နယူးဒေလီမြို့
နယူးဒေလီမြို့ (အင်္ဂလိပ်: New Delhi; /ˌnjuː ˈdɛli/ ( နယူးဒေလီမြို့ နေရာဒေသသည် ဘုရားရှင်လက်ထက်တော်မတိုင်မီကတည်းက ကုရုတိုင်း၊ ကမ္မာသဒမ္မနိဂုံး အမည်တွင်ခဲ့သည်။ အလောင်းတော် မဟာသုတမင်းဘဝက လူသားစား ပေါရိသာဒကို ဆုံးမရာ နေရာဒေသလည်းဖြစ်သည်။ ဘုရားရှင် လက်ထက်တော်က သတိပဋ္ဌာန်တရားကို ဤနယ်မြေရှိ ပုဂ္ဂိုလ်အသီးသီးသည် ထင်းခွေရေခပ်ရင်းနှင့်ပင် လက်တွေ့ ကျင့်သုံးခဲ့ကြသော ဓမ္မနယ်မြေကြီးဖြစ်ပြီး အရိယာပုဂ္ဂိုလ်အမြောက်အမြား ပေါ်ထွက်ခဲ့ကြသည်။ မာဂဏ္ဍီယသုတ်၊ မဟာနိဒါနသုတ် အစရှိသော လေးနက်သည့် သုတ္တန်ဒေသနာတော်များကို ဟောကြားခဲ့ရာ နေရာဒေသလည်းဖြစ်သည်။ မဟာသတိပဋ္ဌာနသုတ်ကို ဟောတော်မူရာ တောင်ကုန်းမှာ နယူးဒေလီ မြို့လယ်ခေါင်တွင် ဥယျာဉ်တစ်ခုအဖြစ်ဖြင့် တည်ရှိနေပြီးအလယ်တွင် ကျောက်ဆောင် ကျောက်တုံးကြီးများ ရှိသည်။ အသောကမင်းကြီး လက်ထက်ကတည်းက အသိအမှတ်ပြုခဲ့သော နေရာဖြစ်ကြောင်း ဆိုင်းဘုတ်ရေးထိုးထားသည်။[၃]
ကိုးကား
|
Portal di Ensiklopedia Dunia