အစိုးရအဖွဲ့အကြီးအကဲ![]() ![]()
အစိုးရအဖွဲ့အကြီးအကဲဆိုသည်မှာ နိုင်ငံတစ်ခု၊ နယ်မြေတစ်ခု စသည်တို့၏ အုပ်ချုပ်ရေးအဖွဲ့အစည်းတွင် အမြင့်ဆုံး သို့မဟုတ် ဒုတိယအမြင့်ဆုံး ခေါင်းဆောင်ကို ယေဘူယျခေါ်ဆိုခြင်းဖြစ်သည်။ အစိုးရအဖွဲ့အကြီးအကဲသည် များသောအားဖြင့် နိုင်ငံတော်အကြီးအကဲနှင့် မတူဘဲ တာဝန်ဝတ္တရား၊ လုပ်ပိုင်ခွင့်၊ အာဏာများ ကွာခြားလေ့ရှိသည်။ သမ္မတ၊ အဓိပတိ၊ ဝန်ကြီးချုပ် စသော အစိုးရအဖွဲ့အကြီးအကဲများ၏ လုပ်ပိုင်ခွင့်သည် နိုင်ငံအလိုက်ကွဲပြားမှုရှိသည်။ အချို့သောနိုင်ငံများတွင် နိုင်ငံတော်အကြီးအကဲနှင့် အစိုးရအကြီးအကဲသည် တစ်ဦးတည်းဖြစ်ကာ အချို့နိုင်ငံများတွင် သပ်သပ်စီဖြစ်သည်။[၁][၂][၃] စည်းမျဉ်းခံဘုရင်စနစ်အပါအဝင် ပါလီမန်စနစ်များတွင် အစိုးရအဖွဲ့အကြီးအကဲသည် ရာထူးလက်ရှိ အမှန်တကယ်လုပ်ပိုင်ခွင့်ရှိသူဖြစ်သည်။ သမ္မတစနစ်နှင့် ဘုရင်စနစ်များကို ကျင့်သုံးသည့်နိုင်ငံများတွင် အကြီးအကဲမှာ တစ်ဦးတည်းဖြစ်သည်။ အမည်နာမအစိုးရအဖွဲ့အကြီးအကဲအတွက် နိုင်ငံအများစု၏ အမည်နာမမှာ ဝန်ကြီးချုပ် (Prime Minister)ဖြစ်သည်။ သို့သော် အချို့နိုင်ငံများတွင် Chancellor၊ Secretary of State စသည်ဖြင့် အသုံးပြုသည်။ အင်္ဂလိပ် အခေါ်အဝေါ်များ
![]() ![]() ![]() မြန်မာနိုင်ငံမြန်မာနိုင်ငံတွင် ယခင်က သမ္မတမှာ နိုင်ငံတော်ခေါင်းဆောင်ဖြစ်ကာ ဝန်ကြီးချုပ်မှာ အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတမှာ အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်သကဲ့သို့ နိုင်ငံတော်ခေါင်းဆောင် ဖြစ်သည်။ သို့သော်၂၀၁၆ ဦးထင်ကျော်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတမှာ အစိုးရနှင့် နိုင်ငံတော်ခေါင်းဆောင်အမည်ခံကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် ပူးတွဲအုပ်ချုပ်ကြသည်။ နိုင်ငံတော်နှင့် အစိုးရအဖွဲ့ခေါင်းဆောင်အချို့နိုင်ငံများတွင် နိုင်ငံတော်နှင့် အစိုးရအဖွဲ့ခေါင်းဆောင်မှာ အတူတူဖြစ်သည်။ တချို့ဘုရင်နိုင်ငံများတွင် ဘုရင်သည် ခေါင်းဆောင်ဖြစ်သည်။ ဥပမာ ဘရူနိုင်းဆူလ်တန်၊ ဆော်ဒီဘုရင်တို့ ဖြစ်သည်။ ![]() ကိုးကား
|
Portal di Ensiklopedia Dunia