အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန

အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဌာနချုပ်ရုံးအမှတ် (၉)၊ နေပြည်တော်
ဝန်ကြီးများ
ဌာနအကြီးအမှူးများဦးချမ်း​အေး၊ ညွှန်ကြား​ရေးမှူးချုပ်
​ဒေါ်မာလာသန်းထိုက်၊ ဒုတိယညွှန်ကြား​ရေးမှူးချုပ်
ဦးဝင်း​ဇေယျာထွန်း၊ ဒုတိယညွှန်ကြား​ရေးမှူးချုပ်
ဦးကျော်သူငြိမ်း၊ ဒုတိယညွှန်ကြား​ရေးမှူးချုပ်
မိခင်အဖွဲ့အစည်း
ဝက်ဘ်ဆိုက်mofa.gov.mm

အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန (အင်္ဂလိပ်: International Organizations and Economic Department) သည် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

သမိုင်းကြောင်း

လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာပြီး ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးတွင် အရေးပါသော ထောက်တိုင်တစ်ခုဖြစ်လာသည်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ ဦးစီးဌာနအား ညွှန်ကြားရေးမှူး ချုပ် (၁) ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (၃) ဦးတို့မှ ဦးဆောင်သည်။[] အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဌာန၊ စီးပွားရေးဌာနနှင့် ဒေသခွဲဆိုင်ရာပူးပေါင်းညှိနှိုင်းမှုဌာနတို့ ပါဝင်သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ဝန်ထမ်းများဖြင့် ဖွဲ့စည်းခဲ့သည်။[]

လုပ်ဆောင်မှုများ

အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဌာနသည် မြန်မာနိုင်ငံလူ့အခွင့်အရေး ကာကွယ်မြှင့်တင်မှု၊ လက်နက်ဖျက်သိမ်းရေးတို့နှင့်ပတ်သက်၍လည်း ကုလသမဂ္ဂနှင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများဖြင့်လည်းကောင်း ဆောင်ရွက်သည်။

စီးပွားရေးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း ရှာဖွေရေးနှင့် စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ စီးပွားရေးနှင့် အခြားဆက်စပ်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေး သည့် လုပ်ငန်းများကို ဆောင်ရွက်သည်။

အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်စီးပွားရေးဦးစီးဌာန၊ ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဌာန သည် မဲခေါင်ဒေသ၊ ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာဒေသများ စသည့် ဒေသတွင်းအဖွဲ့အစည်းများနှင့် သက်ဆိုင်သောကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်သည်။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya