အနော်ရထာတံတား

အနော်ရထာတံတားသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ဆောက်လုပ်ခဲ့သော တံတားများအနက် တစ်စင်းဖြစ်ပြီး ဧရာဝတီမြစ်ကို ဖြတ်ကာ ချောက်မြို့နှင့် ဆိပ်ဖြူမြို့ကို ဆက်သွယ်ထားသည်။

တံတားအရှည်မှာ ၅၁၉၁ ပေရှိပြီး ပင်မတံတားမှာ ၄၁၉၁ ပေရှည်လျားကာ ချဉ်းကပ်တံတားမှာ ၁၀၀၀ ပေရှည်သည်။ သံမဏိသံပေါင်အမျိုးအစား တံတားတစ်စင်းဖြစ်သည်။ ယာဉ်သွားလမ်းအကျယ်မှာ ၂၈ ပေ ကျယ်ပြီး လူသွားလမ်းမှာ တဖက်လျှင် ၆ ပေစီ အကျယ်ရှိသည်။ အနော်ရထာတံတားကို ၂၆ ဇူလိုင် ၁၉၉၆ ခုနှစ်တွင် ပန္ဓက်ချခဲ့ပြီး ၁၀ မတ် ၂၀၁၁ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ကုန်ကျငွေ မြန်မာကျပ်ငွေ ၃၂၈၄ မီလီယံရှိပြီး အမေရိကန်ဒေါ်လာအားဖြင့် ၅.၀၅ မီလီယံရှိခဲ့သည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya