ကိုဩဒိနိတ်: 48°50′54″N 2°18′15″E / 48.8482°N 2.3042°E / 48.8482; 2.3042
European Space Agency
- ချက်: Evropská Kosmická Agentura
- ဒိန်းမတ်: Den europæiske rumfartsorganisation
- ဂျာမန်: Europäische Weltraumorganisation
- အက်စတိုးနီးယား: Euroopa Kosmoseagentuur
- ပြင်သစ်: Agence spatiale européenne
- ဖင်လန်: Euroopan avaruusjärjestö
- ဂရိ: Ευρωπαϊκή Διαστημική Υπηρεσία
- ဟန်ဂေရီ: Európai Űrügynökség
- အိုင်းရစ်: Gníomhaireacht Spáis na hEorpa
- အီတလီ: Agenzia Spaziale Europea
- ဒတ်ချ်: Europese Ruimtevaartorganisatie
- နော်ဝေး: Den europeiske romfartsorganisasjonen
- ပိုလန်: Europejska Agencja Kosmiczna
- ပေါ်တူဂီ: Agência Espacial Europeia
- ရိုမေးနီးယား: Agenția Spațială Europeană
- စပိန်: Agencia Espacial Europea
- ဆွီဒင်: Europeiska Rymdorganisationen
 |
အတိုကောက် | |
---|
ပိုင်ဆိုင်သူ | |
---|
တည်ထောင် | မေ ၃၀၊ ၁၉၇၅; ၅၀ နှစ် အကြာက (၁၉၇၅-၀၅-30) |
---|
ဌာနချုပ် | ပဲရစ်မြို့၊ Île-de-France၊ ပြင်သစ်။ |
---|
ပင်မ အာကာသဆိပ်ကမ်း | Guiana Space Centre |
---|
စီမံခန့်ခွဲသူ | Johann-Dietrich Wörner ညွန်ကြားရေးမှူး |
---|
ဘက်ဂျက် | € 5.25 billion (2016)[၁] |
---|
တရားဝင် ဘာသာစကား | အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်[၂] |
---|
ဝဘ်ဆိုဒ် | esa.int |
---|
ဂျာမနီနိုင်ငံ၊ ဒါမက်စတပ်မှ ESA Mission Control
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှ ESA ဌာနချုပ်
ဥရောပ အာကာသ အေဂျင်စီ (ESA; ပြင်သစ်: Agence spatiale européenne, ASE) သည် အာကာသစူးစမ်းလေ့လာရေးအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းထားသော နိုင်ငံတကာ အဖွဲ့အစည်းဖြစ်ကာ ၁၉၇၅ ခုနှစ်တွင် အဖွဲ့ဝင် ၂၂ နိုင်ငံဖြင့် ဖွဲ့စည်းခဲ့သည်။ ဌာနချုပ်သည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် တည်ရှိပြီး ဝန်ထမ်းအင်အား ၂၀၀၀ ရှိပြီး[၃]
နှစ်စဉ် ဘက်ဂျက်ကုန်ကျငွေမှာ €၅.၂၅ ဘီလီယံ / US$၅.၇၇ ဘီလီယံ (၂၀၁၆) ဖြစ်သည်။
ESA ၏ အာကာသပျံသန်းရေး စီမံကိန်းတွင် လူသားများလိုက်ပါခြင်းစီမံကိန်း ပါဝင်ပြီး ပင်မရည်ရွယ်ချက်မှာ နိုင်ငံတကာ အာကာသ စခန်းသို့ ပူးပေါင်းပါဝင်ခြင်း ဖြစ်သည်။ လူသားမဲ့ အာကာသယာဉ်များ စေလွှတ်ခြင်းများမှာ လကမ္ဘာ၊ ကမ္ဘာမြေစူးစမ်းရေး၊ သိပ္ပံနှင့်ဆက်သွယ်ရေးနည်းပညာ၊ ယာဉ်များအား ဒီဇိုင်းဆွဲပစ်လွှတ်တင်ခြင်း၊ အာကာသယာဉ်များအား ပြုပြင်ထိန်းသိမ်းခြင်းများ ဖြစ်သည်။ အဖွဲ့အစည်း၏ အောက်ပါ သုတေသန ၅ ချက်ကို ဆောင်ရွက်လျက်ရှိသည်။
- ESA ၏ သိပ္ပံ စီမံကိန်းများအား နယ်သာလန်နိုင်ငံတွင် အခြေစိုက်သည်။
- ကမ္ဘာမြေ လေ့လာစောင့်ကြည့်ရေး စီမံကိန်းအား အီတလီနိုင်ငံတွင် အခြေစိုက်သည်။
- ESA စီမံကိန်း ထိန်းချုပ်စခန်းမှာ ဂျာမနီနိုင်ငံတွင် ဖြစ်သည်။
- ဥရောပ အာကာသယာဉ်မှူးများစခန်းကိုမူ ဂျာမနီနိုင်ငံ ကိုလိုဂျိန်မြို့တွင် တည်ရှိပြီး
- ဥရောပ အာကာသ နက္ခတ္တအသင်း (ESAC) သည် စပိန်နိုင်ငံတွင် တည်ရှိသည်။
ကိုးကား