အီရိဝမ် ယူစွပ်ဖ်
အီရိဝမ် ယူစွပ်ဖ် (အင်္ဂလိပ်: Erywan Yusof) သည် ဘရူနိုင်းဒါရုစလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သည်။၂၀၂၁ စစ်အာဏာသိမ်းမှုအပြီးတွင် အာဆီယံ၏ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသူလည်းဖြစ်သည်။ အီရိဝမ်ယူဆွပ်ဖ်သည် ၁၉၉၁ခုနှစ်တွင် ဗြိတိန်၊ ဝေလနိုင်ငံရှိ ဆွမ်ဆီးကောလိပ်မှ ဘွဲ့ရရှိခဲ့သည်။ သူသည် ၂၀၁၅ခုနှစ်မှစ၍ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဒုတိယဝန်ကြီး ဖြစ်လာခဲ့သည်။ အထူးကိုယ်စားလှယ်၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၂၀၂၁ခုနှစ် ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပသည့် တွေ့ဆုံပွဲတွင် အာဆီယံခေါင်းဆောင်များအကြား သဘောတူညီမှု (၅)ချက် ရရှိခဲ့ကြသည်။ ထိုအချက်များတွင် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်၏ အကူအညီနှင့် ဆွေးနွေးရေးလုပ်ငန်းစဉ်များ အကောင်အထည် ဖော်နိုင်ရန်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးရန်၊ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန်အတွက် အာဆီယံ အထူးကိုယ်စားလှယ်နှင့်အဖွဲ့ကို မြန်မာနိုင်ငံထံ စေလွှတ်ရန် စသည်တို့ပါဝင်သည်။ ထို့ကြောင့် အာဆီယံ၏ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် ခန့်အပ်ရန် ရွေးချယ်ခဲ့ကြသည်။[၁] အထူးကိုယ်စားလှယ်ခန့်အပ်ရန် အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြရပြီး ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဟောင်း Virasakdi Futrakul မှာ အထူးကိုယ်စားလှယ်ဖြစ်လာရန် နီးစပ်ခဲ့သော်လည်း ၂၀၂၁ခုနှစ် ဩဂုတ်လ (၄)ရက်နေ့တွင် အီရိဝမ်ယူဆွပ်ဖ်က ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။[၂][၃]တပ်မတော်မှလည်း ၎င်းကိုခန့်အပ်ခြင်းအပေါ် သဘောတူခဲ့ပြီး အိမ်စောင့်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အထူးကိုယ်စားလှယ်၏ စွမ်းဆောင်ရည်ကို ယုံကြည်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။[၄] ကိုးကား
|
Portal di Ensiklopedia Dunia