ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ (အင်္ဂလိပ်: Formation of Central Body for summoning people's military servants) သည် မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ အရ ပေါ်ပေါက်လာသော နိုင်ငံတော်အဆင့်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ စစ်ဘက်၊အရပ်ဘက် အဖွဲ့ဝင် (၁၈) ဦးဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ တစ်ခုဖြစ်သည်။[၁] အဖွဲ့ အား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း က ဦးဆောင်သည်။[၂] [၃] သမိုင်းကြောင်း၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ က ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ အား ပြဋ္ဌာန်းသည်။ ယင်းဥပဒေ သည် မည်သည့်နေရက်တွင် အာဏာတည်ရမည်ဟု သတ်မှတ်မှ အသက်ဝင် အတည်ဖြစ်စေမည့် ဥပဒေပုဒ်မ တစ်ခု ထည့်သွင်းထားသော ဥပဒေတစ်ခုဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ယင်းဥပဒေပါ ပုဒ်မ ဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ရက် ကစပြီး အာဏာတည်စေရမည်ဟု သတ်မှတ်ခဲ့သည်။ထိုသို့ သတ်မှတ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အား ဖွဲ့စည်းသည်။ [၄] ရည်ရွယ်ချက်ပြည်သူ့စစ်မှုထမ်းဥပဒေ အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက်ဖြစ်သည်။ ဖွဲ့စည်းပုံ
လက်အောက်ခံအဖွဲ့အစည်းများ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ က ၎င်း၏ လက်အောက်တွင် ထားရှိမည့် နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ များအား အဖွဲ့ဝင် ၉ ဦး စီဖြင့် ဖွဲ့စည်းသည်။ [၅] [၆] (က) နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ များ
ဆက်စပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia