အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဆိုင်ရာဝန်ကြီးဌာန၂ခုအနက်မှ တစ်ခုဖြစ်သည်။၂၀၁၇ခုနှစ်အတွင်းက နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခွဲထုတ်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ရည်ရွယ်ချက်မြန်မာနိုင်ငံသည် နိုင်ငံတကာရေးရာများတွင်တက်ကြွစွာပါဝင်နေသည့်အားလျော်စွာ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ ဆောင်ရွက်ရန် ဖွဲ့စည်းခြင်းဖြစ်သည်။ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ပါ ယူထားရ၍ ၎င်းကိုယ်စား အချို့သော နိုင်ငံတကာ အစည်းအဝေးများ တက်ရောက်ရန်လည်း ရည်ရွယ်သည်။[၁] ထို့အပြင် နိုင်ငံခြားရေးသာမက စီးပွားရေး အမြင်ဖြင့်ပါ ဆောင်ရွက်ရန် ဖြစ်သည်။[၂] ဖွဲ့စည်းပုံဝန်ကြီးဌာနကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန မှဝန်ထမ်းများဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ၌ပင် ဖွဲ့စည်းထားသည်။ ![]() ဝန်ကြီးများ
ဒုဝန်ကြီးများ
ကိုးကား
|
Portal di Ensiklopedia Dunia