသည်။ အရစ်စတိုကရေစီ – တိုင်းပြည်တစ်ရပ်၏ အကောင်းဆုံးဟု ယူဆထားသော လူနည်းစုတွင် ပကတိအာဏာရှိသည့် စနစ်မျိုးဖြစ်သည်။ အာဂါတိုကရေစီ (Ergatocracy) – လူလတ်တန်းစား သို့မဟုတ် အလုပ်သမားများက ဦးဆောင်အုပ်ချုပ်သော စနစ်ဖြစ်သည်။ ဂျီနီယိုကရေစီ (Geniocracy) – ဉာဏ်ပညာကြီးမားသောသူတို့မှ အုပ်ချုပ်သည့်စနစ်ဖြစ်သည်။ ကရာတယ်ရိုကရေစီ (Kraterocracy) – တိုင်းပြည်အာဏာကို ခြယ်လှယ်နိုင်သောသူများက အုပ်ချုပ်သည့်စနစ်ဖြစ်သည်။ ကရီတာခီ (Kritarchy) – တရားသူကြီးများက အုပ်ချုပ်သည့်စနစ်ဖြစ်သည်။ မဲရစ်တိုကရေစီ (Meritocracy) – အကျင့်သီလပြည်စုံသောသူများ သို့မဟုတ် နိုင်ငံရေးအကြောင်းသိမြင်သူများမှ အုပ်ချုပ်သည့်စနစ်ဖြစ်သည်။ နက်တိုကရေစီ (Netocracy) –အင်တာနက်နှင့်သိကျွမ်းသူများ သို့မဟုတ် ဆက်သွယ်ရေးကောင်းမွန်သူများမှ အုပ်ချုပ်သည့် စနစ်ဖြစ်သည်။ နိုအိုကရေစီ (Noocracy) – ပလေတို၏ သတ်မှတ်ချက်အရ အသိပညာကြီးမားသောသူများ (တစ်နည်း တွေးခေါ်ပညာရှင်များ) မှ အုပ်ချုပ်သည့်စနစ်ဖြစ်သည်။ ပလူတိုကရေစီ – ချမ်းသာကြွယ်ဝသောသူများမှ အစိုးရအား ခြယ်လှယ်နိုင်သည့် စနစ်မျိုးဖြစ်သည်။ ပလူတိုကရက်တစ်သမ္မတနိုင်ငံဟူသည် ထိုနိုင်ငံရှိကိုယ်စားလှယ်အများအပြားသည် ငွေကြေးဆိုင်ရာအားဖြင့် ထိုချမ်းသာသောအရင်းအမြစ်များကို မှီတွယ်နေရသည့် အခြေအနေဖြစ်သည်။ ပါတီကရေစီ (Particracy) – နိုင်ငံရေးပါတီမှ အုပ်ချုပ်သောစနစ်ဖြစ်သည်။ စတရာတိုကရေစီ (Stratocracy) – အစိုးရနှင့် အစိုးရဆိုင်ရာဌာနတို့တွင် စစ်တပ်အဖွဲ့ဝင်များ ပါဝင်သည့်စနစ်ဖြစ်သည်။ သာဓကအားဖြင့် မြန်မာနိုင်ငံ၊ နအဖအစိုးရလက်ထက်တွင် အစိုးရဌာနများကို ဗိုလ်ချုပ်များကြသာ ဦးဆောင်ခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အမတ်နေရာ၏ ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ရယူထားသည့်အပြင် အချို့သောအစိုးရဝန်ကြီးဌာနများတွင်လည်း စစ်ဗိုလ်ချုပ်များက ဦးဆောင်ခဲ့ကြသည်။ တက်ခ်နိုကရေစီ (Technocracy) – နိုင်ငံရေးသမားများအစား သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများ သို့မဟုတ် နိုင်ငံရေးပြဿနာရပ်များကို ဖြေရှင်းလိုသူများကို ဦးစားပေးရွေးချယ်တင်မြောက်သည့် စနစ်ဖြစ်သည်။[၈] သီယိုကရေစီ – ဘာသာရေးဆိုင်ရာအကြီးအကဲများက ဦးဆောင်အုပ်ချုပ်သည့် စနစ်ဖြစ်သည်။ သာဓကအားဖြင့် ဗာတီကန်စီးတီးကို ပုပ်ရဟန်းမင်းကြီးက အုပ်ချုပ်လျက်ရှိသည်။ တီမိုကရေစီ (Timocracy) – ဂုဏ်သရေရှိလူကြီးမင်းများမှ အုပ်ချုပ်သည့်စနစ်ဖြစ်သည်။ မဲရစ်တိုကရေစီနှင့်ဆင်တူသည်။ ဒမ်အာခီ (Demarchy)ဒီမိုကရေစီစနစ်တစ်မျိုးဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်မည့်သူများကို မြိ့ပြဂျူရီ (citizens' juries) ခေါ် မဲပေးနိုင်သည့်လူများသည် တိုက်ရိုက်မဟုတ်ဘဲ ကျပန်းရွေးကောက်ရသည်။ ဒမ်အာခီစနစ်သည် သီအိုရီအရ အကတိလိုက်စားမှုကဲ့သို့သော ပြဿနာရပ်များကို ဖြေရှင်းနိုင်မည်ဟု ပညာရှင်အချို့ကယုံကြည်ကြသည်။ သာဓကနိုင်ငံများ – ရှေးခေတ်အေသင်မြို့[၉]၊ အီတလီမြောက်ပိုင်းနှင့် ဗင်းနစ်မြို့ (၁၂–၁၈ ရာစု)[၁၀] တိုက်ရိုက်ဒီမိုကရေစီ (Direct democracy)ဒီမိုကရေစီမူကွဲဖြစ်သည်။ ပြည်သူများသည် မိမိကိုယ်မိမိ ကိုယ်စားပြုကြပြီး ဥပဒေပြုရေးကဏ္ဍတွင် ဆုံးဖြတ်ချက်ချသည့်အခါ၌ တိုက်ရိုက်မဲပေးနိုင်သည်။ သာဓက – အီလက်တိုကရေစီ (Electocracy)ဒီမိုကရေစီစနစ်တစ်မျိုးဖြစ်သည်။ ပြည်သူများသည် အစိုးရအားမဲပေးနိုင်သော်လည်း အစိုးရ၏ဆုံးဖြတ်ချက်ချရာကဏ္ဍတွင် ပါဝင်နိုင်ခြင်းမရှိပေ။ အစိုးရတွင် ပကတိနီးပါးအာဏာရှိသည်။ သာဓက – ဒီမိုကရေစီကို လစ်ဘရယ်ဝါဒ၏ အသွင်အပြင်ဖြင့် ကျင့်သုံးသည့်စနစ်ဖြစ်သည်။
သာဓက – Liquid democracyဒီမိုကရေစီမူကွဲစနစ်ဖြစ်သည်။ ပြည်သူများက မိမိကိုယ်ကို ကိုယ်စားပြု၍သော်လည်းကောင်း၊ မိမိ၏ဆန္ဒမဲကို အခြားမဲပေးသူ၏ ဆန္ဒမဲအဖြစ်ထား၍သော်လည်းကောင်း ဥပဒေပြုရေးကဏ္ဍတွင် ဆုံးဖြတ်ချက်ချသည့်အခါတွင် တိုက်ရိုက်မဲပေးနိုင်သည်။ ကိုယ်စားပြုဒီမိုကရေစီ (Representative democracy)ပြည်သူများသည် မိမိတို့အားကိုယ်စားပြုမည့်သူများကို တိုက်ရိုက်ရွေးချယ်နိုင်သည့် စနစ်ဖြစ်သည်။ ဒီမိုကရေစီစနစ်အများစုတွင် ဤပုံစံကိုကျင့်သုံးကြသည်။ ဆိုရှယ်လစ်ဝါဒ၏ အသွင်အပြင်များဖြင့် ကျင့်သုံးသည့် ဒီမိုကရေစီစနစ်ဖြစ်သည်။ ဆိုရှယ်ဒီမိုကရေစီစနစ်၏ အဓိကမူဝါဒမှာ ပြည်သူများအားလုံး၏ ကျန်းမာရေး၊ ပညာရေး၊ အလုပ်သမားအခွင့်အရေး၊ ကလေးငယ်နှင့်သက်ကြီးရွယ်အိုများကို စောင့်ရှောက်ရေးစသော ပင်ကိုအခွင့်အရေးများကို ရရှိနိုင်ရန်ဖြစ်သည်။ ခေတ်သစ်ဆိုရှယ်ဒီမိုကရေစီတွင် အဆင့်အတန်း၊ လိင်ပိုင်းဆိုင်ရာ စသည်တို့အပေါ် ခွဲခြားဆက်ဆံမှုမှ ကင်းလွတ်ရေးအတွက် ထောက်ပံ့အားပေးသည်။ သာဓကနိုင်ငံများ – ဆိုဗီယက်ဒီမိုကရေစီပြည်သူများကို တိုက်ရိုက်ရွေးချယ်ထားသော ကောင်စီခေါ် ကိုယ်စားလှယ်များက အုပ်ချုပ်သည်။ ဒီမိုကရေစီဟုဆိုသော်လည်း ပြည်သူမှရွေးကောက်ခံ ကောင်စီသည် မိမိထက်အဆင့်မြင့်သော ကိုယ်စားလှယ်များကို ထက်မံရွေးချယ်ရသည်။ ထိုကိုယ်စားလှယ်များသည်လည်း အစိုးရအဆင့်ဖြစ်သော "ဆိုဗီယက်ကွန်ဂရတ်" အဆင့်အထိ တစ်ဆင့်ပြီးတစ်ဆင့် ကိုယ်စားလှယ်များ ရွေးချယ်ရသည်။ သာဓက – အာဏာရှင်ဒီမိုကရေစီ (Totalitarian Democracy)ပြည်သူများတွင် မဲပေးပိုင်ခွင့်ရှိသော်လည်း အစိုးရ၏ဆုံးဖြတ်ချက်ချရေးကဏ္ဍတွင် မဲပေးနိုင်စွမ်းမရှိပေ။ ရွေးကောက်ခံအစိုးရတွင်သာ ပကတိအာဏာရှိသည်။ သာဓက – ဘဏ်ကိုကရေစီ (Bankocracy)ဘဏ်များ သို့မဟုတ် ငွေကြေးဆိုင်ရာဌာနများမှ အုပ်ချုပ်သည့်စနစ်ဖြစ်သည်။[၁၃] ကော်ပိုရာတိုကရေစီ (Corporatocracy)နိုင်ငံရေးကဏ္ဍကိုသာမက စီးပွားရေးကဏ္ဍကိုပါ ကော်ပိုရေးရှင်းများက အုပ်ချုပ်သည့်စနစ်ဖြစ်သည်။[၁၄] ကာကီစတိုကရေစီ (Kakistocracy)အရည်အချင်းမရှိသောသူများမှ အုပ်ချုပ်သည့်စနစ်ဖြစ်သည်။ ကလက်ပ်တိုကရေစီ (Kleptocracy)တိုင်းပြည်အစိုးရသည် အာဏာကိုအသုံးချ၍ မိမိတို့အားကြွယ်ဝချမ်းသာအောင် ပြုလုပ်နေခြင်းကိုဆိုလိုသည်။ တစ်နည်းဆိုရသော် သူခိုးကဲ့သို့ကျင့်ကြံ၍ အုပ်ချုပ်သည့်စနစ်ဖြစ်သည်။ နီပိုတိုကရေစီ (Nepotocracy)မိမိနှစ်သက်သော ဆွေမျိုးသားချင်းများကိုသာ အာဏာလွှဲအပ်ပြီး အုပ်ချုပ်စေသည့် စနစ်မျိုးဖြစ်သည်။ အိုခလိုကရေစီ (Ochlocracy)လူဆိုးလူမိုက်ဂိုဏ်းကဲ့သို့သောအဖွဲ့များက အုပ်ချုပ်သည့်စနစ်ဖြစ်သည်။ အက်ဒ်ဟိုကရေစီ (Adhocracy)ကြပ်မတ်ခြင်းမရှိသော စည်းကမ်းများကို ရေးဆွဲပြီးအုပ်ချုပ်သော စနစ်ဖြစ်သည်။ အာနိုကရေစီ (Anocracy)ဒီမိုကရေစီစနစ်တစ်ဝက်နှင့် အာဏာရှင်စနစ်တစ်ဝက်ဖြစ်နေသော စနစ်ကိုရည်ညွှန်းသည်။[၁၅] နက်ကရိုကရေစီ (Necrocracy)ကွယ်လွန်ပြီးသော ခေါင်းဆောင်မှ ချမှတ်ထားခဲ့သော စည်းမျဉ်းများကို လိုက်နာဆောင်ရွက်သည့် အစိုးရမျိုးဖြစ်သည်။ ဆိုက်ဘာရိုကရေစီ (Cyberocracy)ကွန်ပြူတာမှအုပ်ချုပ်သည့်စနစ်ဖြစ်သည်။ အိုက်စိုကရေစီ (Isocracy)တိုင်းပြည်တစ်ရပ်ရှိ ပြည်သူများအားလုံးတွင် ညီမျှသောအာဏာရှိသည့် စနစ်မျိုးဖြစ်သည်။ အာဏာနှင့်နိုင်ငံရေးအမြင်အရခွဲခြင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (Constitutional)ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံရေးစနစ်ဟုဆိုလျှင် နိုင်ငံခေါင်းဆောင်များ၏ အခွင့်အာဏာကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက ကန့်သတ်ထားခြင်းဖြစ်သည်။ သက်ဦးဆံပိုင်စနစ်တွင် ဘုရင်ဟူသောသူသည် တစ်တိုင်းပြည်လုံးကို အုပ်ချုပ်နိုင်သူဖြစ်သည်။ ဘုရင်၏မိသားစု အစဉ်အဆက်ကို မင်းဆက်ဟုခေါ်သည်။ ဘုရင်စနစ်ပုံစံများမှာ အောက်ပါအတိုင်းဖြစ်ကြသည်။ ပကတိဘုရင်စနစ် – တိုင်းပြည်၏အာဏာရပ်အားလုံးကို ဘုရင်ဖြစ်သူက ချုပ်ကိုင်ခြယ်လှယ်နိုင်ခြင်းဖြစ်သည်။ (သာဓက – စည်းမျဉ်းခံဘုရင်စနစ် – ဘုရင်၏အာဏာကို ဥပဒေများမှ ကန့်သတ်ထားခြင်းဖြစ်သည်။[၁၆][၁၇] ဘုရင်သမ္မတနိုင်ငံ (Crowned Republic) – ဘုရင်များသည် နိုင်ငံတော်ကို ကိုယ်စားပြုနိုင်သော်လည်း အထိမ်အမှတ်အနေဖြင့်သာဖြစ်ကြရာ မည်သည့်အခွင့်အာဏာမျှမရှိပေ။ ရွေးကောက်ခံဘုရင်စနစ် – ဘုရင်များကိုရွေးကောက်ရသည့်စနစ်ဖြစ်သည်။ သာဓကအားဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင်ဘုရင်ကို ထီးနန်းဆိုင်ရာကောင်စီက ရွေးချယ်ရသည်။ ပြည်သူများက တိုင်းပြည်အစိုးရကို လွှမ်းမိုးနိုင်သည့် ပုံစံမျိုးဖြစ်သည်။ အလွယ်နည်းဖြင့်ဆိုရသော် နိုင်ငံခေါင်းဆောင်မှာ ဘုရင်မဟုတ်အရပ်သားမျိုးဖြစ်သည်။[၁၈][၁၉] သမ္မတနိုင်ငံအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။ ဖွဲ့စည်းပုံဥပဒေအရသမ္မတနိုင်ငံ – အစိုးရ၏အခွင့်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေက ကန့်သတ်ထားခြင်းဖြစ်သည်။ ဒီမိုကရက်တစ်သမ္မတနိုင်ငံ – အများဆန္ဒမဲဖြင့် ဆုံးဖြတ်ချက်ချခြင်းကို အခြေခံသော သမ္မတနိုင်ငံမျိုးဖြစ်သည်။ ဖက်ဒရယ်သမ္မတနိုင်ငံ – ဖက်ဒရယ်စနစ်ကို အခြေခံသော သမ္မတနိုင်ငံဖြစ်သည်။ (သာဓက – အစ္စလာမ်သမ္မတနိုင်ငံ – အစ္စလာမ်ဘာသာဆိုင်ရာ စည်းမျဉ်းများကိုကျင့်သုံးသော သမ္မတနိုင်ငံဖြစ်သည်။ ( ပါလီမန်သမ္မတနိုင်ငံ – ပါလီမန်စနစ်ကို အခြေပြုသော သမ္မတနိုင်ငံဖြစ်သည်။ နိုင်ငံခေါင်းဆောင်နှင့် အစိုးရခေါင်းဆောင်တို့တွင် မတူညီသောအခွင့်အာဏာများရှိသည်။ (သာဓက – သမ္မတသမ္မတနိုင်ငံ – နိုင်ငံတော်သမ္မတသည် နိုင်ငံခေါင်းဆောင်နှင့် အစိုးရခေါင်းဆောင် နှစ်မျိုးလုံးဖြစ်သော သမ္မတနိုင်ငံဖြစ်သည်။ ပြည်သူ့သမ္မတနိုင်ငံ – "For the people, by the people" ဟူသော စကားရပ်အရ ပြည်သူများအတွက် ပြည်သူများက အုပ်ချုပ်သည့်စနစ်မျိုးဖြစ်သည်။ လက်ရှိနှင့် ယခင်ကွန်မြူနစ်နိုင်ငံအချို့သည် ဤအမည်ကို နိုင်ငံ၏တရားဝင်အမည်၌ ထည့်သွင်းလေ့ရှိခဲ့ကြသည်။ လူမှုစီးပွားရေးအရခွဲခြင်းမိမိကိုယ်တိုင်ရပ်တည်လိုခြင်းကို အလေးပေးသည့်ဝါဒဖြစ်သည်။ အချို့ကမူ အဆင့်အတန်းခွဲခြားခြင်းကို အလိုမရှိခြင်းဟု ဖွင့်ဆိုကြသည်။ ကုန်ထုတ်လုပ်မှုဆိုင်ရာ (Means of production) တို့ကို ပုဂ္ဂလိကဆိုင်ရာတို့က ပိုင်ဆိုင်ခြင်းဖြစ်သည်။ အလုပ်သမားတို့သည် ထိုပိုင်ရှင်များနှင့် ဆွေးနွှေးကြပြီး ကုန်ထုတ်လုပ်ရန်လုပ်အားခကို တောင်းဆိုကြသည်။ နိုင်ငံတစ်နိုင်ငံမှ အခြားနိုင်ငံများကို သိမ်းပိုက်ပြီးအုပ်ချုပ်ရာ ထိုနိုင်ငံ၏သံယံဇာတများကို မိမိနိုင်ငံအကျိုးအတွက် အသုံးချခြင်းဖြစ်သည်။ ကုန်ထုတ်လုပ်မှုဆိုင်ရာ (Means of production) တို့ကို အများပိုင်အဖြစ် ထားရှိခြင်းဖြစ်သည်။[၂၀][၂၁] အာဏာရှင်ဝါဒ (Despotism)နိုင်ငံ၏အာဏာရပ်နှင့် စီးပွားရေးဆိုင်ရာတို့ကို ပုဂ္ဂိုလ်တစ်ဦးတည်းကသာ ချုပ်ကိုင်ထားခြင်းဖြစ်သည်။ ဖြန့်ချိမှုဝါဒ (Distributism)ကုန်ထုတ်လုပ်မှုဆိုင်ရာ (Means of production) တို့ကို လူသားများအားလုံး ပိုင်ဆိုင်စေနိုင်ခြင်းဖြစ်သည်။[၂၂] ဖြန့်ချိမှုဝါဒသည် အရင်းရှင်ဝါဒနှင့် ဆိုရှယ်လစ်ဝါဒတို့နှင့် မတူညီပေ။[၂၃][၂၄] ဘုရင်သည်တိုင်းပြည်၏ နယ်မြေများအားလုံးပို ပိုင်ဆိုင်သော်လည်း နယ်မြေ၏အချို့ဒေသများကို စစ်သူကြီးများ သို့မဟုတ် မိမိလက်အောက်၌ တာဝန်ထမ်းဆောင်သူများကို စားစေသည့်စနစ်မျိုးဖြစ်သည်။ မီနာခီ (Minarchy)အစိုးရ၏တာဝန်မှာ ပြည်သူများကို ပြစ်မှုဆိုင်ရာတို့မှာ ကာကွယ်ရန်သာဖြစ်သော စနစ်သာဖြစ်သည်။ နိုင်ငံအစိုးရကို ဘုရင်ဖြစ်သူကဦးဆောင်သည့် စနစ်ဖြစ်သည်။ ဘုရင်နတ်ရွာစံသော် ထိုဘုရင်၏ ဆွေမျိုးသားခြင်းဖြစ်သူက ထီးနန်းအရာကို ဆက်ခံရသည်။ အစိုးရ၏ပေါ်လစီများကို ပြည်သူ့ကိစ္စရပ်ဟုသဘောထား၍ ပြည်သူများက အစိုးရအတွက် ဆုံးဖြတ်ချက်ချပေးရခြင်းဖြစ်သည်။ စီးပွားရေးမျှတမှုကိုအခြေခံ၍ လူအများအတွက် လူအများက စီးပွားလုပ်ငန်းများကို ပိုင်ဆိုင်သည့်စနစ်မျိုးဖြစ်သည်။[၂၅] တစ်တိုင်းပြည်လုံးကို တစ်ပါတီစနစ်သို့မဟုတ် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခြင်းဖြစ်သည်။ (သာဓက – Tribalismရှေးခေတ်အခါက လူသားများသည် Tribe ခေါ် အုပ်စုများဖြင့် နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံရေးပထဝီအားဖြင့်ခွဲခြင်းပြည်ထောင်စုနိုင်ငံ၏ အစိုးရဖြစ်သည်။ အုပ်ချုပ်ရေးဒေသများသည် ထိုအစိုးရ၏လက်အောက်၌သာရှိသည်။ မြို့ပင်ဖြစ်သော်လည်း ကိုယ်ပိုင်အချုပ်အခြာအာဏာရှိသော နိုင်ငံဖြစ်သည်။ (သာဓက – Communeလူသားများအတူတကွ နေထိုင်ရာအရပ်ကိုဆိုလိုသည်။ မိမိတို့ပိုင်ဆိုင်မှုများကိုလည်း အချင်းချင်းဝေမျှကြသည်။ နိုင်ငံများမှဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်။ (သာဓက – ကမ္ဘာဂြိုဟ်တစ်ဝှမ်းလုံးကို အုပ်ချုပ်နိုင်သည့် အစိုးရမျိုးဖြစ်သည်။ ထိုအစိုးရမျိုးသည် ကမ္ဘာကိုလွှမ်းမိုးမှု (World Domination) သို့မဟုတ် နိုင်ငံတကာမှစည်းလုံးမှု (Supernational Union) မှ ဖြစ်ပေါ်လာနိုင်သည်။ သီအိုရီအရစနစ်များဤစနစ်များသည် လက်တွေ့၌အသုံးချမှုများ မရှိသေးပေ။ ဆိုက်ဘာရိုကရေစီ (Cyberocracy)သတင်းအချက်အလက်များကို အသုံးချ၍အုပ်ချုပ်သောစနစ်ဖြစ်သည်။ မာဂျိုကရေစီ (Magocracy)မှော်အတတ်ပညာတတ်သူများ သို့မဟုတ် မှော်ဆရာများက ဦးဆောင်သည့်စနစ်ဖြစ်သည်။ ယူနီယိုကရေစီ (Uniocracy)လူသားတို့၏စိတ်များအားလုံးကို တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင်ပြု၍ ဆုံးဖြတ်ချက်များကို တစ်မျိုးတည်းဖြစ်စေရန် ပြုလုပ်ခြင်းဖြစ်သည်။ အခြားကြည့်ရန်ကိုးကား
|
Portal di Ensiklopedia Dunia