အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေး ဗဟိုအဖွဲ့
အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ (အင်္ဂလိပ်: Formation of Central Body for Summoning Reserve Forces servants) သည် အရန်တပ်ဖွဲ့ဥပဒေ အရ ပေါ်ပေါက်လာသော ဗဟို အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ တပ်မတော်ထိပ်တန်းပုဂ္ဂိုလ် များ ဦးဆောင်မှုဖြင့် ဖွဲ့စည်းသည်။ ဗဟိုအဖွဲ့ ကို ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ က ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန် ယူသည်။ သမိုင်းကြောင်း၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းခဲ့သော [၁] စစ်မှုထမ်းဟောင်းများအား ပြန်လည် ခေါ်ယူနိုင်မည့် အရန်တပ်ဖွဲ့ ဥပဒေ အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် [၂]က စပြီး အသက်ဝင်အာဏာတည်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ကြေညာပြီးနောက် ပေါ်ပေါက်လာသည့်အဖွဲ့ဖြစ်သည်။[၃]ယင်းဥပဒေ ပုဒ်မ ၁၂ အရ အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ဗဟိုအဖွဲ့ အား ဖွဲ့စည်းသည်။ အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ တွင် အဖွဲ့ဝင် (၁၃ ) ဦး ပါသည်။ ရည်ရွယ်ချက်အရန်တပ်ဖွဲ့ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းခြင်းဖြစ်သည်။ ဖွဲ့စည်းပုံ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက် တွင် ဖွဲ့စည်းလိုက်သည့် ဗဟိုအဖွဲ့ ဥက္ကဋ္ဌ နှင့် အွဲ့ဝင် များမှာ အောက်ပါအတိုင်းဖြစ်သည်။[၄]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
|
Portal di Ensiklopedia Dunia