အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေများအိန္ဒိယနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေများ သည် အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်ရေး နယ်မြေ အစိတ်အပိုင်းများဖြစ်ပြီး နိုင်ငံ နယ်မြေဒေသခွဲများကို ကြီးစဉ်ငယ်လိုက် စုဖွဲ့ထားခြင်း ဖြစ်သည်။ ဇုန်များ![]() ပြည်နယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း အလေ့အထ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ပြည်နယ်များကို ဇုန်ကြီး ခြောက်ခုအဖြစ် အုပ်စုဖွဲ့ထားသည်။ ဇုန်နယ်ဆိုင်ရာ ကောင်စီများကို ၁၉၅၆ ပြည်နယ်များ ပြန်လည်စီမံရေး အက်ဥပဒေ အပိုင်း ၃ အရ ဖွဲ့စည်းခဲ့သည်။ အရှေ့မြောက်ဘက်ရှိ ပြည်နယ်များ၏ အထူးပြဿနာများကို ၁၉၇၁ အရှေ့မြောက်ပိုင်းကောင်စီ အက်ဥပဒေ အရ သီးခြား သတ်မှတ်ပြဋ္ဌာန်းထားသည်။[၁] လက်ရှိသတ်မှတ်ဖွဲ့စည်းထားသော ဇုန်နယ်ဆိုင်ရာ ကောင်စီများမှာ အောက်ပါအတိုင်း ဖြစ်သည်။[၂]
ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများအိန္ဒိယနိုင်ငံကို ပြည်နယ် ၂၉ ခုနှင့် အမျိုးသားမြို့တော်နယ်မြေ အပါအဝင် ပြည်ထောင်စုနယ်မြေ ၇ ခု ဖြင့် ဖွဲ့စည်းထားသည်။[၆] ပြည်ထောင်စုနယ်မြေများကို အိန္ဒိယသမ္မတမှ ခန့်အပ်သော အုပ်ချုပ်ရေးမှူးများဖြင့် အုပ်ချုပ်သည်။ ဒေလီနှင့် ပူဒူချယ်ရီ နယ်မြေနှစ်ခုတွင် ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်နှင့် ဝန်ကြီးများပါဝင်သည့် အထူးကောင်စီ ရှိသော်လည်း လုပ်ပိုင်ခွင့် အာဏာကို ကန့်သတ်ထားသည်။ ![]()
ဒေသကြီးများဤစာရင်းသည် အိန္ဒိယနိုင်ငံ ဒေသကြီးများ၏ တရားမဝင် စာရင်း သို့မဟုတ် တရားဝင်ယောင်ယောင် ဖြစ်သော စာရင်း ဖြစ်သည်။ အချို့ဒေသကြီးများသည် ပထဝီဝင်အရ ဒေသများဖြစ်ပြီး အချို့မှာ မျိုးနွယ်စုအရ၊ ဘာသာဗေဒအရ၊ စကားပြောလေသံအရ၊ သို့မဟုတ် ယဉ်ကျေးမှုအရ ဒေသကြီးများ ဖြစ်ကြသလို အချို့မှာ သမိုင်းဝင် နိုင်ငံများ၊ ပြည်နယ်များ သို့မဟုတ် စီရင်စုများနှင့် ဆက်စပ်နေသည်။ ဒေသကြီးခြောက်ခု
ခရိုင်များပြည်နယ်နှင့် နယ်မြေများကို ခရိုင်များ (zilla) အဖြစ် ထပ်မံခွဲခြားထားပြီး ၂၀၁၆ ခုနှစ် စာရင်းများအရ ခရိုင် ၆၉၆ ခုရှိသည်။ ခရိုင်များကို ခရိုင်ရာဇဝတ်တရားသူကြီးများက အုပ်ချုပ်သည်။ ခရိုင်ခွဲများTehsils, talukas, mandals, sub-divisions, CD Blocks စသဖြင့် ပြည်နယ်အလိုက် အမျိုးမျိုး ခေါ်ဝေါ်ကြပြီး ယင်းတို့ကို Tehsildar သို့မဟုတ် Talukdar သို့မဟုတ် MRO သို့ Block Development Officer က အုပ်ချုပ်သည်။ ယင်းတို့တွင် ကျေးရွာများ သို့မဟုတ် ကျေးရွာအစုအဖွဲ့များ ပါဝင်သည်။ Tehsil အဆင့်ရှိ အစိုးရ/ ရွေးကောက်ခံအဖွဲ့ကို panchayat samiti ဟု ခေါ်သည်။ ပြည်နယ်များသည် ယင်းတို့၏ ခရိုင်ခွဲများကို အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြသည်။ အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်သည်။[၉]
ကျေးလက်နယ်အဆင့်ဘလောက်များဘလောက် (block) သို့မဟုတ် လူထုဖွံ့ဖြိုးရေးဘလောက် (Community development block) သို့မဟုတ် C.D.Block သည် tehsil အဆင့်အောက်ရှိ အုပ်ချုပ်ရေးအဆင့်တစ်ခု ဖြစ်သည်။
ကျေးရွာများကျေးရွာများသည် အိန္ဒိယနိုင်ငံ၏ နယ်မြေအပိုင်းအခြားတွင် အနိမ့်ဆုံးအဆင့် ဖြစ်သည်။ ကျေးရွာအဆင့်ရှိ အုပ်ချုပ်ရေးအဖွဲ့များကို Gram Panchayat ဟုခေါ်ပြီး ၂၀၀၂ ခုနှစ်တွင် ၂၅၆,၀၀၀ ရွာ ရှိသည်။ Gram Panchayat တစ်ခုစီသည် ကျေးရွာကြီးတစ်ခု သို့မဟုတ် လူဦးရေ ၅၀၀ ကျော်သော ကျေးရွာငယ်များ အစုတစ်ခုစီကို အုပ်ချုပ်သည်။ ကျေးရွာအစုများကို တစ်ခါတစ်ရံ Hobli သို့မဟုတ် Patti ဟု ခေါ်သည်။ Habitationsရွာသိမ်ရွာငယ် ဇနပုဒ်များကို "habitations" ဟု ခေါ်ဆိုပြီး အိန္ဒိယနိုင်ငံတွင် ၁,၇၁၄,၅၅၆ ခုရှိသည်။[၁၂] အချို့ပြည်နယ်များရှိ ကျေးရွာအများစုတွင် habitation တစ်ခုသာ ရှိသော်လည်း အချို့တွင် အများအပြားရှိသည်။[၁၃] မက်ထရိုပိုလစ် ဧရိယာအိန္ဒိယနိုင်ငံရှိ မက်ထရိုပိုလစ် မြို့များမှာ မွမ်ဘိုင်းမြို့၊ နယူးဒေလီမြို့၊ ကာလကတ္တားမြို့၊ ချန်နိုင်းမြို့၊ ပူနာမြို၊ ဟိုက်ဒရာဘတ်မြို့နှင့် ဘန်ဂလိုမြို့တို့ ဖြစ်ကြသည်။ ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia