အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် နပခ) သည် အမ်းမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တောင်ဘက်ရှိ ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ကျော်စွာဦး (ကြည်း - ၂၆၇၅၃) (တေဇ - ၂၂) ဖြစ်သည်။[၁] ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလာ (၂၀) ရက်နေ့တွင် အာရက္ခတပ်တော် (AA) ထိုးစစ်ကြောင့် ကျဆုံးပြီး တိုင်းမှူးနှင့်အကြီးပိုင်းအရာရှိများအဖမ်းခံရသည်။ သမိုင်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ၁၉၇၂ ခုနှစ် စက်တင်ဘာလ ၁၀ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။[၂]၁၉၈၁ ခုနှစ် ဇန်နဝါရီ ၇ရက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူးဦးဆောင်သော နယ်ခြားဒေသ ကွပ်ကဲမှုဌာနချုပ်ကို မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြား နယ်နိမိတ်ဖြစ်သော တောင်ဘက် နတ်မြစ်ဝနယ်နိမိတ် အပိုင်းအခြားမှ မြောက်ဘက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ သုံးနိုင်ငံဆုံသည့် နယ်နိမိတ်အထိဖွင့်လှစ်သည်။[၃] ၁၉၉၀ နှစ်လယ်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို စစ်တွေမြို့ မှ ရခိုင်ပြည်နယ်၊ အမ်းမြို့ သို့ ပြောင်းရွှေ့ခဲ့ပြီး စစ်တွေတွင်မူ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တစ်ခု အစားထိုး ဖွင့်လှစ်သည်။[၄] ကွပ်ကဲမှုနယ်မြေများမှာ ရခိုင်ပြည်နယ်တစ်ဝှမ်းလုံး နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် အထိ ပါဝင်သည်။လက်အောက်ခံ တပ်ရင်း/တပ်ဖွဲ့များကို ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် ဖြန့်ခွဲထားရှိသည်။ပထမဆုံးတိုင်းမှူးအဖြစ် ကြည်း-၅၄၉၇၊ ဗိုလ်မှူးကြီးလှထွန်း(ဗိုလ်လောင်းသင်တန်းအပတ်စဉ်-၁)မှ တာဝန်ယူခဲ့သည်။ ဖွဲ့စည်းပုံကွပ်ကဲမှုဌာနချုပ် ၃ခု၊ခြေလျင် ခြေမြန် ၄၃ခု၊လက်ရုံးဝန်ထမ်း ၂၆ခု၊ကက(ရေ) ၁၂ခု ဖြင့် စုစုပေါင်း ၈၇တပ် အကြမ်းဖျင်းအနည်းဆုံးရှိသည်။ နပခ နယ်မြေအတွင်း တည်ရှိသော စစ်ဌာနချုပ်များ၊ ၎င်း၏ကွပ်ကဲမှုအောက်ရှိ စစ်ဌာနချုပ်၊ စစ်ဗျူဟာများနှင့် လက်အောက်ခံ ခြေလျင်/ခြေမြန်တပ်ရင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။ စစ်ဗျူဟာများအခြေချစစ်ဗျူဟာ (၁) ခု၊ လှုပ်ရှားစစ်ဗျူဟာ (၃) ခု နှင့် ခြေလျင်/ခြေမြန်တပ်ရင်း (ဒကစ-စစ်တွေလက်အောက်ခံ တပ်ရင်းများအပါအဝင်) ရှိသည်။[ကိုးကားချက်လိုသည်]
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
စစ်ဌာနချုပ်ကျဆုံးခြင်းရခိုင်ပြည်နယ် အလယ်ပိုင်း အမ်းမြို့နယ်အတွင်းရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် တပ်စခန်းများကို အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၆ရက် တွင် စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ရက် မွန်းတည့် (၁) နာရီ (၄၀) မိနစ်တွင် တိုင်းစစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ကာ နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးအရာရှိ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို အရှင်လက်ရဖမ်းဆီးခဲ့သည်။ စစ်ကောင်စီ လက်ထက် တပ်မတော် သမိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ပြီးလျှင် ဒုတိယမြောက် ကျရှုံးသော စစ်ဌာနချုပ် အဖြစ် သမိုင်းဝင်သည်။[၁၂] ကိုးကား
နောက်ထပ်ကြည့်ရန် |
Portal di Ensiklopedia Dunia