အနောက်ကမ္ဘာလုံးခြမ်း![]() အနောက်ကမ္ဘာလုံးခြမ်း ဆိုသည်မှာ ကမ္ဘာအား ပထဝီဝင်ရှုထောင့်မှ ပိုင်းခြားခေါ်ဝေါ်ထားခြင်း ဖြစ်သည်။ ပရိုင်းမီရီဒီယန် (သုညဒီဂရီ လောင်ဂျီတွဒ်မျဉ်း)၏ အနောက်ဘက်မှ အန်တီမီရီဒီယန် (၁၈၀ ဒီဂရီ လောင်ဂျီတွဒ်မျဉ်း) ၏ အရှေ့ဘက်အထိ ကမ္ဘာတစ်ခြမ်းကို ဆိုလိုသည်။ အနောက်ကမ္ဘာလုံးခြမ်းတွင် အမေရိက၊ ဥရောပနှင့်အာဖရိကတို့၏ အနောက်ဘက်အပိုင်း၊ ရုရှားနိုင်ငံ၏ အရှေ့ထိပ်စွန်းဖျား၊ အိုရှန်းနီးယားရှိ နယ်ပယ်ဒေသများ၊ အန္တာတိက တစ်စိတ်တစ်ပိုင်း၊ အလူးရှင်းကျွန်း၏ အချို့နေရာမှလွဲ၍ အလက်စကာပြည်မကြီး တို့ပါဝင်သည်။ အနောက်ကမ္ဘာလုံးခြမ်းရှိ လူဦးရေမှာ သန်းတစ်ထောင်ကျော် ဖြစ်သည်။ ကမ္ဘာလုံးခြမ်းလေးခုအနက် တောင်ကမ္ဘာလုံးခြမ်းသည် လူဦးရေ အနည်းဆုံးဖြစ်သည်။ အနောက်ကမ္ဘာလုံးခြမ်းရှိ အမြင့်ဆုံးတောင်ထိပ်မှာ အေကွန်ကွာဂွါတောင်ဖြစ်ပြီး အမြင့်မှာ ၆၉၆၀.၈ မီတာ (၂၂၈၃၇ ပေ) ရှိသည်။[၁] ကမ္ဘာလုံးခြမ်းနှစ်ခုတွင် ပါဝင်သောနိုင်ငံများIERS Reference Meridian (ပရိုင်းမီရီဒီယန်) ပေါ်တွင်ရှိပြီး အရှေ့နှင့် အနောက် ကမ္ဘာလုံးခြမ်းနှစ်ခုစလုံးတွင် ပါဝင်သည့်နိုင်ငံများမှာ (မြောက်မှတောင်သို့ အစဉ်အတိုင်း)
၁၈၀ ဒီဂရီ လောင်ဂျီတွဒ်မျဉ်းပေါ်တွင် တည်ရှိကာ အနောက်နှင့် အရှေ့ကမ္ဘာလုံးခြမ်း နှစ်ခုစလုံးတွင် ပါဝင်နေသောနိုင်ငံများမှာ (မြောက်မှတောင်သို့ အစဉ်အတိုင်း)
အနောက်ကမ္ဘာလုံးခြမ်းတွင် ပါဝင်သည့် အမေရိကပြင်ပရှိ နိုင်ငံများအောက်ပါနိုင်ငံများမှာ အနောက်ကမ္ဘာလုံးခြမ်းတွင် အားလုံး သို့ တစ်စိတ်တစ်ပိုင်းပါဝင်သည့် အမေရိကပြင်ပရှိ နိုင်ငံများဖြစ်သည်။
ကိုးကား
|
Portal di Ensiklopedia Dunia