ဆိပ်ဖြူမြို့
ဆိပ်ဖြူမြို့သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ပါဝင်ပြီး ဆိပ်ဖြူမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ဧရာဝတီမြစ်၏ အနောက်ဘက် ၊ ဧရာဝတီမြစ်အတွင်းသို့ ယောေချာင်းစီးဝင်ေသာအရပ်၌ ရှိ၍၊ မကွေးခရိုင်အပိုင်၊ ချောက်မြို့နှင့် မျက်နှာချင်းဆိုင်လျက်ရှိသည်။ မြို့နယ်၏အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၅၅၉ မိုင်မျှရှိသည်။[၁] နောက်ခံသမိုင်းဦးဖိုးကျား ရေး သော "မြန်မာ့ဂုဏ်ရည်" စာအုပ် စာမျက်နှာ (၅၆) ၌ "ဆိတ်ဖြူ ချင်တောင် တွင် ငမှန်ကန်းအကြောင်း ဖော်ပြထားရာ တည်းခိုအိပ် ပြီးသော် ထိုရွာသူကြီးမ တစ်ဦးအိမ် ဆွမ်းခံလျှင်" ဟု ပါရှိသဖြင့် အနော်ရထာမင်းလက်ထက်ကပင် ရွာအဖြစ်အတည်တကျ ရှိနေပြီဟု ဆိုရပါမည် [၂] [၃]။ ကုန်းဘောင်ခေတ်က ဆိတ်ဖြူကို စလင်းမြို့ဝန်အောက်တွင် မြို့သူကြီးထား အုပ်ချုပ်စေကြောင်းကို "ဆိတ်ဖြူမြို့သူကြီး ဦးပွား" ဟူသော အမည်ကို ကုန်းဘောင်မင်းမှုထမ်းစာရင်းတွင် တွေ့ရခြင်းဖြင့် သိရှိရပါသည်။ ဦးပွားမှာ ထန်းချောင်းရွာ အဆက်အနွယ်၊ ဆိတ်ဖြူ ရွှေမင်းဝံဘုရားကြီး ဘုရားဒကာ မင်းကြီးဦးလူညို၏ သားဖြစ်ကာ နောင်အခါ ရေနံချောင်းမြို့ဝန်ကြီးဖြစ်လာပါသည်။ [၄] ကိုလိုနီခေတ်အစ ၁၈၈၅ ခုတွင် ဆိတ်ဖြူကို ပခုက္ကူစီရင်စုအောက်တွင်း သွင်းကာ မြို့နယ်အဖြစ် ဖွဲ့၍ ဇီးကပ်ရွာ၌ မြို့ပိုင်ရုံးထားသည်။ ၁၈၉၆ ခုတွင် ရုံးကို အောက်ဆိပ်ကျေးရွာသို့ ပြောင်းသည်။ ၁၉၀၁ ခုတွင် ဆိတ်ဖြူသို့ ရုံးစိုက်လာသည်။ ယခု မြေသတ်မှတ်ချက်များမှာ ၁၉၇၂ ခု၊ ဇူလိုင်လ ၂၁ ရက်ပါ အမိန့်စာဖြင့် ဖွဲ့ထားခြင်းတည်း။ မြို့အမည်၁၉၇၅ ခုနှစ်တွင် ဆိတ်ဖြူမြို့ အနောက်ပိုင်း ကျောင်းဆရာကြီး ဦးချစ်စိန်က မူလအမည် "ဆိတ်ဖြူ" ကို "ဆိပ်ဖြူ" ဟု အမည်ပြောင်းပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ရာ၊ နွေရာသီ၌ ဆိပ်ကမ်းတွင် သဲဖြူဖြူဖြင့် သောင်ခုံထလေ့ရှိသောကြောင့် ဆိပ်ဖြူဟု ခေါ်နိုင်ကြောင်း အယူအဆကို လက်ခံအတည်ပြုခဲ့ သဖြင့် ယခုအမည် ဆိပ်ဖြူ ဖြစ်လာပါသည်။ ဦးချစ်စိန်က မြို့ ကျက်သရေဆောင် ဘုရားကြီး မူလဘွဲ့တော် "ရွှေမင်းဝံ" ကို "ရွှေမင်းဝန်" ဟုလည်း ပြောင်းလဲ ပေးခဲ့ပါသေးသည်။ [၅] စီးပွားရေးစိုက်ပျိုးရေးမှာ မြို့နယ်၏ အဓိကစီးပွားရေး ဖြစ်သည်။ ဆိပ်ဖြူကြက်သွန်နီမှာ မြန်မာ့ကြက်သွန်ဈေးကွက်တွင် နာမည်ရသည်။ ကြက်သွန်ကို ယောချောင်းတလျှောက်နှင့် မြေနုကျွန်းပေါ်ရာ ဧရာဝတီမြစ်တလျှောက်တွင် မိုးနည်းသော ဒီဇင်ဘာမှ ဧပြီအတွင်း စိုက်လေ့ရှိသည်။ အခြားထွက်ကုန်များမှာ စပါး၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ကုလားပဲတို့ဖြစ်သည်။ ထွက်ကုန်တို့ကို ရန်ကုန်သို့ ပို့၏။ မြို့ဖွဲ့စည်းပုံဆိပ်ဖြူမြို့ကို အောက်ပါရပ်ကွက်များဖြင့် ဖွဲ့ထားသည်။
ဆင်ဖြူကျွန်းစလင်းသို့သွားသော အနော်ရထာလမ်း၊ ပခုက္ကူသို့သွားသော ဗိုလ်ချုပ်လမ်း၊ ဧရာဝတီမြစ်၊ ယောချောင်း တို့ကို အခြေတည်ကာ မြို့ဖွဲ့ထားခြင်းတည်း။ သယ်ယူပို့ဆောင်ရေးကုန်းလမ်းဆိပ်ဖြူမှ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ စလင်း၊ ပေါက်၊ ဂန့်ဂေါ စသည်တို့အထိ သွားနိုင်သော ခရီးသည်တင်ကားများ ရှိသည်။ အနောက်ဘက် စလင်း၊ ပေါက်၊ ဂန့်ဂေါ စသည်တို့သို့ သွားသောယာဉ်များမှာ ကားငယ်များဖြစ်၏။ ရထားခရီး ၂၂ မိုင်ရှိသော ပခုက္ကူသို့သွားသည့် ရထားလမ်းရှိသည်။ ရေကြောင်းယခင်က ဇက်ဖြင့် ချောက်နှင့်ဆိပ်ဖြူသို့ ကူးနိုင်သည်။ ၁၉၉၆ ခု၌ အနော်ရထာတံတား ဆက်ပြီးသည်နောက် ကားလမ်းဖြင့်သာ လူသွားလူလာများသည်။ ရေကြောင်းဖြင့် သွားလိုက ချောက်မှသည် ဆိပ်ဖြူ ယောဝရပ်ကွက်သို့ ကူးသော မော်တော်၊ သမ္ဗန်များ ရှိသေးသည်။ ရောင်းဝယ်ရေးအနောက်ပိုင်းရပ်ကွက်ရှိ ပတ္တမြားဈေးသည် တခုတည်းသော ဈေးကြီးဖြစ်သည်။ ငွေကြေးဆိုင်ရာလုပ်ငန်းများမြန်မာ့စီးပွားရေးဘဏ်၏ ဘဏ်ခွဲရှိသည်။ ပညာရေးအခြေခံပညာအထက်တန်းကျောင်း (ဆိပ်ဖြူ) မှာ အနောက်ပိုင်းရပ်ကွက်၊ အနော်ရထာလမ်းဘေးတွင် ရှိသည်။ အခြေခံပညာမူလတန်းကျောင်းမှာ ယောဝ၊ အလယ်ပိုင်း၊ အနောက်ပိုင်းရပ်ကွက် နှင့် ရွာသစ်ရပ်ကွက်တို့တွင် အသီးသီးရှိသည်။ ကျန်းမာရေးကုတင် ၅၀ ဆန့် ပြည်သူ့ဆေးရုံရှိသည်။ အားကစားနှင့်ဖျော်ဖြေရေးဘောလုံးကွင်းနှင့် ဘောလီဘောကွင်း ရှိသည်။ ၎င်းကွင်းများမှာ ဘုရားစူးကွင်းများဖြစ်ပြီး ဘောလုံးကွင်း၌ မြေကွက်လပ်နှင့်ဂိုးတိုင်၊ ဘောလီဘောကွင်းတွင် ပိုက်မရှိသော တိုင် ၂ ချောင်းမှအပ ဘောလုံးကွင်း၊ ဘောလီဘောကွင်းဟု သိသာစေသော အခြားအရာ မရှိ။ ဗိုလ်ချုပ်လမ်းကို မေးတင်ထားသော အလယ်ပိုင်းရပ်ကွက်ရှိ တခုတည်းသောပန်းခြံမှာ အထိန်းအသိမ်းနည်းသဖြင့် လူသွားလူလာမရှိလှ။ ဘာသာရေးအဆောက်အဦများဗုဒ္ဓဘာသာယောဝရပ်ကွက်၌ ရွှေမင်းဝန်ဘုရား၊ ရွာသစ်ရပ်ကွက်၌ ရွှေမုဋ္ဌောဘုရားတို့ ရှိသည်။ ဘုန်းကြီးကျောင်း ၅ ကျောင်း ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia