အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းသည် စက်မှု ဝန်ကြီးဌာနပိုင် လုပ်ငန်းတစ်ခုဖြစ်ပြီး လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ CNC အသုံးပြု စက်ပစ္စည်းကိရိယာများ၊ တွင်ခုံ၊ ဖောက်ခုံ၊ ကျောက်စက်၊ ဓားစက် စသည့် စက်ပစ္စည်းကိရိယာများ၊ PVC ဝါယာများ၊ ပါဝါကေဘယ်(လ်)ကြိုးများ၊ ဘက်ထရီအိုးများ၊ ထရန်စဖော်မာများ၊ ရေအားလျှပ်စစ်တာဘိုင်များ၊ ဂျင်နရေတာများ၊ LED မီးသီးအမျိုးမျိုး၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ပစ္စည်းများ၊ မော်တော်ယာဉ် တာယာအမျိုးမျိုးနှင့် စက်မှုကုန်ကြမ်း သဘာဝရာဘာများကို ထုတ်လုပ်ပေးလျက်ရှိသည်။
နောက်ခံသမိုင်း
၂၀၁၁ခုနှစ် ဇန်နဝါရီလတွင် မြန်မာ့စက်ကိရိယာနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းနှင့် မြန်မာ့တာယာနှင့် ရော်ဘာပစ္စည်းထုတ်လုပ်မှုလုပ်ငန်း တို့ကို ပူးပေါင်း၍ အမှတ်(၂)အထွေထွေအကြီးစား စက်မှုလုပ်ငန်းအဖြစ် ဖွဲ့စည်းခဲ့သည်။ ၂၀၁၂ခုနှစ်၊ ဧပြီလ(၄)ရက်နေ့တွင် အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်းအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ [၁]
ဦးဆောင်ညွှန်ကြားရေးမှူးချုပ်များ
စက်ရုံများ
အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၏ ကြီးကြပ်မှုအောက်တွင် အောက်ပါ စက်ရုံများပါဝင်ဖွဲ့စည်းထားသည်။
စက်ရုံ |
တည်နေရာ |
အကျယ်အဝန်း |
တည်ထောင်သည့်ခုနှစ် |
ထုတ်ကုန်များ
|
အမှတ် (၂၁) အကြီးစားစက်ရုံ(သထုံ) |
သထုံမြို့၊ မွန်ပြည်နယ် |
၁၄၈၇.၂၈ ဧက |
၁၉၈၅ |
လူစီးမော်တော်ယာဉ်တာယာ အပေါ့စားမော်တော်ယာဉ်တာယာ အကြီးစားမော်တော်ယာဉ်တာယာ လယ်ယာသုံးမော်တော်ယာဉ်တာယာ
|
အမှတ် (၂၂) အကြီးစားစက်ရုံ(ဘီးလင်း) |
ဘီးလင်းမြို့၊ မွန်ပြည်နယ် |
၂၄ ဧက |
၂၀၁၀ |
ရေဒီယယ်တာယာများ
|
အမှတ် (၂၃) အကြီးစားစက်ရုံ(ညောင်ခြေထောက်) |
ညောင်ခြေထောက်၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး |
၄၅ ဧက |
၁၉၇၄ |
Machine Tools General Engineering Products ထရန်စဖော်မာများ PVC ဝါယာများ ပါဝါကေဘယ်(လ်)ကြိုးများ
|
အမှတ် (၂၄) အကြီးစားစက်ရုံ(ဒဂုံ) |
စက်မှုဇုံ (၁)၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး |
၃၉.၆၁၄ ဧက |
၁၉၆၂ |
ဘက်ထရီအိုးများ LED မီးသီးအမျိုးမျိုး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ပစ္စည်းများ အောက်ဆီဂျင် Acetylene
|
အမှတ် (၂၅) အကြီးစားစက်ရုံ(မြိုင်) |
မိုင်တိုင်အမှတ် ၃၉၇/၃၊ ပုသိမ်-မုံရွာလမ်း၊ ပခုက္ကူမြို့နယ်၊ မကွေးတိုင်းဒေသကြီး |
၃၁ ဧက |
၂၀ဝ၆ |
လျှပ်စစ်ပစ္စည်းအမျိုးမျိုး CNC အသုံးပြု စက်ပစ္စည်းကိရိယာများ တွင်ခုံ၊ ဖောက်ခုံ၊ ကျောက်စက်၊ ဓားစက် စသည့် စက်ပစ္စည်းကိရိယာများ
|
အမှတ် (၂၆) အကြီးစားစက်ရုံ(သာဂရ) |
သာဂရ၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး |
၁၀ ဧက |
၂၀ဝ၇ |
ဂျင်နရေတာများ
|
အမှတ် (၂၇) စက်မှုကုန်ကြမ်းဌာန(ကျိုက်ထို) |
ကျိုက်ထိုမြို့၊ မွန်ပြည်နယ် |
|
၁.၄.၂၀ဝ၄ |
မှိုင်းခံရာဘာများ
|
ကိုးကား