ဝဏ္ဏမောင်လွင်
ဦးဝဏ္ဏမောင်လွင် (၃၀ မေ ၁၉၅၂ မွေးဖွား[၂]) သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ် သည်။[၃]သူသည် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ၂၄ ဦးမြောက် နှင့် ၂၆ ဦးမြောက် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ခဲ့သည်။ ပထမအကြိမ်အနေဖြင့် ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ တာဝန်ယူခဲ့ပြီး၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အမိန့်အမှတ် (၆/၂၀၂၁) ဖြင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရကာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။ ထို့နောက်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၅/၂၀၂၃ ဖြင့် စစ်ကောင်စီအဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ဘဝအစနှင့် ပညာရေးဦးဝဏ္ဏမောင်လွင်ကို မွန်ပြည်နယ်၊ သထုံမြို့တွင် မွေးဖွားသည်။ ဖခင်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး မောင်လွင်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၁၉၆၉ ခုနှစ်မှ ၁၉၇၀ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၄]သူသည် ၁၉၇၁ ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၁၆ ကို တက်ရောက်ရာ စာပေထူးချွန်ဆု (ဝိဇ္ဇာ) ရသည်။[၂] အလုပ်အကိုင်၁၉၇၁ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ တပ်မတော်တွင် ကျင်လည်သည်။ ဒညင်းကုန်းရှိ အမှတ်(၆)ခြေလျင်တပ်ရင်း၌ တပ်ခွဲမှူး ဗိုလ်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရှိ သုတေသနဌာန၌ သုတေသနအရာရှိ၊ နမ့်ဆန်းရှိ အမှတ်(၆၆)ခြေလျင်တပ်ရင်း၌ ဒုတပ်ရင်းမှူး ဗိုလ်မှူး ရာထူးများ ထမ်းဆောင်ဖူးသည်။ ၂၀၀၀ ပြည့်တွင် သံတမန်လောကသို့ ရောက်လာသည်။ ၁၉၉၈ ခုနစ် ဇူလိုင်လမှ ၂၀၀၀ ခုနှစ် စက်တင်ဘာလအထိ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၀ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဘယ်လ်ဂျီယမ်နိုင်ငံနှင့် ဥရောပသမဂ္ဂ၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကုလသမဂ္ဂ အမြဲတမ်းဌာနေကိုယ်စားလှယ်အဖြစ် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့များတွင် အသီးသီး တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံရေး၂၀၁၁ ဦးသိန်းစိန် အစိုးရတက်လာချိန်တွင် သူသည် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဖြစ်လာကာ ၂၀၂၀ရွေးကောက်ပွဲတွင် သမ္မတဟောင်း ဦးသိန်းစိန် အနိုင်ရခဲ့ဖူးသည့် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲတွင် ၁၃၀၆၇မဲ[၅]သာ ရရှိခဲ့ပြီး အဓိကပြိုင်ဖက်ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးကျော်ထွေးအား ရှုံးနိမ့်ခဲ့သည်။ သို့သော် ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်မှ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပြီးနောက် ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမု၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီ တို့ဖြင့် တိတ်တဆိတ် အလွတ်သဘော သွားရောက် တွေ့ဆုံခဲ့သည်။[၆]ထို့အပြင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နှင့်လည်း ဒွန်မောင်းလေဆိပ်တွင် တွေ့ဆုံခဲ့သည်။ဤတွေ့ဆုံမှုများအား ပြည်တွင်းပြည်ပမီဒီယာများက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။[၇] ကိုးကား
|
Portal di Ensiklopedia Dunia