အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်
ယခင်အမည် Harakah al-Yaqin ဖြစ်သော[၁၃][၁၄] အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (အင်္ဂလိပ်: Arakan Rohingya Salvation Army; အတိုကောက် အာဆာ, ARSA)[၁၅][၁၆][၁၇] သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ International Crisis Group မှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ထုတ်ပြန်သော အစီရင်ခံစာအရ ပါကစ္စတန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာတွင် ကြီးပြင်းခဲ့သော ရိုဟင်ဂျာလူမျိုး Ataullah abu Ammar Jununi က ဦးဆောင်သည်။[၁][၂] အခြားဦးဆောင်သူများတွင် ဆော်ဒီအာရေဗျတွင် ခိုလှုံနေထိုင်ကြသော ရိုဟင်ဂျာကော်မတီတစ်ခု ပါဝင်သည်။[၁၈] မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီက အာဆာ အား အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။[၁၉][၂၀] အာဆာအား အကြမ်းဖက်အဖွဲ့အဖြစ် မလေးရှားနိုင်ငံကလည်း သတ်မှတ်ထားသည်။[၁၂] အာဆာတွင် အစ္စလာမ်နိုင်ငံများ ပါဝင်ပတ်သက်နေသည်ဟု မြန်မာနိုင်ငံ အစိုးရက စွပ်စွဲထားသော်လည်း ခိုင်လုံသော သက်သေအထောက်အထားများ မရှိခဲ့ပေ။[၂၁]၂၀၁၇ ခုနှစ် ဩဂုတ် ၂၈ ရက်နေ့တွင် အာဆာက ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ စွပ်စွဲချက်များသည် အခြေအမြစ်မရှိဟု ငြင်းဆိုခဲ့ပြီး အာဆာ၏ အဓိက ရည်ရွယ်ချက်မှာ ရိုဟင်ဂျာများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။[၂၂] တိုက်ပွဲများ၂၀၁၇ခုနှစ်ဩဂုတ်လ ၂၅ ရက်နေ့က၊ မြန်မာ နယ်ခြားစောင့် ကင်းစခန်း အခု ၃ဝ ဝန်းကျင်ကို Arsaတပ်များဝင်ရောက်တိုက်ခိုက်ခဲသည်။ထိုအချိန်မှစပြီးမြန်မာစစ်တပ်နှင်Arsa တို့၂၀၁၈နှစ်ကုန်ခန့်အထိတိုက်ပွဲများဖြစ်ပွားခဲ့လေသည်။ ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia