အာကာသ တယ်လီစကုပ်

ဟာဘယ် အာကာသ တယ်လီစကုပ်

အာကာသ တယ်လီစကုပ် သည် အပြင်ဘက် အာကာသ၌ တပ်ဆင်ထားသော တယ်လီစကုပ်ဖြစ်ပြီး ဝေးကွာသည့်အရပ်မှဂြိုဟ်များ၊ ဂလက်ဆီများနှင့် အခြားသော နက္ခတ္တဆိုင်ရာ အရာဝတ္ထုများကို လေ့လာရန်ဖြစ်သည်။ အာကာသ တယ်လီစကုပ်များသည် မြေပြင်အခြေစိုက် တယ်လီစကုပ်များတွင် ကြုံတွေ့ရသော ပြဿနာအတော်များများကို ရှောင်လွဲနိုင်သည်။ အလင်းညစ်ညမ်းခြင်း၊ လျှပ်စစ်သံလိုက် ကြားဖြတ်နှောက်ယှက်ခြင်းစသည်တို့ကို အာကာသ တယ်လီစကုပ်များက မကြုံတွေ့ရပေ။ ထို့အပြင် ခရမ်းလွန်ရောင်ခြည် ကြိမ်နှုန်းများ၊ အိတ်ဇ်ရေးနှင့် ဂါမာရောင်ခြည်များသည် ကမ္ဘာ့လေထု၏ ပိတ်ဆို့ခြင်းကို ခံရသောကြောင့် အာကာသ၌သာ လေ့လာနိုင်သည်။[] ၁၉၄၆ ခုနှစ်တွင် Lyman Spitzer ဆိုသူက အဆိုပြုခဲ့ပြီး ပထမဆုံး အလုပ်ဖြစ်သော အာကာသ တယ်လီစကုပ်မှာ အမေရိကန်တို့၏ Orbiting Astronomical Observatory ဖြစ်သည်။ ကမ္ဘာမြေ၏ ရာသီဥတု လေ့လာရေးအတွက် ကမ္ဘာမြေသို့ ချိန်ထားသော အချို့အာကာသ တယ်လီစကုပ်များလည်း ရှိကြသည်။


ကိုးကား

  1. Chaisson၊ Eric; McMillan, Steve (2002)။ Astronomy Today, Fourth Edition။ Prentice Hall။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya