အမေရိကန်အသံ
![]() ဗွီအိုအေ အမေရိကန်အသံ (Voice of America, VOA) သည် အသံလွှင့်ဘုတ်အဖွဲ့မှ ကြီးကြပ်သည့် (Broadcasting Board of Governors, BBG) အမေရိကန်ပြည်ထောင်စု ဖက်ဒရယ် အစိုးရပိုင် အပြည်ပြည်ဆိုင်ရာ ရေဒီယိုနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနဖြစ်သည်။ ဗွီအိုအေမှ ကမ္ဘာတလွှားသို့ ဘာသာစကားပေါင်း ၄၄ မျိုးဖြင့် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် အင်တာနက်မှ သတင်းနှင့် အစီအစဉ် အမျိုးမျိုးကို ထုတ်လွှင့်ပေးလျက်ရှိသည်။[၁] ဗွီအိုအေ အစီအစဉ်များကို ဂြိုဟ်တု၊ FM လှိုင်း၊ AM လှိုင်းနှင့် လှိုင်းတိုများမှ ထုတ်လွှင့်သည်။[၂] လက်ရှိဘာသာစကားများအမေရိကန် အသံ၏ တရားဝင် ဝက်ဘ်ဆိုဒ်၌ ၂၀၁၄ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ကမ္ဘာတစ်ဝန်းထုတ်လွှင့်မှု၊ အင်္ဂလိပ်၊ ကမ္ဘောဒီးယား၊ ဇင်ဘာဘွေနှင့် တိဘက် စသည့် ထုတ်လွှင့်မှုများအား စတင်ခဲ့သည်။ ထို့အပြင် ဗွီအိုအေဝက်ဘ်ဆိုဒ်၌ နိုင်ငံခြားဘာသာစကား ၄၆ မျိုးဖြင့်လည်း ထုတ်လွှင့်ဝန်ဆောင်မှုပေးနေသည်။ (အောက်ပါ စာရင်းတွင် ရေဒီယိုအစီအစဉ်များကို ကြယ်ပွင့် အမှတ်သင်္ကေတပြုထားပြီး ရုပ်မြင်သံကြားအစီအစဉ်များကို အပေါင်းသင်္ကေတနှင့်တီဗီအိုင်ကွန် ပြုထားသည်။)
ပြင်ပလင့်များဝီကီမီဒီယာ ကွန်မွန်းစ်တွင် အမေရိကန်အသံ
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။
ကိုးကား
|
Portal di Ensiklopedia Dunia